မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 29 March 2013

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ် အဖွဲ့အစည်းများ တွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် အတွင်း ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး နှင့် စည်းလုံး ညီ ညွတ်ရေး အတွက် အဖွဲ့အစည်းများ အချင်းချင်း ချစ်ကြည် ရင်းနှီးလျှက်၊ ယုံကြည်မှု ခိုင်မြဲစေရန် ရည် ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်သည့် ရှမ်းပြည်နယ်၊ ကယား ပြည်နယ် ငြိမ်းချမ်းရေး အတွက် ယုံကြည်မှု တည်ဆောက်ခြင်း Trust Building For Peace ဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက် ၁ ဘူတာလမ်းရှိ လားရှိုး မိုတယ်တွင် ၂၀-၃-၂၀၁၃ ရက်နေ့ နံ နက် ၉ နာရီတွင် ကျင်းပ ပြုလုပ်သည်။
ဆွေးနွေးပွဲ အခမ်းအနားသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဌ၊ သမ္မတရုံး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းနှင့် အဖွဲ့ဝင်များ ဖြစ်ကြသော လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီး ဦးခင်မောင်စိုး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း တို့နှင့်အတူ ဖိတ်ကြားထားသော နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများ၊ အထူး ဧည်သည်များ၊ သံတမန်များ တက် ရောက်သည်။
အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်ထွန်းဦးက အဖွင့် မိန့်ခွန်း ပြောကြားခြင်း၊ ပြည်ထောင်စု ၀န်ကြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ဦးအောင်မင်းက အမှာစကား ပြောကြားခြင်း၊ ကယားပြည်နယ် လွှတ်တော် ဥက္ကဌ ဦးကျော်ဆွေမှ ပေး ပို့သော သ၀ဏ်လွှာကို ကိုယ်စားလှယ် တစ်ဦမှ ဖတ်ကြားခြင်း၊ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်ကို ဆွေး နွေးပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ရှင်းလင်း ပြောကြားခြင်း၊ ငြိမ်းချမ်းရေး အတွက် ယုံ ကြည်မှု တည်ဆောက်ခြင်းနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းရေး ရယူ ထားသည့် အမြင် သဘောထားများ တင် ပြခဲ့ကြောင်း သတင်း ရရှိသည်။
ယင်း ဆွေးနွေးပွဲ အခမ်းအနားသို့ တက်ရောက် နိုင်ရန် အဖွဲ့အစည်း အသီးသီး ၂၅ ဖွဲ့ကို ဖိတ်ကြား ထားခဲ့ပြီး၊ ယင်းအဖွဲ့ များမှ အဖွဲ့ ၂၁ ဖွဲ့မှာ DNDP, INDP, KDUP, KNG, KNLP, KNP, KNPDP, KNPLF, KNSU, LNDP, NDAA, RCSS/SSA, SNDP, SNLD, DNDP, SSKDP, SSNPLO, SSPP/ SSA, TNP, UWSP/UWSA, WNUP, PNO မှ ကိုယ်စားလှယ်များ တက်ရောက် ကြကြောင်းနှင့် ဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် ရုပ်သိမ်းပြီး ဆွေးနွေးပွဲများကို နေ့လည် ၁၁ နာရီတွင် ပြန်လည် စတင်ကာ မတ်လ ၂၀/၂၁/၂၂ ရက်နေ့များအထိ ၃ ရက်ကြာ ကျင်းပ သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်