မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 31 March 2013

ဆီဘောက်ဆာယာဉ် ဆီထုတ်ရာမှ မီးလောင်မှုဖြစ်ပွား

ရှမ်းပြည်နယ် တောင်ကြီးမြို့ ကံကြီး ရပ်ကွက် တောင်ကြီး- ဟိုပုံး သွားလမ်း ဝင်းမေတ္တာ စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်၌ မတ် ၂၈ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ က ဆီဘောက်ဆာ ယာဉ်ဆီ ထုတ်ရာ ဆီထုတ် ပန့်ဂေါက် ပူပြီး မီး လောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဝင်းမေတ္တာ စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်သို့ စက်သုံးဆီ လာရောက် ပို့ဆောင်သော ယာဉ်အမှတ် ၁ခ/--- ယာဉ်မောင်း ကျော်မင်းထွန်း ဆီဘောက်စာ ၁၂ ဘီး အပြာရောင် ယာဉ်မှ စက်သုံး ဆီအား အဆိုပါ ဆိုင်မှ အလုပ် သမား ဖြစ်သူ ဟန်ဝင်းကျော် ၂၃ နှစ်(ဘ) ဦးကျော်ကျော်ဦး ဝင်းမေတ္တာ စက်သုံး ဆီ ရောင်းဝယ်ရေး ဆိုင်နေသူက ဆီထုတ် ပန့်ဂေါက်ဖြင့် ထုတ်ယူစဉ် ဆီထုတ် ပန့်ဂေါက် ပူလာသဖြင့် ပန့်ဂေါက်အား ပိတ်ပြီး မီးသတ် ဆေးဘူး သွားယူစဉ် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

မီးလောင်ရာ နေရာသို့   တောင်ကြီး ခရိုင် မီးသတ် ဦးစီးမှူး ၃ဝ ဦး၊ မြို့ပေါ် ရပ်ကွက် များမှ အရန် မီးသတ် တပ်ဖွဲ့ဝင် ၁ဝဝ ဦး၊ မြို့နယ် အုပ်ချုပ်ရေးမှူး ရုံးမှ ၃ဝ ဦး၊ တပ်မတော် သားများ၊ ရဲတပ် ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ များပူး ပေါင်း၍ မီးသတ်ကား ၁၁ စီး၊ ပြင်ပ ရေယာဉ် ၁ဝ စီး တို့ဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ရာ ညနေ ၆ နာရီတွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်း မှုနှင့် ပတ်သက်၍ စက်သုံးဆီ ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် သိန်း ၅ဝ ခန့် ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၁ဝ သိန်းခန့် ဖြစ်ပြီး လူထိခိုက် ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဟန်ဝင်းကျော် ၂၃ နှစ်(ဘ) ဦးကျော်ကျော်ဦး ဝင်းမေတ္တာ စက်သုံးဆီ ရောင်းဝယ်ရေး ဆိုင်နေသူ အား တောင် ကြီး အမှတ် (၁)ရဲစခန်းမှ (ပ) ၈ဝ/၂ဝ၁၃၊     ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၈၅ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

http://bit.ly/YTaKND

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်