မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 22 March 2013

ဆယ်တန်းကျောင်းသား ၃၇၅ ဦး လာရောက်ဖြေဆိုခြင်း မရှိခဲ့

==================================

မိတ္ထီလာမြို့တွင် ၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်အတွက် စာစစ်ဌာန(၈)ခု ထားရှိထားပြီး ဘောဂဗေဒ ဘာသာရပ် ဖြေဆိုသည့်နေ့တွင် ဖြေဆိုရန် စာရင်းရှိဦးရေ(၃၃၃၉)ဦး ရှိသော်လည်း(၂၉၆၄)ဦး လာရောက်ဖြေဆိုခဲ့ပြီး (၃၇၅)ဦး ဖြေဆိုရန် ပျက်ကွက်ခဲ့ကြောင်း သိရှိရသည်။

''အချို့ကျောင်းသားတွေက ကိုယ့်အိမ်မီးရှို့ခံရတဲ့အထဲမှာ ပါသွားလို့ စာမေးပွဲ သွားမဖြေကြတဲ့သူတွေလည်း ရှိပါတယ်။စာစစ်ဌာနတွေကတော့ ဘာမှမဖြစ်ပါဘူး။ကျောင်းသားတွေကို နီးစပ်ရာ စာစစ်ဌာနတွေမှာ ဖြေဆိုခွင့်ပြုခဲ့တာကလွဲလို့ ဘာမှမဖြစ်ခဲ့ပါဘူး'' ဟု မိတ္ထီလာမြို့နေ ဒေသခံတစ်ဦးက ဆိုသည်။

မနေ့ကတော့ မိတ္ထီလာမြို့မှာ ပထ၀ီဘာသာရပ် ဖြေဆိုမယ့်သူမရှိပါဘူး။ဒီနေ့ ဘောဂဗေဒဘာသာရပ် ဖြေဆိုတဲ့နေ့မှာတော့ ကျောင်းသားတွေ စိတ်အနှောင့်အယှက် မဖြစ်စေဖို့နဲ့ သွားရေးလာရေး အဆင်ပြေစေဖို့ ကိုယ်နဲ့နီးစပ်တဲ့ စာစစ်ဌာနမှာ ဖြေဆိုခွင့်ပေးခဲ့ပါတယ်''ဟု အ.ထ.က(၁) မိတ္ထီလာမြို့မှ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။

လေးဖက်ထောက် ငါးခြောက်။ (5+6=?)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်