မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 30 March 2013

ရွှေညောင်မြို့နယ်တွင် ၆ ဘီးယာဉ်ကြိတ်မိပြီး ၂ ဦးသေဆုံး

မတ်(၃၀)
တောင်ကြီး-ဟဲဟိုး ကားလမ်းပြုပြင်နေပုံ

ရှမ်းပြည်နယ်တောင်ပိုင်း ရွှေညောင်မြို့၊ တောင်လေးလုံးကျေးရွာအနီး တောင်ကြီး-ဟဲဟိုး ကားလမ်း မပေါ် တွင် မတ်လ ၂၉ ရက်နေ့က ဆိုင်ကယ်နှင့် ၆ ဘီး ယာဉ်တို့ တိုက်မိပြီး အမျိုးသား ၂ ဦး သေဆုံး သွား ခဲ့ကြောင်း သိရသည်။
မတ်လ ၂၉ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးကျော်မင်းဟန်နှင့် အခြားအမျိုးသားတစ်ဦးတို့ မောင်းနှင်လာသော HONDA ASTREA ဆိုင်ကယ်သည် တောင်ကြီး-ဟဲဟိုးကားလမ်း မိုင်တိုင်အမှတ်(၉၉/၂)အနီးတွင် အရှိန် မထိန်းနိုင်ဘဲ ဟဲဟိုးမှ တောင်ကြီးဘက်သို့ ယာဉ်မောင်း ဦးမောင်အေး(အောင်ပန်းမြို့နေသူ)  မောင်းနှင် လာသော တင်လဲရည်များတင်ဆောင်လာသည့် ၆ ဘီးယာဉ်အား ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းလာသော ဦးကျော်မင်းဟန်နှင့် ဆိုင်ကယ်နောက်မှစီးနင်း လာသူတို့ ၂ ဦးစလုံး ကားဘီးကြိတ်ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ တာဝန်ရှိသူများမှ သေဆုံးသူအလောင်းများအား တောင်ကြီးမြို့ စ၀်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးမောင်အေး အား ရွှေညောင်ရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
 

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်