မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 21 April 2013

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ 042-23844 ကို တိုင်ပါ

ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ 042-23844 ကို တိုင်ပါ ။

နေပြည်တော် ရဲတပ်ဖွဲ့ 067-550-333 ကိုလည်းတိုင်ပါ ။
အိမ်မဲမြို့နယ် သီးကွင်းကျေးရွာတွင် ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာဒေသ အာဏာပိုင်များကိုအသိပေးခြင်းမရှိဘဲအရက်သရေစာသောက်စားပြီးကျေးရွာအတွင်းသို့လက်နက်များဖြင့်ဝင်ရောက်ကာရွာသားတစ်ဦးကိုဝင်ရောက်ရှာဖွေခဲ့ကြောင်းသိရ

ဧရာဝတီတိုင်းဒေသကြီးမြောင်းမြခရိုင် အိမ်မဲမြို့နယ် သရက်ကုန်းကျေးရွာ အုပ်စုသီ့း်ကွင်းကျေးရွာတွင် ဧပြီလ၁၃ရက် မဟာသက်ြန် အကြို့နေ့ နေ့လည်၂နာရီခန့်တွင် သရက်ကုန်းကျေးရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်ဆယ်ဦး နှင့်အတူ ၄င်းတို့၏ဇနီးမယားများ၅ဦးက သီးကွင်းကျေးရွာရှိဒေသခံတစ်ဦးကိုသက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲလက်နက်များဖြင့်ဝင်ရောက်ရှာဖွေခဲ့ကြောင်းသတင်းရရှိသည်။

ဖြစ်ပွါးပုံမှာအဆိုပါနေ့ နေ့လည်၁နာရီခွဲခန့်တွင် သီးကွင်းကျေးရွာနေ ကိုကျော်သူဆိုသူနှင့် အရက်သရေစာသောက်စားထားသောအရပ်ဝတ်ဖြင့် သရက်ကုန်းရဲစခန်းမှ ရဲတပ်သားကိုရဲကိုဆိုသူတို့ ကိုကျော်သူ၏ ဦးလေးတော်စပ်သူဦးပေါက်စ၏ ကျေးရွာအလှုအတွက်အကြိုအပို့
လုပ်ပေးနေသောလှေကိုရေထဲမှ ရဲတပ်သားကိုရဲကိုမှ လိုက်လံဆွဲငင်ရာတွင် ကိုကျော်သူနှင့် ရဲတပ်သားကိုရဲကိုတို့နှစ်ဦး အပြန်အလှန်ထိုးနှက် ခဲ့ကြကြောင်း၊

အငြင်းပွါးမှု့ဖြစ်ပြီးကိုကျော်သူမှာကျေးရွာရှိအလှုတွင် ဝိုင်းဝန်းကူညီရန် ထွက်ခွါသွားကြောင်း၊နေ့လည်၂နာရီခန့်တွင် ရဲတပ်သားကိုရဲ ကိုနှင့်အတူသရက်ကုန်းရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်၉ဦး ၄င်းတို့၏ဇနီးမယား ၅ဦးနှင့်အတူစက်လှေဖြင့် သီးကွင်းကျေးရွာကိုရောက်ရှိလာပြီး သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကိုအကြောင်းမကြားဘဲ

ကိုကျော်သူ၏နေအိမ်ကိုလက်နက်များနှင့်တကွဝိုင်းကာဒုတပ်ကြပ်သက်ဝေလင်းဆိုသူမှ လက်နက်ကိုင်ကာနေအိမ်အတွင်းသို့ဝင်ရောက်၍ ကိုကျော်သူကိုထုတ်ပေးရန်ခိုင်းစေခဲ့ကြောင်း၊

အဆိုပါအချိန်တွင် ကိုကျော်သူမှာနေအိမ်တွင်မရှိဘဲကျေး ရွာဘုန်းကြီးကျောင်းရှိအလှုတွင်ရောက်ရှိနေကြောင်း ကိုကျော်သူ၏မိခင်ဒေါ်ညိုမှပြောကြားပြီး ကျေးရွာအုပ်ချုပ်ရေးမှုးကိုအသိပေးရန်နေအိမ်မှထွက်ခွါသွားကြောင်း၊

အဆိုပါနေအိမ်တွင် ကျန်ရှိခဲ့သူကိုကျော်သူ၏ညီတော်စပ်သူမောင်ထွန်းညွှန့် အသက်(၁၀)ကိုဒုတပ်ကြပ်သက်ဝေလင်းဆိုသူမှ ကိုင်ဆောင် လာသောသေနတ်ဖြင့် ချိန်ကာမင်းအစ်ကိုကိုထုတ်ပေးစမ်း ဟုဆိုကာခိုင်းစေခဲ့ကြောင်း

ကျေးရွာမှ ခွင့်ပြုချက်မရှိဘဲသေနတ်များနှင့် လျှောက်မချိန်ရန် ကိုကျော်သူတွင်အပြစ်ရှိသည်ဆိုပါကာကျေးရွာအုပ်ချုပ်ရေးမှူးကို
အကြောင်းကြားကာလာရောက် ဖမ်းဆီးပါရန် ယခုကဲ့သို့ ဆက်လက်လုပ်ဆောင်ပါကသက်ဆိုင်ရာသို့တိုင်ကြားမည်ဟု
ဝိုင်းဝန်းပြောကြားမှသာ ပြန်လည်ထွက်ခွါသွားကြကြောင်းသီးကွင်းကျေး
ရွာနေဒေသခံများမှသိရသည်။

“ကျွန်တော်ဦးလေးပေါက်စရဲ့ အလှုမှကူနေတဲ့လူတွေကူးနေ တဲ့လှေကိုသူကလာဆွဲလို့ ကျွန်တော်ကလှေမှောက်မှာ ဆိုးလို့တားတာကနေရန်ဖြစ်တာသူရဲမှန်းလဲကျွန်တော်မသိဘူး၊

မူးနေတာကတော့ အရက်နံကထွက်နေလို့သိတယ် အနားမှာသက်သေတွေလဲရှိတယ်”ဟုဝင်ရောက်အရှာဖွေခံရသူကိုကျော်သူကပြောသည်။

“ရဲကြီးကသားကိုသေနတ်နဲ့ချိန်ပြီးမင်းအစ်ကိုကိုဘယ်မှာဖွတ်ထားလဲ
ထုတ်ပေးစမ်းအခုထုတ်ပေးရင် တော်မယ်မဟုတ်ရင်မင်းအစ်ကိုပိုအပြစ်ကြီးသွားမယ်ဆိုပြီးခိုင်းတယ်”ဟုမောင်ထွန်းညွှန့်ကပြောသည်။

“သူတို့တွေလက်နက်တွေနဲ့ရွာထဲဝင်လာတော့ရွာကလူတွေတော်တော်ကြောက်သွားတယ်၊ပြီးတော့အကုန်လုံးကမူးနေကြတာ၊ ကျွှန်တော်က မင်းတို့တွေလာရင်လဲအုပ်ချုပ်ရေးမှူးကိုအကြောင်းကြားပြီးမှလာ ဒီလိုတော့ဒို့ရွာကိုမစော်ကားနဲ့ဆိုပြီးပြောတယ်၊

သူတို့လုပ်ပုံကတစ်ရွာလုံးထိပ်လန့်ကုန်တာပေါ့၊သူတို့ပြန်သွားပြီး အိမ်မဲမြို့နယ်အုပ်ချုပ်ရေးမှူးကိုလှမ်းပြီးတိုင်တော့ ညနေဖက်မှာညှိနှိုင်းရအောင်ဆိုပြီးစခန်းမှူးကခေါ်တယ်၊

ဘယ်မှာလဲမေးတော့ အရက်ဆိုင်မှာလို့ပြောတာနဲ့ကျွန်တော် မသွားတော့ဘူး”ဟုမျက်မြင်တွေ့ရှိသူ ယခင်သီးကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းဦးမောင်အုန်းကပြောသည်။

အထက်ပါသတင်းအကြောင်းအရာနှင့် ပက်သက်၍ သရက်ကုန်းကျေး ရွာရဲစခန်းသို့၊ဧပြီလ၁၉ရက်နေ့ နေ့၁၁နာရီခွဲခန့်တွင် ဆက်သွယ်မေးမြန်း ရာတွင် တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးမှ တာဝန်မှူးမရှိဟုဆိုကာနောက် မှပြန်ဆက်ရန်ပြောဆိုပြီးထပ်မံဆက်သွယ်ရာတွင် ဖုန်းမကိုင်ခြင်း စက်ပိတ်ထားခြင်းများပြုလုပ်ခဲ့သောကြောင့်၊အိမ်မဲမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး
သို့ဆက်သွယ်မေးမြန်းရာတွင် 

“ကျွန်တော်တို့ရဲတပ်ဖွဲ့ဆီကိုတော့ ကြေးနန်းတက်ထားခြင်းမရှိသေးပါဘူး၊သိချင်ရင်တော့ သရက်ကုန်းရဲစခန်းကိုလာမေးပါ”ဟုတာဝန်ကျ ရဲတပ်ဖွဲ့တစ်ဦးမှ ဧပြီလ၁၉ရက်နေ့ နေ့လည်၁၂နာရီခန့်တွင်ဖြေကြားခဲ့သည်။

Posted From Myaung Mya City Media
အိမ်မဲမြို့နယ် သီးကွင်းကျေးရွာတွင် ရဲတပ်ဖွဲ့မှ သက်ဆိုင်ရာဒေသ အာဏာပိုင်များကိုအသိပေးခြင်းမရှ
ိဘဲအရက်သရေစာသောက်စားပြီးကျေးရွာအတွင်းသို့လက်နက်များဖြင့်ဝင်ရောက်ကာရွာသားတစ်ဦးကိုဝင်ရောက်ရှာဖွေခဲ့ကြောင်းသိရ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်