မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 12 April 2013

Photo: ထမ်ဆမ်းဂူ

ထမ်စမ်းဂူသည် ပြည်တွင်းပြည်ပ ခရီးသွားများ စိတ်ဝင်တစား လေ့လာလျက် ရှိသော သဘာဝ လိုဏ်ဂူ ဖြစ်သည်။

အဆိုပါ ထမ်စမ်းဂူသို့  တောင်ကြီးမြို့မှ သွားပါက တောင်ကြီး- ကျိုင်းတုံ-တာချီလိတ် ကားလမ်း အတိုင်းသွားရပြီး တောင်ကြီးမှ ဟိုပုံးမြို့သို့ ၁၂ မိုင် သွားရပြီး ဟိုပုံးမြို့မှ ၁၄ မိုင် ထပ်မံ သွားရသည်။

ထမ်စမ်း လိုဏ်ဂူ၏ နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော ဆင်ရုပ်များ ကိုလေ့လာ နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ယင်းဂူကို ရှမ်းဘာသာ စကား အရ ''ထမ်''သည်''ဂူ''ဖြစ်ပြီး ''ဆမ်'' သည်''ဆင်''ဖြစ်သဖြင့် ဆင်ဂူဟု ခေါ်ဆို ခဲ့ခြင်းဖြစ်သည်။

ဂူ၏ အပေါ်ဘက်ရှိ ကျောက်စက် ပန်းဆွဲများက ကျလာသော ကျောက်စက်ရေ များသည် အောက်ဘက်ရှိ ကျောက်ဆိုင် ခဲများပေါ်သို့ ကျရောက်ပြီး တဖြည်းဖြည်း ကျောက်များ ဆက်သွားကြသည် ဟု သိရသည်။

ထို့ကြောင့် ဘုရားဖူး လာရောက်ကြသော ပြည်တွင်းပြည်ပ ခရီးသွားများက ထိုဂူသို့ ရောက်ရှိခြင်း အထိမ်းအမှတ်အဖြစ် ကျောက် တုံး၊ ကျောက်ခဲ က လေးများကို ဆင့်၍ထား ရှိခဲ့ကြသည်။ ယင်းကျောက်ခဲကလေး များ အပေါ်သို့ ကျောက်စက် ပန်းဆွဲများမှ ကျောက်စက် ရေများကျ၍ တိုက်စားထိစပ်ပြီး ကျောက်ဆိုင် ခဲများဖြစ်သွား ကြရာမှ ကျောက်စက် မိုးမျှော်များဖြစ် သွားကြသည်ဟု သိရသည်။ အလားတူ ဂူ၏ အတွင်းပိုင်းမှ စီးဆင်းလာသော ရေချောင်းများမှ ရွှံ့သဲများကိုယူ၍ ဂူနံရံများတွင် စေတီပုံများ တည်၍ ရောက်ရှိခြင်း အထိမ်းအမှတ် ပြူလုပ်ကြသည်။

လိုဏ်ဂူ အပေါ်ဘက် နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေ သည့် ရွှေထီး၊ ငွေ ထီး တော်ကိုလည်း ထူးခြားစွာ ဖူးတွေ့ရသည်။

ထို့အပြင် သဘာဝ ကျောက်စိန်ဖူးတော် ကိုလည်း ဖူးမြော်နိုင်ပြီး ၎င်းစိန်ဖူးတော် ၏ အနောက်ဘက်ရှိ သဘာဝကျောက် ဆိုင်များ၏
လှပမှုက ဆေးခြယ်ထား သည်ဟု အငြင်းပွားရ လောက်အောင် ထူးခြားစွာ တွေ့ရမည် ဖြစ်သည်။

ထမ်စမ်းဂူသည် ဟိုပုံး ကိုရင်လေး ကျောင်းနှင့် မနီးမဝေးတွင် တည်ရှိသဖြင့် ဟိုပုံး ကိုရင်လေး ရှင်ပေါရိဿက ဘုရားဖူး လာရောက်
သူများကို ကြုံကြိုက်ပါက ငါးပါးသီလများ ဆောက်တည် ပေးလျက် ရှိကြောင်းနှင့် ကြုံကြိုက်မှု မရှိပါက
အဆိုပါကျောင်းသို့ သွားရောက်ဖူးမြော် နိုင်ကြောင်း သိရသည်။

ထမ်စမ်းဂူသို့ ရောက်ရှိပါက ဗုဒ္ဓရုပ် ပွားတော်များ၊ စေတီတော်များ၊ ရဟန္တာ အရှင်မြတ် ရုပ်တုတော် များကို ဖူးမြော်နိုင်ပြီး အခြား သဘာဝ အလျောက်ဖြစ်ပေါ် နေသည့် လေ့လာစရာများ ရှိကာ ဘုရားဖူးလာရင်း တရား ဘာဝနာပွား များ အားထုတ် လိုသူများ အတွက် အေးချမ်းမှုများ ပေးစွမ်းနေသော သဘာဝ လိုဏ်ဂူတော် ဖြစ်သည်။

ဓါတ်ပုံများ ပြန်လည်မျှဝေခွင့်ပေးသော ကိုမောင်ငယ်(တောင်ကြီး) အားကျေးဇူးတင်လျှက်

ဓါတ်ပုံ-ကိုမောင်ငယ်

မြန်မာတို့ရဲ့ ယဉ်ကျေးမှု အမွေအနှစ်များ

......................................................
Copy and Credit to 
Myawaddy News ဧပြီ(၁၂)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်