မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 3 April 2013

TNLA အဖွဲ့မှ ရွာသား(၂)ဦးအား အကြောင်းမဲ့သတ်ဖြတ်

TNLA အဖွဲ့မှ ရွာသား(၂)ဦးအား အကြောင်းမဲ့ သတ်ဖြတ်ပြီးနောက်ပိုင်း နယ်မြေခံတပ်များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား


ဧပြီ(၃)
ဦးစိန်မောင်နှင့်  စိုင်းမြင့်အောင်တို့အားTNLA အဖွဲ့မှရက်ရက်စက်စက် သတ်ဖြတ်ထားပုံ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် အစိုးရနယ်မြေခံတပ်များနှင့် TNLA အဖွဲ့တို့ ယနေ့အထိ တိုက်ပွဲ များဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
နမ့်ဆန်မြို့နယ်၊ မန်လုံကျေးရွာအုပ်စု၊ တာလိတ်ကျေးရွာမှ ရွာသား(၂)ဦးအား မတ်လအတွင်းက TNLA အဖွဲ့က အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ဒေသခံရွာသားများက မကျေနပ်သော် လည်း ခေါင်းငုံ့ငြိမ် နေခဲ့ကြရသည်ဟု တာလိတ်ရွာသားတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ ထိုရွာသားက “ရွာထဲ ကို ပလောင်အဖွဲ့က မတ်လထဲမှာ သေနတ်တွေပစ်ဖောက်ပြီး ရောက်လာတယ်။ အဲဒီအဖွဲ့က လှမောင် ကို လူသစ်အဖြစ်ခေါ်ဖို့လာတာ၊ လှမောင်ကလည်း အဲဒီအဖွဲ့ထဲ မလိုက်ချင်တော့ ထွက်ပြေးနေတယ်။ သူ့ကို မတွေ့လို့ဆိုပြီး သူ့အဖေ ဦးစိန်မောင်နဲ့ ၀မ်းကွဲအစ်ကို စိုင်းမြင့်အောင်တို့ကို ဖမ်းသွားတယ်။ ဖမ်းသွားပြီး (၅)ရက်လောက်အကြာမှာဘဲ ပလောင်အဖွဲ့က သတ်ထားတဲ့ ကိုစိန်မောင် နဲ့ စိုင်းမြင့်အောင်တို့ အလောင်း တွေ ကို လက်ပြန်ကြိုးတုပ်ရက်သား ရွာမြောက်ဘက်တောစပ် မှာ တွေ့ရတာဘဲ။ သေနတ် ဒဏ်ရာတွေနဲ့ မြင်ရက်စရာမရှိပါဘူးဗျာ။ အဲဒီပလောင်အဖွဲ့က ကျွန်တော် တို့ဒေသခံ ရွာသားတွေအပေါ် အမြဲတမ်း အနိုင်ကျင့် နေတာ” ဟု ဆက်လက်ပြောပြသည်။
ဥပဒေနှင့်အညီအချိန်မီတားဆီးပေးရန် ဒေသခံများကလိုလားနေကြသည်ဟု ဒေသခံတစ်ဦး၏  ပြောပြ
ချက်အရသိရှိရပါသည်။ လူသစ်စုဆောင်းပြီး အနိုင်ကျင့် သတ်ဖြတ်ခြင်းသည် TNLA အနေဖြင့် တရား ဥပဒေမဲ့ လုပ်ရပ်ကို ကျူးလွန် ခဲ့ခြင်းဖြစ်ပါသည်။ TNLA အနေဖြင့် နယ်မြေခံ တပ်ရင်းများ၏ နယ်မြေ လုံခြုံရေးတာဝန် ထမ်းဆောင်နေမှုအပေါ် ကိုယ်ကျူးလွန်ထားသော အမှု များပေါ်ပေါက်မည်ကို စိုးရိမ် သဖြင့် အကြောင်းအမျိုးမျိုးပြကာ တိုက်ပွဲများဖြစ် အောင် ပစ်ခတ်နေ ခြင်းဖြစ်ပါသည်။ TNLA စိုးမိုး လှုပ်ရှားနေသော ရွာများမှ ဒေသခံပြည်သူများသည် တာလိတ် ရွာသား(၂)ဦးကဲ့သို့ အကြောင်းမဲ့ သတ်ဖြတ်ခံရမှာကို ကြောက်လန့်နေကြပြီး အတင်း အဓမ္မလူသစ်အဖြစ် ခေါ်သွားမှာကိုလည်း ထိတ်လန့်နေကြကြောင်းTNLA အဖွဲ့၏ အကြမ်းဖက်အနိုင်ကျင့်လုပ်ရပ်များကို တရားဥပဒေနှင့်အညီ အချိန်မီတားဆီးပေးရန် ဒေသခံများက လိုလားနေကြသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်