မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 22 April 2013

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ

OIC ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရန်ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ် 
ဟူ၍ နိုင်ငံတော်သမ္မတရုံးက ၂၀၁၂ ခုနှစ်  အောက်တိုဘာလ ၁၅ ရက်နေ့တွင် ထုတ်ပြန် 
ထားပြီး ဖြစ်ခြင်း
===================================================

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံအများ ပူးပေါင်းဆောင်ရွက်ရာတွင် နားလည်မှု စာချွန်လွှာ MoU လက်မှတ်ရေးထိုးခြင်းနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတက အောက်ဖော်ပြပါ လမ်းညွှန်ချက်များ ချမှတ်ပေးထားပြီး ယင်းလမ်းညွှန်ချက်များအတိုင်း တိတိ ကျကျ ဆောင်ရွက်စေလျက် ရှိသည်-

- နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊

- အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊

- နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊

- နိုင်ငံတော်၏ သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။        

ပြည်သူလူထုအကြားတွင် ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိသော မြန်မာနိုင်ငံတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် ဆက်သွယ်ဆောင်ရွက်ရန် OIC ရုံး ဖွင့်လှစ်မည့် သတင်းနှင့် စပ်လျဉ်း၍ ၄င်းရုံး ဖွင့်လှစ်ရန် ကိစ္စမှာ ပြည်သူ့ဆန္ဒနှင့် မကိုက်ညီသဖြင့် ခွင့်ပြုမည် မဟုတ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သိရှိရသည်။ 

(အထက်ပါ ကြေညာချက်မှာ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်  အောက်တိုဘာလ ၁၅ ရက်နေ့ ထုတ်ပြန်ချက် ဖြစ်ပါသည်။ ယင်းကြေညာချက်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့ပြီး ဖြစ် ပါသည်။) 

View Original Source : http://www.president-office.gov.mm/zg/briefing-room/news/2012/10/15/id-1476

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်