မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 3 April 2013

ဟွာဝေး ဆားဗစ်စင်တာ ရန်ကုန်နှင့် မန်းတွင် အရင်တည်မည်

ဟွာဝေး ဆားဗစ်စင်တာ ရန်ကုန်နှင့် မန်းတွင် အရင်တည်မည်


ဧပြီ(၄)

မိုဘိုင်း ဆားဗစ်စင်တာများကို ရန်ကုန်နှင့် မန္တလေးတွင် ဦးစွာ တည်ဆောက်၍ နှစ်မြို့ပေါင်း ၁၀ ဆိုင်ထားရှိမည်ဟု ဟွာဝေးနည်းပညာ ကုမ္ပဏီမှ သိရသည်။ လက်ရှိ ဟွာဝေးနှင့် Elite တို့ ပူးပေါင်း၍ ဟွာဝေးမိုဘိုင်း ဆားဗစ်စင်တာများကို မြို့ငါးမြို့တွင် ၂၀ နီးပါး တည်ဆောက်သွားမည်ဟု အဆိုပါကုမ္ပဏီများထံမှ သိရသည်။ “အရင်ဆုံး တည်ဆောက်မယ့် မြို့နှစ်မြို့မှာ တစ်မြို့ကို ဆိုင်ငါးဆိုင်လောက် ထားရှိသွားမှာပါ။ ကျန်တဲ့မြို့တွေကတော့ နှစ်ဆိုင်လောက်ပဲ ထားပြီး ဖွင့်လှစ်သွားမှာပါ” ဟု ဟွာဝေးနည်းပညာ ကုမ္ပဏီ ဒါရိုက်တာ
Roson Luo က ပြောသည်။ ဆားဗစ်စင်တာများ တည်ဆောက်ရာတွင်လည်း မိုဘိုင်းဖုန်း အရောင်းဆိုင်များ အတွင်း၌သာ ထားရှိသွားမည်ဖြစ်ကြောင်း၊ ဆားဗစ်လုပ်ငန်းနှင့်အတူ သင်တန်းများကိုလည်း ဖွင့်လှစ်ပေးသွားရန်ရှိကြောင်း ၄င်းကဆက်လက် ပြောသည်။ “ဟွာဝေး အမှတ်တံဆိပ်ကို ကိုင်တဲ့လူတွေ အတွက် အခုလို စင်တာတွေ ဖွင့်ဖို့ စီစဉ်နေတာပါ။ စင်တာဖွင့်တဲ့အခါမှာလည်း ဟွာဝေးဖုန်းတွေကို အာမခံပေးပြီး ရောင်းသွားဖို့ ရှိပါတယ်” ဟု ၄င်းကဆက်လက် ပြောသည်။ အာမခံပေးရာတွင်လည်း တစ်နှစ် ပေးသွားမည် ဖြစ်ကြောင်း၊ အာမခံကတ်ပြားများကို ဆိုင်ကြီးများနှင့် ဆားဗစ်စင်တာ ရှိသည့် အရောင်းဆိုင်များတွင် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ ဈေးကွက်အတွင်း ရောင်းချထားသည့် ဟန်းဆက်များကိုမူ သက်သာသည့်နှုန်းဖြင့် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။ အဆိုပါ မိုဘိုင်းဆားဗစ် စင်တာများကို ဇွန်လတွင် စတင်တည်ဆောက်သွားမည် ဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပြင် နေပြည်တော်၊ မကွေး၊ တောင်ကြီးမြို့များတွင်လည်း ထပ်မံထားရှိသွားမည် ဖြစ်သည်။ မိုဘိုင်းဆားဗစ် စင်တာနှင့် ပတ်သက်၍ ဟွာဝေးနှင့် ပူးပေါင်းလုပ်ကိုင်မည့် Elite မှ ဒုတိယအထွေထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ဆားဗစ်စင်တာများဖွင့်ရာတွင် ကုမ္ပဏီအနေဖြင့် စင်တာများတွင် ဟန်းဆက်ရောင်းချမှု များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရောင်းရာတွင်လည်း အာမခံဖြင့် ရောင်းပေးမည်ဖြစ်ကြောင်း၊ အာမခံ သက်တမ်းအတွင်း ဆော့ဖ်ဝဲကြောင့် ဟန်းဆက် တစ်စုံတစ်ခုဖြစ်လျှင် အသစ်တစ်လုံးဖြင့် လဲလှယ်ပေးသည်အထိ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်