မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 12 April 2013

မြန်မာဆန်ဆန် သီးသန့်မဏ္ဍပ်နဲ့ ရေကစားကြမယ်


ဧပြီ(၁၂)
မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ရောက်တိုင်း လွန်ခဲ့တဲ့နှစ်တော်တော်များများမှာ သရုပ်ပျက် ၀တ်စား ဆင်ယင်မှုတွေကြောင့် မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်နေစေခဲ့တာ ကြာပါပြီ။ 

ဒါကြောင့် အခုနှစ်ကျရောက်မယ့် အတာသင်္ကြန်ကို မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုတွေ ၀တ်ဆင် ရင်း၊ မြန်မာ့ ဓလေ့ ရိုးရာအတိုင်း သင်္ကြန် ထမင်း၊ ဟင်းတွေကျွေးမွေးပြီး သင်္ကြန် သီးသန့် မဏ္ဍပ်တခု အနေနဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်မှာ လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ ယနေ့ ကြေးမုံသတင်း မှာ ရေးသားထားပါတယ်။
မြန်မာ့ရိုးရာ မြန်မာဆန်ဆန် ၀တ်ဆင်မှုတွေဝတ်ဆင်ကြမယ့် အမျိုးသမီး လှပျိုဖြူတွေ သီးသန့် ရေကစား မဏ္ဍပ်ကိုတော့ ကျောက်တံတာမြို့နယ်။ ဗိုလ်အောင်ကျော်လမ်းနဲ့ အနော်ရထာလမ်းထောင်အနီးမှာ သျှိုင်း ရေကစားမဏ္ဍပ်အမည်နဲ့ စီစဉ်ထားတာဖြစ်ပြီး သရုပ်ဆောင် ဝေဠုကျော်အပါအ၀င် ရုပ်ရှင် အနုပညာ ရှင်တွေ နေ့စဉ် ဖျော်ဖြေကြမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ် စတဲ့  ရိုးရာ သင်္ကြန်အစားအသောက်တွေလည်း သင်္ကြန်ပျော်ကြသူတွေ အတွက် အလှူအဖြစ်နဲ့ ကျွေးမွေး ဧည့်ခံသွားမှာဖြစ်တယ်လို့လည်း သျှိုင်း ရေကစားမဏ္ဍပ်ကို စီစဉ်သူ တဦးဖြစ်တဲ့ ၀ါဝါသန်း အလှပြုပြင်ရေးက ဒေါ်သန်းသန်းအေးကို ကိုးကားပြီး ကြေးမုံက ဖော်ပြထားပါတယ်။
ကဲ သင်္ကြန်ရနံ့တွေ ထုံမွှေးနေမယ့် သျှားရေကစား မဏ္ဍပ်ကို သွားလိုသူတွေအတွက် ဧရာဝတီက သတင်းကောင်း ပါးလိုက်ခြင်းပါ။
ဧရာဝတီ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်