မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 3 April 2013

လူမှုကူညီရေးအသင်း၊တာချီလိတ် မှ အလှူငွေ(၁၁)သိန်းလှူဒါန်း Photo Photoမိထ္ထီလာမြို့ ဒုက္ခသည်ပြည်သူများအတွက်


PhotoPhoto
Photoမိထ္ထီလာမြို့ ဒုက္ခသည်ပြည်သူများအတွက် လူမှုကူညီရေးအသင်း၊တာချီလိတ် မှ အလှူငွေ(၁၁)သိန်းလှူဒါန်း '
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို လူမှုကူညီရေးအသင်းမှ ကော်မတီဝင်များ
အသင်းသားများနှင့် မိသားစုများမှ မိထ္ထီလာမြို့ရှိဒုက္ခသည်ပြည်သူများဆီသို့ အလှူငွေ
ကျပ်(၁၁)သိန်းလှူဒါန်းခြင်းကို ယနေ့ ၃-၄-၂၀၁၃ ရက်နေ့၊နံနက်(၁၀း၃၀)အချိန်မှာ
မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီရုံးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေး မှ လှူဒါန်းပွဲပြုလုပ်ခြင်း
နှင့် လာရောက်လှူဒါန်းသော လူမှုကူညီရေးအသင်း ကော်မတီများ၊အသင်းသားများကို
ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး လူမှုကူညီရေးအသင်း

ဥက္ကဌ ဦးစိုင်းကျော်ဇံ၊ ဒု-ဥက္ကဌ ဦးဘိုစံ နှင့်
ကော်မတီများအသင်းသားများမှ အလှူငွေကိုပေးအပ်လှူဒါန်းရာ ခရိုင်အုပ်ချုပ်ရေးမှူး
ဦးသောင်းတင်ထွေး၊ မြို့နယ်အုပ်ချု့ပ်ရေးမှူး ဦးရဲထူး တို့ကလက်ခံရရှိပြီး ငွေအားမိထ္ထီလာ
ကမ္ဘောဇဘဏ်သို့ ချက်ခြင်းလွှဲပြောင်းလှူဒါန်းခဲ့ကြောင်း အခမ်းအနားပြီးနောက် လူမှုကူ
ညီရေးအသင်း ဥက္ကဌ ဦးစိုင်းကျော်ဇံ မှ လူမှုကူညီရေးအသင်းအတွက် အလှူငွေထိုင်း
ဘတ်ငွေ(၁)သောင်းပေးအပ်လှူဒါန်းရာ ဒု-ဥက္ကဌ ဦးဘိုစံ ၊ဘဏ္ဍာရေးမှူး ဦးကျော်သန်း
တို့က လက်ခံရရှိခဲ့ကြောင်း အခမ်းအနားသို့ လူမှုကူညီရေးအသင်းဝင်အင်အား(၁၀၀)
ကျော်တက်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်