မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 23 April 2013

ယဉ်ယဉ်ကျေးကျေး ပြောပြပါ

ယဉ်ယဉ်ကျေးကျေး ပြောပြပါ
==================
၂နှစ် သမီးအရွယ်မှာ ဖခင်ဆုံးသည်။ ကိုယ်က အကျယ်ချုပ်ကျချိန်မှာ ခင်ပွန်းဆုံးသည်။ မိဘဆုံး၊ ခင်ပွန်းဆုံး၊ သားတစ်ကွဲ အမေတစ်ကွဲ နေရသည့်ဘ၀သည် ကံကောင်းခြင်းလား။ သို့သော် ကုသိုလ်ကောင်းမှုများ ပြုလုပ်ဖို့ သတိမရ။ ကံကံ၏ အကျိုးကို ယုံကြည်ပါက ဒီအကြောင်းအရာပေါ်တွင် ယဉ်ယဉ်ကျေးကျေး ပြောပြပါ။ မယုံ ကြည်လျှင်တော့ ဒီအပိုဒ်ကို ကျော်သွားလိုက်ပါ။

မိခင်နဲ့အတူ နိုင်ငံခြားကို ပါသွားတယ်။ မိခင်ပြန်လာတော့ မပါလာဘူး။ ပညာရေးနဲ့ စာတမ်းပြုစုတာတွေ လုပ် ချင်လို့ ဆိုပြီး ပြောနိုင်ပါတယ်။ အောက်စဖို့ဒ် တက္ကသိုလ် ဒုတိယနှစ်တွင် ပါကစ္စတန်သားနှင့် ရည်းစားဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် အသက် ၂၇ နှစ် အရွယ်မှာ ဘူတန်နိုင်ငံတွင် အင်္ဂလန် နိုင်ငံသားနှင့် လက်ထပ်ခဲ့သည်။ မြန်မာ မဟုတ်သူများနှင့် အိုးချင်းထား အိုးချင်းထိခဲ့တာ အခြေအနေအရလို့ ဆိုလိုပါသလား။ နိုင်ငံခြားမှာ အနေကြာလို့  နိုင်ငံခြားသားနဲ့ ယူတာ အပြစ်မဟုတ်ဘူးဆိုရင်တော့ ဘာမှ ပြောစရာ မရှိပါဘူး။

အသက် ၄၁ နှစ် အရွယ်တွင် မိခင်ဖြစ်သူ မကျန်းမာသဖြင့် မြန်မာနိုင်ငံ ပြန်လာသည်။ မိခင်ဆုံးသည်။ နိုင်ငံရေး လောကထဲေ၇ာက်လာသည်။ ၈၈ ဆူပူမှုများနှင့် ဆက်စပ်ကာ နေအိမ်အကျယ်ချုပ်ကျသည်။ အာဏာသိမ်း အစိုးရမှ ရွေးကောက်ပွဲ ပြုလုပ်သည့်အခါ ၀င်ရောက် အရွေးခံရန် လုပ်သော်လည်း ဗဟန်းမြို့နယ်၊ မဲဆန္ဒနယ်မှ ဦး လဘန်ဂရောင် ဆိုသူက ကန့်ကွက်ခဲ့သည်။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၁၀(င) နှင့် ငြိစွန်းသည်ဟု ဆိုကာ ၀င်ရောက် ယှဉ်ပြိုင်ခွင့် မရ။ အသက် ၄၁ နှစ် အရွယ်ထိ နိုင်ငံရေး သိပံဘာသာရပ် သင်ကြားခဲ့သည်မှလွဲ၍ မြန်မာ့နိုင်ငံရေးကို စိတ်မ၀င်စားခဲ့။ ထိုအချိန်တွင် မြန်မာနိုင်ငံ မပြန်လာခဲ့ပါက ဘာမှဖြစ်လာမည် မဟုတ်။ ဒါဖြင့် လူတစ်ယောက်၏ အသက် ၄၁ တွင်မှ နိုင်ငံရေး ဘ၀ စတင်ခြင်းကို ဘယ်လိုပြောမလဲ။  ထိုအချိန်က သူမ ဘာကြောင့် ရွေးကောက်ပွဲဝင်ခွင့် မရခြင်းကို ဘယ်လို သုံးသပ်မလဲ။

နိုင်ငံရေး လောကကို ၀င်ရောက်ပြီး ၂ နှစ်အကြာတွင် နိုဘယ်ဆုနှင့် အတူ ဒေါ်လာ ၁.၃ သန်း ရခဲ့သည်။ ထိုနောက်တော့ ဆုပေါင်းများစွာ ရခဲ့သည်။ သူမသည် တိုင်းရင်းသားများ လက်နက်စွန့်ရန် မတောင်းဆိုဖူးယုံ မက သူမပါတီမှ လူအများ ထိုစဉ်က ကေအန်ယူတို့၏ မာနယ်ပလော စခန်းသို့ ရောက်ခြင်း၊ ကျောင်းသား အမည်ခံ အကြမ်းဖက်သမားများ သူမနှင့် ဆက်သွယ်ခြင်းတို့အတွက်လည်း တားဆီးခြင်း မရှိခဲ့။ ပြီးခဲ့သည့် ကာလအတွင်း ပြည်တွင်း မတိုးတက်မှုများတွင် ပူးပေါင်းဆောင်ရွက်ခြင်းကို ဆန့်ကျင်သည့် သူမတွင်လည်း အထိုက်အလျောက်တာဝန် ရှိခဲ့သည်ဆိုပါက ဘာပြောမလဲ။

၂၀၀၂ ခုနှစ်တွင် သူမ အကျယ်ချုပ်မှ လွတ်ကာ မြန်မာနိုင်ငံအနှံ့ ခရီးထွက်သည်။ သွားလေရာ ဆိုင်ကယ် တရုံး၊ ကား တရုံးရုံးဖြစ်ခဲ့ကာ ပိတ်ဆို့မှုများ ဖြစ်ခဲ့သည်။ ထိုနောက်ပိုင်းတွင်လည်း ပူးပေါင်းဆောင်ရွက်ရန် အတွက် ယခင် အစိုးရမှ ဆက်ဆံရေး ၀န်ကြီး တစ်ဦးထားခဲ့ကာ ကမ်းလှမ်းခဲ့သည်။ ထိုစဉ်က တိုင်းပြည် တိုးတက်မယ့် အရေးအတွက် မည်သို့ဆောင်ရွက်ချက်၊ မည်သို့ ပြောဆိုချက်များ လုပ်ဆောင်ခဲ့ပါသလဲ။ ရန်ကုန် ဆေးရုံကြီးကို ပြင်ဆင်သင့်တယ် ဆိုတဲ့ စကားလုံး သူမ ပြောခဲ့လျှင် ထိုခေတ်အနေအထားအရ ရန်ကုန် ဆေးရုံ ကြီး ရွှေတောင်ကွပ် ထားနိုင်သည်။ ချင်းတောင်တန်းတွင် လမ်းဖောက်သင့်သည် ပြောလျှင် ကမ္ဘာ့အမြန်ဆုံး ဖောက်လုပ်ပြီးသည့် လမ်းသည် ချင်းတောင်တန်းမှ အမြန်လမ်း ဖြစ်နိုင်သည်။ သို့သော် ထိုအချိန်က သူမ ပြော သည်ကလည်း အာဏာပင် ဖြစ်သည်။ ထို ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ခဲ့ခြင်းကို မည်သို့ ပြောမလဲ။

အကျယ်ချုပ် ကျစဉ်အတွင်း ဂျွန်ယက်တော့ အိမ်ထဲခိုးဝင်သည်။ မည်သည့် အကြောင်းကိစ္စမှ မယ်မယ်ရရ မရှိ။ ထိုအတွက် သက်တမ်းတိုးသည်။ ထိုစဉ် ရွေးကောက်ပွဲလုပ်သည်။ အန်အယ်ဒီ မှတ်ပုံမတင်။ လုံးဝ လက်မခံဟု ငြင်းခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရွေးကောက်ပွဲ ၀င်ခဲ့သည်။ ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ သို့သော် ကျိန် ဆိုခဲ့သည့် ကျမ်းသစ္စာကို ဖောက်ဖျက်ပြောဆိုမှုများ ရှိနေသည်။ ကိုယ်တိုင် ကျိန်ဆို ကတိပြုပြီး လွှတ်တော်ထဲ ၀င်ရောက်ပြီးကာမှ ကိုယ်တိုင် ပြန်ဖျက်ဖို့ ကြိုးစားခြင်းသည် ကတိသစ္စာပြုမှု အပေါ် သူမ ခံယူချက်ကို ပေါ်လွင် စေသည်။ 

အခြေခံဥပဒေသည် တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ရေးသားသည်ဟု ဆိုလျှင် သူမ၏ မောင်နှမများသည် လည်း အခြားနိုင်ငံသား ဖြစ်နေသည်။ သူမ၏ သားသမီးများသည်လည်း အခြားနိုင်ငံသား ဖြစ်နေသည်။ သူမ နောက်ပိုင်း ဖြစ်လာမည့် သမ္မတများ၏ အရည်အချင်းကို မည်သို့ပြန်ပြီး ကန့်သတ်မလဲ။ 

ကျွန်တော်၏ အမြင်တွင် သမ္မတဖြစ်မှ မဟုတ်။ သူမ ဖြစ်ချင်တာ ပြောချင်တာ အားလုံး သူမနှင့်အတူ လွှတ် တော် တက်နေသည့် အန်အယ်လ်ဒီပါတီ အမတ်များက အဆိုတင်သွင်းကြ လုပ်၍ မရဘူးလား။ လက်ပံတောင်း စုံစမ်းရေး အစီရင်ခံစာကဲ့သို့သော အစီရင်ခံစာများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် တင်သွင်း၍ မရဘူး လား။ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အကျိုးသက်ရောက်မှုများကို ယနေ့ခေတ်တွင် ဖန်တီး၍ မရဘူးလား။ 

ဘယ်သူ သမ္မတဖြစ်ဖြစ် ကျွန်တော်နှင့် တိုက်ရိုက် မသက်ဆိုင်။ တိုင်းပြည်ကို ကောင်းအောင် လုပ်လျှင် တိုင်း ပြည် အတွင်း နေထိုင်သည့် ပြည်သူ တစ်ဦးဖြစ်သူ ကျွန်တော်လည်း အကျိုးခံစားရမည် ဖြစ်သည်။ လက်ရှိ အနေအထားအရ သူမသည် ပူးပေါင်းဆောင်ရွက်နေသည်ဟု ကျွန်တော်လက်ခံသည်။ အချို့စကားလုံးများမှ အပ သူမ၏ စေတနာများကို မြင်တွေ့ရသည်။ လူအမျိုးမျိုး အမြင်အမျိုးမျိုးတွင် ကိုယ်မြင်သည့် အမြင်အပေါ် အချက်လိုက် ရေးခြင်းမို့ ယဉ်ယဉ်ကျေးကျေး ပြောပြပါ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်