ရက်စွဲ။ ၂၀၁၃-ခုနှစ်၊ အေပြီလ (၂) ရက်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စု
ဥက္ကဌ တာဝန် ယူဆောင်ရွက်စဉ်က ယနေ့ထိလပိုင်း၊ရက်ပိုင်းထိသာဖြစ်သော်လည်း လှမ်းလာသော ခြေလှမ်းတွေက
ဘယ်သို့လှမ်းပါသလဲဟုမေးခဲ့လျှင် (စ-အက္ခရာနဲ့ဘဲပြောပြချင်တယ်)
ရပ်ရွာလူထုကိုစေတနာထားပြီး စိတ်ချမ်းသာမှုရှိစေရန်
စွမ်းစွမ်းတမံနှင့် စုပေါင်းညီညာ
စွာစိတ်ကောင်းတွေဖြင့်ဆောင်ရွက်လိမ့်မည်ဟုမျှော်လင့်ခဲ့ပါသည်။
ယခုတော့(စ-အက္ခရာဟာ)
စစချင်းဘဲဗျာ ကျေးရွာမီးလင်းရေး ပြည်နယ်လျှပ်စစ်ဝန်
ကြီးခွင့်ပြုပြီး မီးလင်းဖို့အစည်းအဝေးခေါ်ပါတယ်၊ ကျေးရွာလူထုခင်ဗျားတို့ယခုနေတဲ့
အိမ်မြေက စစ်တပ်ပိုင်နယ်မြေဖြစ်တယ်၊သိလား ဒါကြောင့်ဝန်ခံလက်မှတ်ထိုးခိုင်းသည်၊
ကျေးရွာလူထု စိတ်ပျက်ခြင်း၊စိတ်ဆင်းရဲခြင်းတွေခံစားရသည်၊လမ်းဘေးနေအိမ်တွေ
လည်းဖယ်ရှားဖို့ပြောဆိုပါသည်၊ ဥက္ကဌလုပ်သူ ဦးအားဂျာ မှာ အုတ်ဘလောက်လုပ်
ငန်း မယ်ဆိုင်ချောင်းဘေးမှာရှိပါသည်၊ တခြားမှ မြေကျောက်များသယ်ယူလာပြီးချောင်း
ဘေးကိုချဲ့ထွင်းဖို့ယူနေပါသည်၊ဒါတရားမျှတမှုနဲ့စိတ်ထားမှန်ဟုတ်ပါသလားရေချောင်း
ပွဲခင်းဈေးဆိုင်တန်းရောင်းချခြင်းသည် ကိုယ်ပိုင်စီးပွားသဖွယ်အစွမ်းကုန်ဆောင်ရွက်ပါ
သည်၊ ရပ်ရွာအကျိုးမည်မျှထည့်ဝင်ဆောင်ရွက်မည်ကို အတိအကျမရှိသေး၊
လမ်းဘေး
မိသားစုဈေးဆိုင်တွေ မဖွင့်ရ-အရောင်းရ အရေးကျိုးစားအားထုတ်
အစမကောင်း သည့်
ဥက္ကဌ စီးပွားဖြစ်ဖို့ စီးပွားရှာနေရာဖြစ်နေပါသည်၊
ကျေးရွာလူထုက သူလာလျှင်မကြိုဆို
တော့ဘူး သူလာလျှင်ငိုနေကြလို့ဖြစ်ပါတယ်။ ရက်သားလောက်သာရှိသေးသော ဥက္ကဌ လူထုအပေါ် ဗိုလ်ကျ အမြတ်ထုတ်ချင်သူ
ဒီဥက္ကဌကို အရေးယူခြင်းတွေ တာဝန်ရပ်စဲတာတွေဆောင်ရွက်ပေးပါလို့
ဟစ်တိုင်၊သျှမ်းသံတော်ဆင့်
တို့မှ ဒုက္ခရောက်ပြည်သူများ ရင်ဖွင့်လိုက်ရ
ပါတယ်၊ ကျေးဇူးတင်ပါတယ်။
မှတ်ချက်။ မေ့နေလို့ လူထုနှိပ်စက်စာလေးလည်းဖတ်ကြည့်ပေးရန် တင်ပြလိုက်ပါ
တယ်။
ဒုက္ခခံစား ရွာသူရွာသားများ
လွယ်တော်ခမ်းကျေးရွာအုပ်စု၊
စုပေါင်းဂိတ်ရွာ
တာချီလိတ်မြို့။
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်