မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 7 April 2013

SSA(ယွက်ဆစ်)အဖွဲ့မှ နမ့်စန်မြို့နယ်တွင် လူသစ်စုဆောင်းလျက်ရှိ

SSA(ယွက်ဆစ်)အဖွဲ့မှ နမ့်စန်မြို့နယ်တွင် လူသစ်စုဆောင်းလျက်ရှိ

ဧပြီ(၇)

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ နမ့်စန်မြို့နယ်ရှိ ကျေးရွာများ၌ ဧပြီ(၅) ရက်နေ့တွင် SSA (ယွက်ဆစ်)အဖွဲ့မှ လူသစ် စုဆောင်း၍ အစည်းအဝေးခေါ်ခဲ့သည်ဟု မြို့ခံတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။
SSA (ယွက်ဆစ်)အဖွဲ့မှ တပ်မဟာမှူး မုနိ ခေါင်းဆောင်သော အဖွဲ့ဝင်(၁၀၀)ဦးသည် ဧပြီ(၄) ရက်နေ့က နမ့်စန် မြို့နယ်၊ လွယ်လကျေးရွာအုပ်စု၊ လွယ်အိုင်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၎င်းကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်၌ အစည်းအဝေးပြုလုပ်ခဲ့သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
``ရွာတစ်ရွာကို လူသစ်(၁၅)ယောက် ပေးရမယ်လို့ ပြောသံကြားတယ်၊ လူသစ်တစ်ယောက် မပေး ရင် ငွေ (၁၀) သိန်း ပေးရမယ်လို့ သတ်မှတ်ထားတယ်၊ ဒါက နှစ်တိုင်းလုပ်နေတဲ့ ကိစ္စပါ၊ ကျွန်တော်တို့အတွက်တော့ ငြိမ်းချမ်းရေးဆွေးနွေးလည်း ဒီကိစ္စတွေက ဘာမှ မပြောင်းလဲပါဘူး၊ ထုံးစံလိုဖြစ်နေပါပြီ၊ လူသစ်မပေးနိုင်ရင် ငွေပေးနိုင်ဖို့ ဘိန်းခိုးစိုက်ကြရတာပေါ့၊ အစိုးရအဖွဲ့တွေ လာဖျက်ရင်လည်းခံရမှာဘဲ၊ ကျွန်တော်တို့ ဒေသခံတွေ ရဲ့ ဘ၀ကတော့ ဒီလိုနဲ့ပဲ သံသရာလည်နေရတာပါဗျာ´´ ဟု လွယ်အိုင် ရွာသား တစ်ဦးက ပြောပြသည်။
SSA(ယွက်ဆစ်) အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေး ပြီးသော အဖွဲ့ ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသဘောတူညီချက်များတွင် လူသစ်စုဆောင်းရန် အချက်ပါရှိသော်လည်း ယခုကဲ့သို့ သဘောတူညီမှုကို ချိုးဖောက်ကာ လူသစ်စုဆောင်းနေ သည်ကို ဒေသခံတိုင်းရင်းသား များက လက်မခံချင် တော့ကြောင်း သိရှိရသည်။ ဒေသခံများကတော့ ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်း SSA (ယွက်ဆစ်)အဖွဲ့၏ လူသစ်စု၊ ဆက်ကြေးကောက်၊ ဘိန်းခွန်ကောက် စတာတွေကို အမှန်တကယ် ငြိမ်းချမ်းရေး ယူတာဟုတ်ရဲ့လား ဟု သံသယ၀င်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်