မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုး လှုံဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများကို စုံစမ်းစစ်ဆေး အရေးယူပေးရန်အတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေး ကွန်ရက်မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်နေ့က စာပေးပို့ခဲ့ကြောင်းသိရပါသည်။ စာအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
သို့
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ
နေပြည်တော်။
ရက်စွဲ။ ။၂၀၁၃ခုနှစ်၊ ဧပြီလ (၁)ရက်။
အကြောင်းအရာ။ ။မြန်မာနိုင်ငံမြို့များ၊ ရွာများတွင် ဘာသာရေး ပဋိပက္ခများ ဖြစ်ပွားစေရန် သွေးထိုးလှုံ့ဆော်၍ နောက်ကွယ်မှ ကြိုးကိုင်နေသူများအား စုံစမ်းစစ်ဆေး အရေးယူပေးပါရန်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
သာတူညီမျှမှု၊ တရားဥပဒေစိုးမိုးရေးတို့ကို ဦးတည်၍““ငြိမ်းချမ်းရေးနှင့် တရားမျှတမှု တည်ဆောက်ရေးကွန်ရက်”” (Peace and Justice-Building Network) အမည်ဖြင့်၊ (၂၇-၃-၂၀၁၃)ရက်နေ့က ဖွဲ့စည်းခဲ့ပါသည်။
ရခိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီ
ထိုမှဆက်၍ ပဲခူးတိုင်းဒေသကြီးအတွင်းမှ ကြို့ပင်ကောက်၊ အုတ်ဖို၊ မင်းလှ၊ နတ္တ လင်း၊ ဇီးကုန်းမြို့များရှိ ဗလီများကို ဖျက်စီး လူသတ်အကြမ်းဖက် လုယက်ခဲ့ကြပါသည်။ကြို့ပင်ကောက်ြ
ရန်ကုန်မြို့၌ပင် ကျီးလန့်စာစား အခြေအနေသို့ ရောက်ရှိလာပြီး လူအများ၏နေ့စဉ်လူမှု စီးပွားရေး ဘ၀များ ပျက်ယွင်းလာနေချိန်တွင် နိုင်ငံတော်သမ္မတကြီးမှ သွေးထိုးလှုံ့ဆော်၊ ပဋိပက္ခဖန်တီးသူများအား အရေးယူမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ရာ၊ သမ္မတကြီး၏မိန့်ခွန်းအား များစွာနှစ်ထောင်းအားရ ရှိခဲ့ကြပါသည်။
ရိုးသားစွာတင်ပြရလျှင် ထိုသို့သော အကြမ်းဖက်၊ လုယက်၊ သတ်ဖြတ်မှုများကို ဆက်လက်မဖြစ်ပွား စေရန် ကြိုတင်ကာကွယ်ဟန့်တား၍ ထိရောက်စွာ အရေးယူရမည်ဖြစ်ပါသည်။ ပဋိပက္ခ္ခများကို အထိရောက်ဆုံး ကာကွယ်ရန် နည်းလမ်းမှာ သွေးထိုးလှုံဆော်မှုများကို ကန့်လန့်ကာနောက်ကွယ်မှ ကြိုးကိုင်ဖန်တီးနေသူများကို ဥပဒေနှင့်အညီအချိန်မှီ အရေးယူဖော်ထုတ်ရန် အရေးကြီးပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်
(၂၅-၁၀-၂၀၁၂)ရက်စွဲပါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးမြ
သို့ဖြစ်၍ နိုင်ငံတော်အကြီးအကဲများလည်း သိရှိထားပြီးသော ပဋိပက္ခများကို ဖန်တီးကြိုးကိုင်၍ ကန့်လန့်ကာနောက်ကွယ်မှ ပြစ်မှုကျူးလွန်သူများကိုဥပဒေနှင
တောင်းဆိုချက်များ
၁။ နိုင်ငံတော်
ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများအပါအ၀င် အခြားတိုင်းနှင့် ပြည်နယ်များရှိမြို့များရှိ ဗလီဝတ်ကျောင်း များ၊ ဘာသာရေးစာသင်ကျောင်းများ အစ္စလာမ်ဘာသာဝင်နှင့် အခြားဘာသာဝင် မြန်မာနိုင်ငံသားများ၏ အသက်အိုးအိမ်၊ ပစ္စည်းများကို နိုင်ငံတော်မှ နောက်နောင်ထပ်မံမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်စောင့်ရှောက် ပေးပါရန်။
၂။ နိုင်ငံရေးပါတီများ
၈၈မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးပါတီများ ဘာသာရေးအဖွဲ့အစည်းများ၊ အားလုံးလက်တွဲ၍ တိုင်းပြည်အတွက် ကျရောက်လာမည့် အန္တရာယ်ကို ဆက်လက်မဖြစ်ပွားစေရေး ကြိုတင်စုပေါင်း ကာကွယ်ရန်၊ ရှုံ့ချသော ကြေညာချက်များ ထုတ်ပြန်ပေးရန်။
၃။ သံဃာတော်များ
ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဦးတည်၍ သံဃာတော်များမှ ဗုဒ္ဓဘာသာတရားစစ်၊ တရားမှန်များကို ဟောကြားသင်ပြပေးပါရန်။
၎။ တရားရေး
ပြစ်မှုကျူးလွန်မှုများကို တရားစွဲအဖွဲ့အစည်းများနှင့် တရားရုံးများမှ တည်ဆဲဥပဒေများနှင့်အညီ ပြင်းထန်စွာ အရေးယူအပြစ်ပေးရန်။
၅။ မီဒီယာနှင် အင်တာနက်
ဘာသာတရားတစ်ခုနှင့် တစ်ခု ပဋိပက္ခဖြစ်ပွားစေရန် သွေုးထိုးလှုံ့ဆော်သည့် အရေးအသားများကို ရှောင်ကျဉ်၍ ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးကို ဦးတည်၍ ရေးသားရန်နှင့် သွေးထိုးလှုံဆော်သော ဂျာနယ်များကို အရေးယူရန်။ အင်တာနက်တွင် ဘာသာရေး အမုန်းတရားရန်တိုက်သော Hate Speech များကို အရေးယူရန်၊ တားမြစ်သည့်အမိန့်မားထုတ်ပြန်ရန
၆။ ဒုက္ခသည်များ
မန္တလေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးများ အတွင်းရှိ ဒုက္ခသည်များ(လူမျိုး/
၇။ ဗလီများ၊ ဘာသာရေးစာသင်ကျောင်းများ
ပျက်စီးသွားသော ဗလီများ၊ စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဆောက်လုပ်ခွင့်
၈။ CD , DVD အခွေများ
တရားမ၀င်သွေးထိုးလှုံဆော်သော CD,DVD အခွေများ၊ အမှတ်အသားများကို သိမ်းဆည်း အရေးယူရန်။
၉။ မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းပေးရန်
တရားမ၀င်ကြိုးကိုင်လှုပ်ရှားသော အဖွဲ့အစည်းများကို မတရားသင်းကြေညာ၍ အရေးယူဖျက်သိမ်းရန်။
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးများ အားလုံးတို့သည် ငြိမ်းချမ်းစွာ၊ အေးအတူပူအမျှ၊ ချစ်ချစ်ခင်ခင်နေထိုင်လာခဲ့ကြသေ
ရိုသေလေးစားစွာဖြင့်
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်