မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 1 April 2013

နိုင်ငံတော်မှ ငြိမ်းရေးလုပ်ငန်းစဉ်

(kachin soldier page )မှ message from burmese soldier post နှင့် နိုင်ငံတော်မှ ငြိမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်နေချိန်တွင် တိုင်းရင်းသား ညီအကိုတွေ သွေးကွဲစေရန် ဖွထားတာတွေ့ လို့ ..Post နှင့်ပတ်သက်ပြီးပြောချင်ပါတယ်။
ဒီလို message လေးတွေက ရှေ့ တန်း စစ်ကြောင်းလမ်းမှာ တိုင်းရင်းသားညီနောင်အချင်းချင်း သတိပေး အမှတ်အသားပါ။ တစ်ဖက် နှင့် တစ်ဖက် အတတ်နိုင်ဆုံးေ၇ှာင်နိုင်ရန်ပါ။ သူငယ်ချင်းတို့  ထင်ကြသလို စစ်တပ် နှင့် သူပုန်က ၊ ရုပ်ရှင်တွေထဲ ကလိုတစ်ချိန်လုံး တစ်ဒိုင်းဒိုင်းနှင့် ပစ်နေတာ မဟုတ်ပါ။ရှေ့ တန်းမှာ နယ်မြေစိုးမိုးရေး နှင့် လုံခြုံရေးအတွက် စစ်ကြောင်းထွက်ရတယ်...လမ်းကြောင်းမှာ နှစ်ဖက်စလုံး က အတတ်နိုင်ဆုံးရှောင်ကြပါတယ်..နောက်ဆုံး မလွဲသာကောင်းလွန်းမှသာ ပစ်ကြတာပါ။ရှေ့ တန်းမှာ တိုက်ပွဲ မဖြစ်ချင်ဆုံးက စစ်သားတွေပါ။ တစ်ခါတစ်ရံ လျှိုတစ်ခုပဲခြားပါတယ်..တစ်ဖက်နှင့်တစ်ဖက် မြင်နေရပါတယ်..အော်ဟစ် နှုတ်ဆက်ပြီး ကိုယ့်လမ်းကိုယ် ဆက်သွားကြပါတယ်...ဒါတွေကို ကြုံဖူးတဲ့ မင်းနဲ့ ငါ ပဲသိပါတယ်...ဘာကြောင့်လဲဆိုတော့..တိုင်းရင်းသားညီနောင်တွေဖြစ်နေလို့ ပါပဲ..။ရွာထဲ ဝင်တယ်.. နားနေစားသောက်ကြတယ်..ရွာထဲ သွားလာနေကြသူတွေ သူပုန်တွေ ဆိုတာသိတယ်...သူ့ အလုပ် သူလုပ်၊ ကိုယ့်လမ်း ကိုယ်ဆက်သွားပါပဲ...ဒါတွေဟာ တကယ့်အခြေအနေတွေထဲက အတွေ့ အကြုံ တခုပါ။ အဓိကပြောချင်တာက လမ်းကြောင်းမှာ ဒီလို message လေးတွေဟာ တစ်ဖက် နှင့် တစ်ဖက် စော်ကားလိုခြင်းမရှိတဲ့..ပစ်ခတ်မူမဖြစ်စေရန် တိုင်းရင်းသားညီနောင်ချင်း အချက်ပေး message သာဖြစ်တယ်လို့  သူငယ်ချင်းတို့ ကို သိစေချင်ပါတယ်။ ငါတို့  တိုင်းရင်းသား ညီအကိုတွေ စည်းလုံး ညီညွှတ်ကြပါစို့ ။ ( နွားကွဲ ရင်၊ ကျားဆွဲမယ် ဆိုတဲ့ ) စကားပုံလေးကို အမြဲ အမှတ်ရကြပါ ညီနောင်တို့ ။
စစ်ငြိမ်းဦး။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်