မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 21 April 2013

လ၀က လက်အောက်ဝန်ထမ်းများရဲ့ ပေါက်ကွဲသံ

လ၀က လက်အောက်ဝန်ထမ်းများရဲ့ ပေါက်ကွဲသံ

ဦးခင်ရီက ရာထူးတွေကို သူ့တပည့် စစ်သား(၅)ယောက်နဲ့ သူ့ထံအဝင်အထွက်ရှိတဲ့ အရပ်သား(၁၄)ယောက်ကိုသာ ရာထူးတိုးပေးသွားပါတယ်။
သူတို့တွေဟာ လက်ရှိ လက်ညွှန်လုပ်သက် (၂) နှစ်ကျော်သာရှိ သေးသူများဖြစ်ပါတယ်။

- သူတို့ထက် လက်ရှိ လက်ညွှန် လုပ်သက်(၁၀)နှစ်အထက်ရှိသူတွေကိုတော့ ဘာအပြစ်မှ မရှိဘဲနဲ့ ရာထူးတိုးမပေးခဲ့ပါဘူး။

လုပ်သက်များပြီး ငွေကြေးမတတ်နိုင်တဲ့ စီနီယာ ဝန်ထမ်းများ ဘယ်တော့မှ ရာထူးတိုးတော့မှာလဲ။

ယခု လက်ထောက်ညွှန်ကြားရေးမှူးမှ ဒုတိယ ညွှန်ကြားရေမှူးသို့ ရာထူးတိုးပေးတဲ့ ကိစ္စမှာ လုံးဝ တရားမျှတမှု မရှိ ပါဘူး။
အပြောင်းအရွှေ့များမှာလည်း တပည့်အရင်းများနှင့် ငွေ ကြေးပေးနိုင်သူများသာ နေရာကောင်းပေးပါတယ်။

သက်ဆိုင်ရာမှ ဝင်ရောက်စိစစ်ပေးပါရန် ဝန်ထမ်းများမှ မျှော်လင့်လျက်ရှိပါတယ်။

-----------

လ၀က၀န်ကြီး ခင်ရီနှင့် EC အဖွဲ့ဝင်များ သိစေရန်

ရာထူးတိုး ဖြေဆိုရာတွင် နီးစပ်ရာလူတွေနဲ့ တပည့်တွေကို ပဲရာထူးတိုးပေးမယ့် အတူတူ လူတွေ့တွေ၊ နှုတ်ဖြေတွေ စစ်မနေပါနဲ့၊ ခင်ဗျားတို့လည်း ပင်ပန်းတယ်။
ကျန်တဲ့လူတွေလည်း စာကျက်ရတာ အလုပ်ရှုပ်ပါတယ်။
ခင်ဗျားတို့ EC အဖွဲ့ကိုလည်း ဝန်ထမ်းတွေအားလုံးက အယုံအကြည်မရှိပါ ဘူး။

အစည်းအဝေးတွေမှာ ခင်ဗျားတို့က အာပေါင်အာရင်း သန်သန်နဲ့ ရာထူးတိုးတွေ၊အပြောင်းအရွှေ့တွေကို တတ်နိုင်သလောက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးတယ်လို့ ပြောတိုင်း ပြည်နယ်/တိုင်း ဦးစီးမှူးတွေက ကြိတ် ပြုံးနေတာ ခင်ဗျားတို့ သိချင်မှ သိမှာပါ။ မသိဟန်ဆောင်တာလည်းဖြစ်မှာပေါ့။

- အဲဒီအပြုံးတွေက အများကြီး အဓိပါယ်ဆောင်နေပါတယ်။
မနေ့တနေ့ကမှ AD ဖြစ်လို့ order တောင်မှင် မချောက်သေးတဲ့သူတွေ၊ပထမဆုံး နှစ်တိုးတောင်မခံစားရသေးတဲ့သူတွေကို ရာထူးတိုးပေးပြီး လုပ်သက်ရင့် အသက်ကြီးသမားတွေ ကိုတော့ ရာထူးပေးဖို့ ချန်ခဲ့တာ ခင်ဗျားတို့ မှန်မှန်ကန်ကန် လုပ်ဆောင်ချက်တွေလား။
ခင်ဗျားတို့ EC တစ်ဖွဲ့လုံး ရှက်တတ်မယ်ဆို ရှက်ဖို့ကောင်း ပါတယ်။
ကျုပ်တို့တောင် ပြည်ထဲရေး လက်ထက်က DD ရထားလို့၊ခင်ဗျားတို့ နဲ့ဆို ဒီတစ်သက်ရဖို့မမြင်ပါဘူး။

ကိုခင်ရီ ခင်ဗျား ဝန်ကြီးဖြစ်ကာစ၊သီတင်းကျွတ်မှာ ကျုပ်တို့ဝန်ထမ်းတွေ ကန်တော့တဲ့အချိန်တုန်းက ခင်ဗျားပေးခဲ့တဲ့ ကတိတွေ မေ့သွားပြီလား။
ရာထူးတိုးမြှင့်နဲ့ပတ်သက်လို့ ဝန်ထမ်းတွေမှာ စိုးရိမ်မှုတွေမရှိစေရပါဘူးဆို။
အခုတော့ ကျုပ်တို့ လို နောက်ခံမရှိတဲ့ နင်းပြားတွေကတော့ မှန်မှန်ကန်ကန် လုပ်ဆောင်မယ့် လူကြီးလူကောင်းတွေသာ (၂၀၁၅)ခုမှာ ရောက်လာ ပါစေလို့ဆုတောင်းရုံ အပြင် ဘာမှ မတတ်နိုင်တော့ပါဘူး။
အနှိမ်ခံဝန်ထမ်းများ။
(မောင်ဝင်း)
Blue Peace

ZinYawNews

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်