မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 1 April 2013

တာချီလိတ်မြို့၊ နွေရာသီအားကစား


2013ခုနှစ် ဒီဇင်ဘာလတွင် (27 th) အရှေ့တောင်အာရှအားကစားပွဲတော်၏ အိမ်ရှင်နိုင်ငံအဖြစ်ခမ်းနားစွာ ကျင်းပခွင့်ရရှိ၍့် များစွာဂုဏ်ယူဝမ်းမြောက်မိပေ၏။  ထိုအားကစားပွဲတော်ကြီးနည်းတူ တာချီလိတ်မြို့၊ နွေရာသီအားကစား သင်တန်းများကိုခရိုင်အား/ကာ အဖွဲ့-ပညာရေးမှူးတို့နှင့်အတူ ခရိုင်ကြံ့ခိုင်ရေးရုံးတို့မှ ပူးပေါင်းကျင်းပပေးသောကြောင့်
များစွာဂုဏ်ယူဝမ်းမြောက်မိပါ၏။ ခရိုင်အားကစားရုံးမှာ တိုးတက်ဖွံ့ဖြိုးလာသည့်လာဦးရေ- ကြက်တောင်အဖွဲ့၊ အေရိုးဗစ်၊ ကရာတေး၊ ဘတ်စကစ်ဘော၊ ဘော်လီဘော ပင်ပေါင်၊ ပိုက်ကျော်ခြင်းလုံး၊ ဖူဆယ်ဘောလုံးအသင်း၊ များစုံလင်စွာကစားနေရ၍ လွန်စာကျဉ်းကြပ်အချိန်ခြင်းကိုက်နေ၍ အားကစားသမားအချင်းချင်း အချိန်လု၍ကစားနေရသောကြောင့် တိုးချဲ့ပြုပြင်ပေးခြင်းဖြင့် အားကစားလောကကို စိတ်ပါဝင်စားအားပေးသင့်ပေပြီ။
    မြို့ကွက်သစ်များချဲ့ထွင်မှုများလာသကဲ့သို့ အားကစားရုံ အရေတွက်တိုးချဲ့သင့်ပါ၏။ ကျောင်းသူလူငယ်တို့၏ လက်ဦးဆရာမိဘများအားလုံး ခေတ်ပညာတတ်မိဘများအားလုံး စားဝတ်နေရေး အားပေး ဦးစားပေးသကဲ့သို့ အလုပ်အကိုင်ခန့်ထားရေးတို့၌ အားကစားသမားများခန့်ထားရေး အားကစားနည်းပြဆရာများကိုလည်း ဦးစားပေး အလေးထားချီးမြှောက်မှုလိုသကဲ့သို့ ၀န်ထမ်းမဟုတ်သော မြို့မိမြို့ဖဦးစီးသော အားကစားမြှင့်တင်ရေးကောမတီရှိပါက ပိုမိုတိုးတက်လာရမည်ဖြစ်၏။ အားကစားကို စိတ်မ၀င်စားသည့် ဘီယာဗိုက်ပူ အနုပညာရှင်များ၊ အရာရှိများ၊ သဘင်ဂီတ အစည်းအရုံးတို့မှာလည်း နိုင်ငံခြား၊ မင်းသား၊မင်းသမီးမျာကဲ့သို့ အားကစားဦးစားပေး ရုပ်ရှင်ကားများများ ရိုက်ကူးသင့်ပေပြီ။
    တရုတ်-ကွန်ဖူး-ထိုင်းနိုင်ငံတွင် မွေ့ထိုင်းလက်ဝှေ့စသည်ဖြင့် အထူးအားပေးနေ၍ များစွာဂုဏ်ယူဝမ်းမြောက်ရပါ၏။  မြန်မာနိုင်ငံတွင်မှု ပေါများလှသည့်အရက်ကုမ္ပဏီ၊ TV ဂိမ်းမျိုးစုံ၊ ကျားခုံ-မြင်းခုံ-စနူကာ ပေါများစုံလင်မြန်ပြည်တွင် ဖြစ်နေပါက နောင်ရေး ရင်အေး မိပေ၏။ မူးယစ်ဆေးအစ အရက်က ဟုပြောင်းလဲခေါ်တွင်သင့်ပေ၏ စာတော်သောကျောင်းသားလူငယ်တို့မှာလည်း စာပြီးစာ၊ တစာစာ ဖြစ်နေ၍ ပါဝါမျက်မှန် ထူထူ နဖူးပြောင်ပြောင် ပိန်တာရိုးတို့နဲ့ လူသားအရင်းမြစ်ဖွံ့ဖြိုးရေးစီမံကိန်းတို့နှင့်  ရင်မောစရာအမိမြန်မာပြည်ကို အားကစားစိတ်ဓာတ်ဖြင့်မြှင့်တင်ကြပါစို့
နွေရာသီအားကစားသင်တန်းမှ ရာသက်ပန်အားကစားသမားသို့
                        (ကရာတေး) တောက်ထိန်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်