မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 11 May 2013

“ မြန်မာသံရုံး ကို ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့်

“ မြန်မာသံရုံး ကို ဗုံးခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် အကြမ်းဖက်သမား ၇ ဦးကို အသေဖမ်းဆီး ရ မိ ပြီး ၁၁ ဦး ကို အရှင် ဖမ်းဆီး ရမိ ”

အင်ဒိုနီးရှား နိုင်ငံ ဂျာကာ တာ မြို့  ရှိ မြန်မာ သံရုံးကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် ထား သည့် စစ်သွေးကြွ များ ကို အင်ဒို နီးရှား တန်ပြန် အကြမ်းဖက် နှိမ်နှင်း ရေး က ၂၄ နာရီ ကျော်ကြာ စီးနင်း တိုက် ခိုက် ရာ ၇ ဦး ကို အသေ ဖမ်းဆီး ရ မိ ပြီး ၁၃ ဦး ကို အရှင် ဖမ်းဆီး နိုင်ခဲ့သည်။

အနောက် ဂျာ ဗား ၊ ဗဟို ဂျာဗား နှင့် ဆူလာဝေဆီ စသည့် ပြည်နယ် များ တွင် အကြမ်းဖက်သမားများ ခို အောင်း နေသည့် နေရာ ၁၁ ခု ကို  သီးခြား စီ ၀င်ရောက် စီးနင်း မှု ဉ် ရဲ တပ် ဖွဲ့  နှင့် စစ်သွေးကြွ များ အပြန် အလှန် ပစ်ခတ် မှု များ ဖြစ် ပွား ခဲ့ သည်။  အကြမ်းဖက် သမား များ က လက်ပစ်
ဗုံး များ ဖြင့် ရဲတပ် ဖွဲ့  ကို ပြန် လည် ပစ်ခတ် ခဲ့ သည်။

အချို့  ကို မျက် ရည် ယို ဗုံး များ သုံး စွဲ ၍ အရှုင် ဖမ်းဆီး နိုင်ခဲ့သည်။

ရဲတပ် ဖွဲ့  က နေရာ သုံး နေရာ ရှိ စစ်သွေးကြွ များ ခိုအောင်း ရာ နေရာ များ ကို ရှင်း လင်း နိုင်ခဲ့ပြီး မြန်မာ သံရုံး ကို တိုက် ခိုက် ရန် စီစဉ် ထား သည့် ဗုံး နှင့် ဆက် စပ် ပစ္စည်းများ ကို လည်းသိမ်းဆည်း ရမိခဲ့သည်။

သံရုံး ကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် ထား သူ များ သည် ဘဏ်ဖောက်ထွင်း မှု ၊ ရတ နာ ဆိုင် ဓားပြ တိုက် မှု ၊ လုယက် မှု ၊ ခိုးမှု များ ဖြင့် အလို ရှိနေသူ များ ဖြစ်သည်။

ဗုဒ္ဓဟူးနေ့  နှင့် ကြသပတေး နေ့  စီးနင်း တိုက် ခိုက် မှု များ အတွင်း သေဆုံး ၊ ဖမ်းဆီ ရ မိခဲ့ သူများမှာ ဗဟို ဆူလာ ဝေဆီ ရှိ ပိုဆို အုပ်စု နှင့် ဆက်စပ် နိုင်သည် ဟု အင်ဒိုနီးရှား ရဲ တပ် ဖွဲ့  က သတင်းထုတ် ပြန် သည် ။ ထိုနေရာ သည် ၁၉၉၈ မှ ၂၀၀၂ ခုနှစ် အတွင်း ခရစ် ယာန် – မွတ် ဆလင် မငြိမ်
သက် မှု အတွင်း လူ ထောင် ချီ သေဆုံး ခဲ့ သည့် နေရာ ဖြစ်သည်။

အနောက် ဂျဗား ရှိ အကြမ်း ဖက် သမား များ ခို အောင်း ရာ နေ ရာ တစ်ခု ကို စီနင်း ရာ တွင် ကျဉ်ဆန် ၂၈၀ နှင့် သေနတ် သုံး လက် ကို တွေ့  ရှိ ခဲ့သည်။

အင်ဒို နီးရှား နိုင်ငံ တွင် ၁၀ နှစ် ကျော်ကြာ အကြမ်းဖက် နှိမ် နှင်း ရေး ဆောင် ရွက် ချက် များ ကြောင့် ထင် ရှား သည့် အကြမ်းဖက် အဖွဲ့  အစည်းများ အား ပျော့ သွား သော် လည်း  ပိုဆို နှင့် ဆူလာဝေဆီ
ကျွန်းများ ၏ တော များ ထဲ တွင် Mujahidin Indonesia Timur -နှင့် East Indonesia Holy Warriors စသည့် အဖွဲ့  များ မှာ အား ကောင်း စွာ ကျန် ရှိ နေသေးသည်။

အင်ဒိုနီးရှား ရဲ တပ် ဖွဲ့  က နှစ် ရက် တာ စီးနင်း ခဲ့ သည့် နေရာများ သည် ပြီး ခဲ့သည့် သီတင်း ပတ် က မြန်မာ သံရုံး ကို ဗုံး ခွဲ တိုက် ခိုက် ရန် စီစဉ် နေ ချိန် ဖမ်းဆီး ရမိ သူ နှစ်ဦး နှင့် ဆက် စပ် နေသည်။

Freedom News Group

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်