မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 29 May 2013

လားရှိုးပဋိပက္ခ သတင်းယူနေသူ သတင်းထောက် တဦး ရိုက်နှက်ခံရ

Thursday, 30 May 2013 

လားရှိုး ပဋိပက္ခ သတင်းရယူနေသော နယ်ခံသတင်းထောက်တဦး ယနေ့ ညနေပိုင်းက ရိုက်နှိက်ခံရပြီး ဦးခေါင်းကွဲဒဏ်ရာရရှိသွားကြောင်း သိရှိ
ရသည်။
 
အကြမ်းဖက် လူစုက ရိုက်နှက်လို့ စွန့်ထားခဲ့ရတဲ့ သတင်းထောက်ရဲ့ ကင်မရာ အိတ်၊

လားရှို့မြို့မှ နယ်ခံသတင်းထောက်တဦးဖြစ်သူ အသက် ၃၀ ကျော် ကို ခွန်ဇော်ဦးမှာ လားရှို့ မြို့ ၇ ရပ် ကွက်တွင် ဆိုင်များလိုက်လံဖျက်ဆီးနေ
မှုများကို သတင်းရယူနေစဉ် အကြမ်းဖက်သမားများက ဆိုင်ကယ် များနှင့် လိုက်လံတိုက်ခိုက် ရိုက်နှက်ကြောင်း၊ ကင်မရာနှင့် ကင်မရာအတွင်းမှ မန်မိုရီကဒ်ကို ဖျက်ဆီးပစ် လိုက်ကြောင်း၊ အကြမ်းဖက်သူများက ကိုခွန်ဇော်ဦးနှင့် အဖော်တဦးကို သံတုတ်ဖြင့်ရိုက်နှက်ခဲ့သဖြင့် ကိုခွန်ဇော်ဦး
တွင် ခေါင်းကွဲ ဒဏ်ရာရရှိသွားကြောင်း၊ ကိုခွန်ဇော်ဦး၏သူငယ်ချင်းဖြစ်
သူမှာ ကျောကုန်းတွင် ဒဏ်ရာရရှိသွားကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်မှ ဦးမြင့်ကျော်က ဧရာဝတီသို့ ပြောသည်။

"ခွန်ဇော်ဦးက ကျနော်တို့ ပဋိပက္ခသတင်းရယူနည်းသင်တန်းသွားပေးတုန်း
က သင်တန်းတက်တဲ့ သတင်းထောက်တယောက်ပါ။ သူကအလွတ်သတင်း
ထောက်လုပ်နေတာပါ။ ဒီနေ့ ၇ ရပ်ကွက်မှာ အကြမ်းဖက်ဖျက်ဆီးနေတဲ့
သူတွေက သူ့ကို လိုက်ရိုက်ကြတယ်။ သူ ခေါင်းကွဲသွားတယ်။ ကင်မရာ
ထဲက ကဒ် ဖျက်ဆီးခံလိုက်ရတယ်" ဟု ကိုမြင့်ကျော်က ဆိုသည်။

လားရှို့မြို့တွင်ရောက်ရှိနေသော ဧရာဝတီသတင်းထောက်၏အဆိုအရ ရဲတပ်ဖွဲ့ဝင်များက သတင်းထောက်များ၏ လုံခြုံရေးပေးရန် အကူအညီ
တောင်းခံမှုကို လျစ်လျူရှုထားပြီး လုံးဝ ပူးပေါင်းဆောင်ရွက်မှုမရှိကြောင်း သိရှိရသည်။

မတ်လအတွင်းဖြစ်ပွားခဲ့သော မိတ္ထီလာပဋိပက္ခတွင် သတင်း ရယူနေသော
 အေပီသတင်းဌာနမှ သတင်းထောက် ဦးခင်မောင်ဝင်း အပါအ၀င် သတင်းထောက် ၉ ဦးကို အကြမ်းဖက်သူများက ခြိမ်းခြောက်ခဲ့ပြီး ကင်မရာကဒ်အတွင်းမှ ဓာတ်ပုံများကို ဖျက်ဆီးခဲ့သည်။

ဧရာဝတီblog

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်