မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 14 May 2013

မုန်တိုင်း MAHASEN နဲ့ ပတ်သက်လို့ အကြံပြုချက်

မုန်တိုင်း MAHASEN နဲ့ ပတ်သက်လို့ အကြံပြုချက်...(၁၅-၅-၂၀၁၃) နံနက် ၅း၄၅ နာရီ အချိန် - ဒေါက်တာထွန်းလွင် (MCCW)

လက်ရှိ အခြေအနေ အရ ပင်လယ်ပြင်ဟာ အန္တရာယ် အကြီးဆုံးဖြစ်နေပါတယ်။
ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ ကစပြီး မြန်မာ့ ရေပိုင်နက် ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်း ရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာ မောင်းနှင် ကြဖို့ လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှ ဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန် အရေးကြီး ပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀ နှုန်းလောက် ရှိတဲ့ လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေ ခန့် သာ တက်နိုင် ပါတယ်။ တကယ်လို့ မုန်တိုင်း အ၀င်မှာ အပြောင်းအလဲ ဖြစ်လို့  လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင် (၁၂၀) အထိ ဖြစ်သွားတာနဲ့  မုန်တိုင်း ဒီရေအမြင့်ဟာ (၁၂) ပေလောက် ဖြစ်သွားပါ့်မယ်။
အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့ လိုပါတယ်။
နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက် ရေကြီးနိုင်တယ် ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံး သဘာဝဘေးများမှ ကင်းဝေးနိုင်ကြပါစေ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်