ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။
“အချစ်ဆိုတာ ဘာလဲဗျ”
ဆရာက ပြန်ဖြေပါတယ်။
“မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး
ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။
မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး
ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။
ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။
အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့
ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေ မိတယ်။
ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ
သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။
အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။
ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောတယ်။
“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို
ဆက်လက်ရှာဖွေနေတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို မင်းလွဲသွားကြောင်း
နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော...”လို့ ကျောင်းသားကမေးပြန်တယ်။
ဆရာက ပြန်ပြောပါတယ်။
“မင်းရဲ့အမေးကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ။ပြီးရင် အကြီးဆုံး
စပါးတစ်စေ့ယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ
စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး
ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ်။
ဒီတစ်ချိန်မှာတော့ သူဟာ အရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်။
စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့
ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောပါတယ်။
“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ်။ မင်းဟာ
သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီအစေ့ဟာ
မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်။ လက်ထပ်ခြင်းဆိုတာ
အဲဒီလိုမျိုးပါပဲ”
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်။
ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ
ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။
နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို
လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။
ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတ စ်ယောက်ကို ရှာဖွေကြပါတယ်။
အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။
ဘယ်လိုလူမျိုးကို လက်ထပ်သည့်ဖြစ်စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊
အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင်တော့  သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေး ဖြစ်လာနိုင်ပါတယ်။
(နေလင်းအောင် ဘာသာပြန်ဆိုသည်) Credit - Naw Jer
ကျောင်းသားတစ်ယောက်က ဆရာ့ကိုမေးတယ်။
“အချစ်ဆိုတာ ဘာလဲဗျ”
ဆရာက ပြန်ဖြေပါတယ်။
“မင်းရဲ့မေးခွန်းကို ဖြေပေးဖို့အတွက် ဟိုဂျုံခင်းဆီသွားပါ။ အကြီးဆုံး ဂျုံတစ်စေ့ကိုရွေးယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ ဂျုံခင်းထဲကို တစ်ကြိမ်သာ ဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ ဂျုံခင်းဆီသွားလိုက်တယ်။ ပထမဂျုံပင်တန်းထဲ သူဖြတ်လိုက်တဲ့အခါ ကြီးမားတဲ့ ဂျုံတစ်စေ့ကိုတွေ့လိုက်တယ်။
ဒါပေမဲ့ နောက်တစ်နေရာမှာ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့ ရှိချင်ရှိနိုင်တယ်လို့ သူ စဉ်းစားလိုက်မိတယ်။
အဲဒီနောက် ပိုပြီးကြီးမားတဲ့ ဂျုံတစ်စေ့ကို သူတွေ့လိုက်ပြန်တယ်။ ဒါပေမဲ့ ဒီထက်ပိုကြီးတဲ့ ဂျုံတစ်စေ့က သူ့ကို စောင့်နေနိုင်သေးတယ်လို့သူထင်နေ
ဂျုံခင်းတစ်ဝက်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ဒီဂျုံစေ့ဟာ သူအရင်တွေ့ခဲ့တဲ့ ဂျုံစေ့လောက် မကြီးဘူးဆိုတာ စတင် သဘောပေါက်လာတော့တယ်။ အကြီးဆုံးဂျုံစေ့ကို သူ လွှဲသွားကြောင်း သိတဲ့အခါ နောင်တရလာတယ်။
ဒါနဲ့ သူဟာ ဆက်လက်ရှာဖွေခြင်းမပြုတော့ဘဲ လက်ဗလာနဲ့ ဆရာ့ဆီိ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောတယ်။
“အချစ်ဆိုတာ အဲဒီလိုပဲ။ မင်းဟာ ပိုမိုကောင်းမွန်တဲ့အချစ်ကို ဆက်လက်ရှာဖွေနေတယ်။ ဒါပေမဲ့ အဲဒီပုဂ္ဂိုလ်ကို မင်းလွဲသွားကြောင်း နောင်တစ်ချိန်ရောက်မှ သဘောပေါက်လာတယ်”
“ဒါဆိုရင် လက်ထပ်ခြင်းကရော...”လို့ ကျောင်းသားကမေးပြန်တယ်။
ဆရာက ပြန်ပြောပါတယ်။
“မင်းရဲ့အမေးကို ဖြေဖို့အတွက် စပါးခင်းဆီသွားလိုက်ပါ။ပြီးရင် အကြီးဆုံး စပါးတစ်စေ့ယူပြီး ပြန်လာပါ။ ဒါပေမဲ့ စည်းကမ်းချက်တစ်ခုတော့ရှိတယ်။ မင်းဟာ စပါးခင်းထဲကို တစ်ကြိမ်သာဖြတ်သွားရမယ်။ နောက်ကြောင်းပြန်လှည့်ပြီး ခူးဆွတ်လို့တော့ မရဘူးနော်”
ကျောင်းသားဟာ စပါးခင်းဆီသွားလိုက်တယ်။
ဒီတစ်ချိန်မှာတော့ သူဟာ အရင်အမှားမျိုးမလုပ်မိဖို့ ဂရုစိုက်တယ်။ စပါးခင်းအလယ် ရောက်တဲ့အခါ သူ့စိတ်ကျေနပ်လောက်တဲ့ အလယ်အလတ် စပါးစေ့တစ်စေ့ ခူးဆွတ်ရင်း ဆရာ့ဆီ ပြန်လာပါတယ်။
ဆရာက သူ့ကိုပြောပါတယ်။
“ဒီတစ်ချိန်မှာတော့ မင်းဟာ စပါးစေ့တစ်စေ့ ခူးခဲ့တယ်။ မင်းဟာ သင့်တော်ကောင်းမွန်တဲ့ စပါးတစ်စေ့ကို ရှာဖွေခဲ့တယ်။ ပြီးတော့ အဲဒီအစေ့ဟာ မင်းရခဲ့သမျှ အကောင်းဆုံးအစေ့လို့ ယုံကြည်စိတ်ချမှုရှိတယ်။ လက်ထပ်ခြင်းဆိုတာ အဲဒီလိုမျိုးပါပဲ”
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ အကောင်းဆုံးအချစ်ကိုတွေ့ဖို့၊ အကောင်းဆုံး အချစ်ကိုရရှိဖို့ ရှာဖွေနေခဲ့ကြတယ်။
ကိုယ့်ဆီရောက်လာတဲ့ အကောင်းဆုံးအချစ်ကိုတော့ ပိုင်ဆိုင်ဖို့ မကြိုးစားဘဲ ဒီထက်ပိုကောင်းမယ်ထင်တဲ့ အချစ်ကို ဆက်လက်ပြီး ရှာဖွေနေကြတယ်။ နောင်တစ်ချိန်ရောက်မှ ကျွန်တော်တို့ဟာ အကောင်းဆုံး အချစ်ကို လက်လွှတ်ခဲ့ကြောင်း သိမြင်လာတော့တယ်။
ကျွန်တော်တို့ဟာ လက်ထပ်ဖို့အတွက် ကိုယ်ရဲ့ဂုဏ၊်ပညာနဲ့သင့်တော်သူတ
အကောင်းဆုံးမဟုတ်ပေမယ့် သင့်တော်သူတစ်ယောက်ကို တွေ့တဲ့အခါ လက်ထပ်လိုက်တော့တယ်။
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။ ဒါမှမဟုတ် ကိုယ်ချစ်နေတဲ့သူတစ်ယောက်ကို ရှာဖွေပြီး လက်ထပ်မှာလား။
ဘယ်လိုလူမျိုးကို လက်ထပ်သည့်ဖြစ်စေ၊ သူဟာ ကိုယ့်အတွက် အသင့်တော်ဆုံး၊ အကောင်းဆုံးဖြစ်တယ်လို့ ခံယူချက်နဲ့ တန်ဖိုးထားမြတ်နိုးမယ်ဆိုရင်တော
(နေလင်းအောင် ဘာသာပြန်ဆိုသည်) Credit - Naw Jer
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်