မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 31 May 2013

Myanmar National League


၂၀၁၄ အာရှယူ-၁၄ ခြေစစ်ပွဲတွင် ဒုတိယမြောက် ရှုံးပွဲတွေခဲ့ရသည့် မြန်မာအသင်း

အာရှယူ-၁၄ ဘောလုံးပြိုင်ပွဲ အာဆီယံဇုန် ခြေစစ်ပွဲစဉ်များ၏ တတိယမြောက်နေ့ ပွဲစဉ်များကို ယှဉ်ပြိုင်ကစားခဲ့ရာတွင် အုပ်စု(E) ပွဲစဉ်
များမှ ဖိလစ်ပိုင်အသင်းနှင့် မလေးရှားအသင်းတို့ ပွဲစဉ်တွင် မလေးရှားအသင်းမှာ ပွဲချိန်ပြည့်ဖိအားပေး ကစားခဲ့ပြီး ၂-၀ဂိုးဖြင့် အနိုင်ရ
ရှိခဲ့ခြင်းဖြစ်သည်။ မလေးရှားအသင်းအတွက်ဂိုးများကို ပွဲချိန် ၃၅မိနစ်တွင် မလေးရှားကွင်းလယ်လူ Aliff ၏ပေးပို့မှုမှတဆင့် ကွင်းလယ်
လူ Izreen မှ ကန်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယမြောက်ဂိုးကို ၅၇မိနစ်တွင်မလေးရှားတိုက်စစ်မှူး Fayyadh မှတစ်ကိုယ်တော်အစွမ်း
ဖြင့်သွင်းယူ အနိုင်ရရှိသွားခဲ့သည်။ ညနေ ၃နာရီခွဲတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် ဘရူနိုင်းအသင်းမှာ အရှေ့တီမောအသင်းကို
အရပ်အမောင်း၊ ပြေးအားနှင့် ခြေစွမ်းပိုင်း ယှဉ်နိုင်ခဲ့ခြင်းမရှိဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ အရှေ့တီမောအသင်းသည် ဘရူနိုင်းအ
သင်းကို ကွင်းတစ်ဝက်ဖိကစား ၁၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့၏ ပွဲစဉ်ကို ၃၁.၅.၂၀၁၃ ရက်နေ့ ည၆နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာတွင် မြန်မအသင်းမှာ ၁-၃ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ ဗီယက်နမ်အသင်းသည် ပွဲစသည်နှင့် မြန်မာအသင်းဘက်ကို ဖိအားပေးကစားခဲ့ပြီး ဦးဆောင်ဂိုးစတင် ရရှိသွားခဲ့သည်။
ဗီယက်နမ်အသင်းအတွက် ဦးဆာင်ဂိုးကို ပွဲချိန် ၂မိနစ်တွင် Nguyen Van Thanh ကဂိုးစည်းထိပ်မှ အပြင်းကန်သွင်းသွားခဲ့သည်။ မြန်
မာအသင်းမှ နောက်ခံလူ သက်ပိုင်ထွေး ညာတောင်ပံမှ ပေးပို့မှုကို အပိုင်ကန်သွင်းခဲ့သော်လည်း ဂိုးဘေးမှ ကပ်ထွက်သွားခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာကစားသမားများ အရှုံးဂိုးကို ချေပနိုင်ရန် ကြိုးစားခဲ့သော်လည်း ဗီယက်နမ်အသင်း၏ ခံစစ်ကြောင်းကို ကျော်
ဖြတ်နိုင်ခြင်း မရှိသည့်အတွက် ဂိုးမရရှိခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းအတွက် ဒုတိယမြောက်ဂိုးကို ပွဲချိန် ၅၀မိနစ်တွင် ပင်နယ်တီမှ
တဆင့် Nguyen Hong Son ကသွင်းယူသွားခဲ့သည်။ ပွဲကစားချိန် ၅၇မိနစ်တွင် မြန်မာအသင်းမှ တောင်ပံကစားသမား အောင်ဇင်မြင့်က
ညာတောင်ပံမှ ထောင့်ဖြတ်ကန်သွင်းနိုင်သဖြင့် ချေပဂိုးရရှိခဲ့သည်။ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာတွင် ပွဲချိန်၆၀မိနစ်တွင် တိုက်စစ်မှူး
Nguyen Van Thanh ကတတိယမြောက်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ပွဲအပြီးတွင် မြန်မာအသင်း ဒုတိယမြောက် ရှုံးပွဲကြုံတွေခဲ့ရသည်။

AFC U-14 Championship 2014 Qualifiers

28.5.2013
Group E

Malaysia 2-0 Myanmar 6:00 PM Wanatheikdi (Full Time)
Brunei 0-4 Philippines 3:30 PM Wanatheikdi (Full Time)
Vietnam 1-2 Timor-Leste 9:00AM Wanatheikdi(Full Time)

Group F
Laos 1-3 Singapore 6:00 PM Zayar Thiri (Full Time)
Bangladesh 0-0 Cambodia 3:30 PM Zayar Thiri (Full Time)
Indonesia 2-6 Thailand 9:00 AM PM Zayar Thiri (Full Time)

29.5.2013

Group E

Myanmar 2-1 Philippines 6:00 PM Wanatheikdi (Full Time)
Malaysia 0-0 Timor Leste 3:30 PM Wanatheikdi (Full Time)
Brunei Darussalm 0-11 Vietnam 9:00AM Wanatheikdi(Full Time)

Group F
Thailand 2-0 Singapore 6:00 PM Zayar Thiri (Full Time)
Laos 5-1 Bangladesh 3:30 PM Zayar Thiri (Full Time)
Indonesia 5-0 Cambodia 9:00 AM PM Zayar Thiri (Full Time)

31.5.2013

Group E
Myanmar 1-3 Vietnam 6:00PM Wanatheikdi(Full Time)
Timor Leste 14-0 Brunei Darussalm 3:30PM Wanatheikdi(Full Time)
Philippines 0-2 Malaysia 9:00AM Wanatheikdi(Full Time)

Group F
Cambodia 0-0 Laos 6:00 PM Zayar Thiri (Full Time)
Singapore 0-0 Indonesia 3:30 PM Zayar Thiri (Full Time)
Thailand 4-0 Bangladesh 9:00 AM Zayar Thiri (Full Time)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်