မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 11 May 2013

RCSS/SSA(ရွက်ဆစ်)အကြောင်းမဲ့ သတ်ဖြတ်မှု

RCSS/SSA(ရွက်ဆစ်) လက်နက်ကိုင်အဖွဲ့၏ ပြည်သူအပေါ် အကြောင်းမဲ့ သတ်ဖြတ်မှု
===============================================
မေလေ (၉)ရက်နေ့ မနက် ၈ နာရီခွဲ လောက်မှာ မူဆယ်၊(၁၀၅) မိုင် ရှောင်ကွင်းလမ်း ပေါ်ကို RCSS/SSA အဖွဲ့ တွေ ရောက်လာပြီး  ပစ်ခတ်ကြတယ်။ သေနတ်သံတွေ ကြားပြီးလို့ လူတွေ ပေးသွားတဲ့ အခါမှာ လမ်းပေါ်မှာ လူတွေက လဲနေပြီ။ ဒီတစ်ယောက်ကတော့ မြို့သစ်၊ မိုင်းငေါ့က မောင်ထွန်းရင် လို့ သိရပါတယ်။ သူ တစ်ယောက် သေပြီး နောက်ထပ် လူတွေ ဒဏ်ရာရကြတယ်။

အရင်က ရွက်ဆစ်အဖွဲ့ ဒီဘက်ကို လာပြီး ပစ်တာ မရှိဘူး။ အခု ငြိမ်းချမ်းရေး ယူတယ်ဆိုမှ လာပစ်တယ်။ အခု သေသွားတဲ့ မိဘတွေက သမ္မတကြီးနဲ့ ဦးအောင်မင်း ဆီကို တိုင်စာပို့မယ် ဆိုလို့ အခြေအနေတွေ မေးပြီး ရေး ထားတယ်။ အရှေ့မြောက်တိုင်းကိုတော့ ဒီပြဿနာကို ဖြေရှင်းပေးဖို့ စာပို့ထားပြီးပြီ။ ပါးစပ်နဲ့လဲ ဗိုလ်မှူးကြီး တစ်ယောက်ကို ပြောပြီးပါပြီ။

ရှမ်းပြည်နယ်မှာ ဘိန်းဓားပြ ရွက်ဆစ်တို့ကို ငြိမ်းချမ်းရေး  အကြောင်းပြပြီးတဲ့နောက် ဖြစ်လာတဲ့ ဖြစ်စဉ်ပါ။ သမ္မတ ကြီးနဲ့ ဦးအောင်မင်းတို့ နားလည်နိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်