မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 21 May 2013

တောင်ကြီးမြို့နယ်တွင်

နိုင်ငံတကာ နိုင်ငံရေး လေ့လာခြင်း သင်တန်း အမည်တပ်ကာ ဒေါ်အောင်ဆန်းစုကြည်ပုံ အသုံးပြု စည်းရုံး မှုကြောင့် ပြဿနာ တက်ခဲ့ 
====================================================
တောင်ကြီးမြို့နယ်တွင် မေလ ဒုတိယ အပတ်အတွင်း မျိုးရန်နောင်သိမ်းတို့ ဦးဆောင်သည့် ဗေဒါ အဖွဲ့မှ ပြုလုပ် သည့် နိုင်ငံတကာ နိုင်ငံရေး လေ့လာခြင်း သင်တန်း ၏ သင်တန်းဆင်းလ က်မှတ်တွင် ဒေါ်အောင်ဆန်းစု ကြည်ပုံ များ အသုံးပြု မှုကြောင့် ဒေသတွင်း ပါတီအချင်းချင်း ပြဿနာ များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့တွင် ဗေဒါအဖွဲ့မှ ကိုမျိုးရန်နောင်သိန်း ဆိုသူမှ ပြည်ခိုင်ဖြိုး ကော်မတီဝင် ကိုစိုင်းလုံး ကျော်အား ဆက်သွယ်ခဲ့ပြီး ၁၀-၁၁ ရက်နေ့တွင် နိုင်ငံတကာနိုင်ငံရေး လေ့လာခြင်း အနေဖြင့် လူငယ်များ ကို သင်တန်းပေးမည် ဖြစ်ကြောင်း၊ မည်သည့် ပါတီစွဲမှ မပါကြောင်း၊ ၁၂-၁၃ ရက်နေ့တွင် ပြည်နယ်ရုံး၌ ပါတီစုံနှင့် ရှမ်းပြည်နယ် နိုင်ငံ ရေး ဆွေးနွေးပွဲကို တစ်ဆက်တည်း ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် ပြည်ခိုင်ဖြိုး၏ ပြည်နယ်ရုံးတွင် ပြုလုပ်ရန် ခွင့်မပြုသဖြင့် Classic ခန်းမ၌သာ ပြုလုပ်ခဲ့ပြီး ပြည်ခိုင်ဖြိုး အပါအ၀င် အခြား ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။ သင်တန်းအပြီး၌ အစောပိုင်း ကတိခံထားသော မည်သည့် ပါတီစွဲမှ မပါဆိုသော်လည်း သင်တန်းဆင်းလက်မှတ်၌ ဒေါ်အောင်ဆန်းစုကြည်ပုံ Logo များ ထည့် သွင်းထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံများ ချိတ်ဆွဲခြင်းတို့ကြောင့် ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်များနှင့် ပြဿနာများ ဖြစ်ပွားခဲ့ကြသည်။

ထိုအတွက်ကြောင့် ပြည်ခိုင်ဖြိုး  ပါတီဝင် လူငယ်များမှ နိုင်ငံရေး အမည်ခံ လုပ်စားသည့် အဖွဲ့များ အနေဖြင့် ကျန်သည့် ပါတီများ၏ ဂုဏ်သိက္ခာကို လေးစားရမည် ဖြစ်ကြောင်း၊ လိမ်ညာ၍ အပေါစား စည်းရုံးခြင်းသည် ပါတီနှင့် အဖွဲ့အစည်းကြား ယုံကြည်မှုကို ပျက်စေကြောင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို ကြော်ငြာလိုပါက ဒီလို မဟုတ်သည့်နည်းမျိုးဖြင့် ကြော်ငြာမည့်အစား တောင်ကြီးမြို့ ထိပ်တွင် ဗီနိုင်း ဆိုင်းဘုတ် ချိတ်ထားတာက ပို ကောင်းကြောင်း တို့ကို ပြောပြကာ သင်တန်းနှင့် ဆွေးနွေးပွဲမှ နှုတ်ထွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပွဲစီစဉ်သည့် ဗေဒါအဖွဲ့တွင် မျိုးရန်နောင်သိန်း၊ မင်းနောင်ထော်၊ မြတ်ကို၊ အောင်ကိုကိုတို့ ပါဝင်ခဲ့ပြီး ဗေဒါအဖွဲ့အစည်းဟာ တစ်သီးပုဂ္ဂလ အဖွဲ့အစည်းဖြစ်ပေမယ့် မှတ်ပုံမတင်ရ သေးတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အင်န်အယ်လ်ဒီ) နဲ့ ဆက်နွယ်တဲ့အဖွဲ့ ဖြစ်ပြီး ပထမဆုံးအသုတ်က ကျောင်းသားတွေဟာလည်း အင်န်အယ်လ်ဒီ အဖွဲ့ဝင်တွေ ဖြစ်ကြသည်။
ဓာတ်ပုံ- ရန်ကုန်မှ ဗေဒါကျောင်းဆင်းပွဲ တစ်ခု

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်