အစိုးရနှင့်သဘောတူညီချက် ၃၀ ကျော်အနက် ၂ ခုသာလက်တွေ့အကောင်အထည်ဖေါ်နိုင်ဟ
Wednesday, May 08, 2013 သျှမ်းသံတော်ဆင့်
လာမည့် ၁၉ ရက်နေ့ ကျိုင်းတုံသဘောတူညီချက် တနှစ်ပြည့်ပြီဖြစ်သော်လည်း သဘောတူညီချက်များ အများအပြားအနက် အကောင် အထည်ဖော်နိုင်သည့်အချက် ၂ ခု သာရှိသေးကြောင်း RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်က ထောက်ပြ သည်။
“ကျနော်တို့ ကျိုင်းတုံမြို့သွားပြီး အစိုးရကိုယ်စားလှယ် နဲ့ တွေ့တာ မေ ၁၉ ရက်ဆို တနှစ်ပြည့်တော့မယ်။ ဆွေးနွေး သဘောတူညီချက်တွေထဲမှာ အကောင်အထည်ဖော်နိုင်တာဆိုလို့ အချက် ၂ ချက်ဘဲရှိတယ်။ ကျန်တဲ့အချက်တွေကတော့ တချို့လဲ အကောင်အထည်ဖော်ဖို့ကြိုးစားနေတု
RCSS/
သို့သော် ထို သဘောတူညီချက် ၃၁ ချက် အား ဆန်းစစ်ကြည့်သော် အဓိကကျ အချက် ၁၈ ချက် သာရှိကြောင်း လွယ်တိုင်းလျန်းတွင် မကြာမီက ကျင်းပခဲ့သည့် အစည်းအဝေးမှ ထောက်ပြပါသည်။
အဆိုပါ ၁၈ ချက်မှာ-
(၁) အပစ်အခတ်ရပ်စဲရေး ၊
(၂) နိုင်ငံရေးဆွေးနွေးရေး၊
(၃) နယ်မြေဖွံ့ဖြိုးရေး (စက်မှုဇုံတည်ဆောက်ရေး) ၊
(၄) မူးယစ် ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး၊
(၅) သတ်မှတ်နယ်မြေအတွင်း၌သာ လှုပ်ရှားနေထိုင်ရေး၊
(၆) တဖက်ထိန်းချုပ်နယ်မြေသို့ လက်နက်ကိုင်ဆောင်ဝင်ထွက်မည်ဆိုပ
(၇) အစိုးရထိန်းချုပ်နယ်မြေအတွင်း RCSS ဆက်ဆံရေး ရုံးဖွင့်လှစ်ရေး၊
(၈) နယ်စပ်ဝင်ထွက်ရန်နေရာများအတွက် သျှမ်းပြည် တပ်မတော်နှင့်အစိုးရ တပ်မ တော်တို့ ပူးပေါင်း ညှိနှိုင်းသွားကြရန်၊
(၉) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်သွယ်ရေး၊ စီးပွါးရေးလုပ်ငန်းများလွတ်လပ်စ
(၁၀) နယ်မြေဖွံ့ဖြိုးရေးအတွက် လက်တွဲဆောင်ရွက်သွားကြရန်၊
(၁၁) စာပေယဉ်ကျေး မှုဖွံ့ဖြိုး တိုးတက်ရေး အတွက် အစိုးရဘက်မှ ကူညီပံ့ပိုးပေးရန်၊
(၁၂) ပြည်တွင်းပြည်ပမှ ပရဟိတ အဖွဲ့အစည်းများထံမှ အကူအညီရယူခွင့်ပေးရန်၊
(၁၃) လွတ်လပ် သော မီဒီယာသတင်းဌာန တည်ထောင်ရန်၊
(၁၄) RCSS/SSA ၏ အကျဉ်းကျနေသော တပ်ဖွဲ့ဝင် များအား ပြန်လွှတ် ပေးရန် (ရာဇဝတ်မှုမှလွဲ၍) ၊
(၁၅) ၂၀၁၂ ဂျူလိုင်လ အတွင်း အပစ်ရပ်နှင့် ငြိမ်းချမ်းရေး စောင့်ကြည့် ရေး အဖွဲ့ ဖွဲ့စည်းနိုင်ရန်၊
(၁၆) နှစ်ဦးနှစ်ဘက်ကြား ယုံကြည်မှုရရှိသည့်အချိန်တွင် RCSS/SSA အား တရားမဝင်အဖွဲ့၊ ဥပဒေပြင်ပအဖွဲ့အစည်း အဖြစ် မှ ပယ်ဖျက်ပေးမည်၊
(၁၇) ပြည်တွင်းပြည်ပ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းနှင့် လူထုအား လွတ်လပ်စွာ ဆက်သွယ်ခွင့်ပေးသည်၊
(၁၈) RCSS/
“အထက်ပါ ပြောတဲ့အချက်တွေထဲမှာ ဆက်ဆံရေးရုံးဖွင့်ရေး နဲ့ နိုင်ငံရေးပါတီ၊ အခြားဖွဲ့အစည်း နဲ့ လူထုတွေတို့လွတ်လပ် စွာ ဆက်ဆံနိုင်ရေးဆိုတဲ့ ၂ ချက်ကလွဲလို့ တခုမှ အကောင်အထည်ဖော်လို့မရသေးဘူး။ ၁ အချက်ဖြစ်တဲ့ အပစ်ရပ်ရေး ကိစ္စပိုလို့ တောင် မအောင်မြင်သေးတယ်။ နောက်တခု အောက်တိုဘာ ၂၈ ရက် ၂၀၁၂ တုန်းက တာချီလိတ်မှာ UNODC နဲ့ နေပြည် တော် အစိုးရနဲ့ ကျနော်တို့တွေ့တုန်းက ရခဲ့တဲ့ သဘောတူညီချက် ၉ ချက်ထဲမှာလဲ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးေ
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကော
မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်