မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 18 May 2013

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အကြောင်း မကောင်း ပြောခဲ့သလား

=======================================
နေအိမ် အကျယ်ချုပ် ကျခံစဉ်နှင့် နိုင်ငံတကာ ခရီးစဉ်များမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အကြောင်း မကောင်း ပြောခဲ့ဖူးသလား ဆိုတာကို လိုက်ရှာတော့ အထောက်အထား ရှာမတွေ့ခဲ့ပါဘူး။
အဘွားအို ပြောခဲ့တာတွေက စစ်အစိုးရ ဆိုတဲ့ စကားလုံးတွေသာ ဖြစ်ပါတယ်။ ဒါကလည်း နိုင်ငံရေးကို အသက် ၄၀ ကျော်မှ ထလုပ်ခဲ့တာကြောင့် လူပြိန်းကြိုက် နည်းလမ်းကို အလွယ်လိုက်ခဲ့ဟန် တူပါတယ်။
တစ်ဖက်ကလည်း ပုတ်ခတ်ပြောဆိုရင်း တစ်ဖက်ကလည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်တိုင်းမှာ ပြုံးဖြဲနေတဲ့ အဘွားအို မျက်နှာကို မြင်ခဲ့ရပါတယ်။ ကျွန်မ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော်မို့လို့ ကျွန်မလည်း တပ်မ တော်ကို ချစ်ပါတယ်။ စစ်သားလွှတ်တော် အမတ်တွေနဲ့ အလုပ်အတူ လုပ်ရတာကို ပျော်ပါတယ် ဆိုတဲ့ စကား လုံးတွေကလည်း အကျယ်ချုပ်က လွတ်မြောက်ပြီးနောက်ပိုင်း အမြဲပြောနေကျ စကားလုံးတွေ ပါပဲ။

နိုင်ငံခြားသားနဲ့ ယူခဲ့တာ၊နိုင်ငံခြားမှာ အသက် ၄၀ ကျော် အထိ နေခဲ့တာတွေဟာ ဖျက်မရတဲ့ သမိုင်းတွေပါ။ ဒီ ကြားထဲမှာ နိုင်ငံခြားက ရလာတဲ့ ဒေါ်လာငွေကြေးတွေကို အခွန်မဆောင်တာတွေ၊ တောတွင်း အကြမ်းဖက် သမားတွေကို အိမ်ထဲမှာ လက်ခံခဲ့တာတွေ၊ ဂျွန်ယက်တောလို အမေရိကန် တစ်ယောက်ကို အိမ်ထဲခိုးဝင်တာ လက်ခံခဲ့တာတွေဟာ ဥပဒေအတိုင်း ကန့်ကွက်လာတဲ့သူတွေ ရှိလာရင် နိုင်ငံရေး နေရာ ရဖို့ အတော်ခက်ခဲပါ လိမ့်မယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသား တစ်ဦးက ကန့်ကွက်လို့ ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်ခွင့် မရခဲ့ပေမယ့် ယခု အခြေခံဥပဒေအရ လွှတ်တော်ထဲ ရောက်လာခဲ့တာတွေဟာ ယနေ့ အစိုးရနဲ့ ဒေါ်အောင်ဆန်း စုကြည် အကြား ခိုင်မာစေနိုင်တဲ့ အပြန်အလှန် နားလည်မှု ဖြစ်စေခဲ့ပါတယ်။

ဒါပေမယ့် ယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေး သမား တစ်ယောက် ပီသနေပါပြီ။ အချိန်အခါ ကို စောင့်တတ်တဲ့ နိုင်ငံရေး သမား တစ်ယောက်ပီပီ ပြည်တွင်းရန် ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အရေး မှာ မည်သည့်ဝင်စွက်ဖက်မှုမှ မပြုလုပ်ခဲ့ပါဘူး။ ဒီအချက်ကို ကြည့်ခြင်းဖြင့် ယနေ့ စစ်တပ်ရဲ့ လုပ်ဆောင်ချက် တွေ အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဝေဖန်စရာ မရှိဘူးလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မကောင်းကြောင်းတွေ ဆက်ပြီး ပြောချင်ပြောနေပါလိမ့်မယ်။ ဒါပေမယ့် စစ်တပ်မကောင်းကြောင်းတော့ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ ရှာမတွေ့တော့တဲ့ စစ်အစိုးရ မကောင်းကြောင်း တွေပဲ ဖြစ်ပါလိမ့်မယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်