မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 12 May 2013

သတိ …. မြန်မာနိုင်ငံရှိကားကုမ္ပဏီများထံမှလိမ်စားနေသူများ

" သတိ …. မြန်မာနိုင်ငံရှိကားကုမ္ပဏီများထံမှလိမ်စားနေသူများ ….."

ဒေါ်ဝင်းပပအောင် (ခ) ဒေါ်ဝင်းမင်းသန်း (ခ) မပပ (ခ) Kojima Mitsuki နှင့် ဦးမောင်မြင့် (ခ) လှမျိုးမြင့် (ခ) သားကြီး ၊ တို့ နှစ်ဦးသည် ဂျပန်နိုင်ငံမှ ကားကုမ္ပဏီနှင့်မြန်မာနိုင်ငံမှ ကားကုမ္ပဏီများကို ကြားမှ ချိတ်ဆတ်ပေး သည်ဟုအယောင်ဆောင်ကလိမ်လည်လှည့်ဖြားနေပါသည် ။ဒေါ်ဝင်းပပအောင်သည် ဂျပန်နိုင်ငံ Nikko Auto ကားကုမ္ပဏီတွင်လက်ရှိအလုပ်လုပ်နေသူတစ်ဦးဖြစ်ပီး သူမသည် ၄င်းကုမ္ပဏီ မှ မြန်မာနိုင်ငံရှိ ကားကုမ္ပဏီ များအား Investments လုပ်ရန်ကြားခံဆက်သွယ်ပေးသည်ဟု ဟန်ဆောင်လိမ်လည်နေသူဖြစ်သည် ။ ၄င်းပိုင်ကုမ္ပဏီမှာ KM Trading (ခ) K&M Trading ဟုနာမည်သုံးကာ ဂျပန်သူဌေးများ နှင့် မြန်မာလုပ်ငန်းရှင်များကြား နည်းမျိုးစုံသုံး၍လိမ်လည်နေပါသည် ။ ဂျပန်နိုင်ငံမှဂျပန်လူမျိုးများကိုငှား၍ သူဌေးဟန်ဆောင်ကာ အယုံသွင်းစာချုပ်များချုပ်ဆိုခဲ့သည် ။ ယခု ပြဿာနာတက်နေသောကုမ္ပဏီသည် သူမအားယုံကြည်၍ မောင်နှမလိုနေသောသူများဖြစ်သည် ။ မောင်နှမလိုနေသည်ဆိုပေမယ့် အွန်လိုင်းတွင်သာခင်ပီး သူမ၏အပြောကောင်းမှုကြောင့်ယုံကြည်မှု ပိုခဲ့တယ် အားကိုးခဲ့တယ်ဆိုရင်လည်းမမှားပါ သူမသည် ထိုကုမ္ပဏီ နှင့် ဂျပန်ကုမ္ပဏီကို ချိတ်ဆတ်ပေး၍ ၄င်းအားကုမ္ပဏီထံ Director ရာထူးအဖြစ်ခန့်အပ် ထားပေးရန်တောင်းဆိုသည် ။ ယုံကြည်မှုဖြစ် ကတစ်ကြောင်း မိမိကုမ္ပဏီလို သဘောထားစေခြင်တဲ့စိတ်က တစ်ကြောင်းဖြစ် Director ရာထူးပေး၍ စီးပွားဖက်အဖြစ်သဘောထားလုပ်ကိုင်ခဲ့သည် ။ ၆ လလောက် တွဲလုပ်ခဲ့သည့်အချိန်မှာ သူမဟာ ကျတော်တို့အပေါ်မှန်မှန်ကန်ကန်လုပ်ကာအယုံသွင်းခဲ့ပါသည်။ ကျွန်တော်တို့ယုံကြည်မှုအား ကိုးမှုကိုရပြီဆိုမှ သူမ သည် ကြိုပွိုင့်မှာထားသောကားများကို တင်လိုက်ပီဟု ရန်ကုန်ရုံးထိုင် ကုမ္ပဏီပိုင်ရှင် မန်နေဂျင်းဒါရိုက်တာ ဦး …….. ထံမှ ပိုက်ဆံမှာယူ၍ တကယ်တမ်း ဆိပ်ကမ်းကပ်မည်ရပ်တွင် ၄င်းသဘောင်္နှင့်ကားများပါလာခဲ့ခြင်းမရှိခဲ့ပါ .. သို့ဖြစ်ပါ၍ BL (သဘောင်္တင်စာရွက်စာတမ်း)များတောင်းသော်လည်း BL(သဘောင်္တင်စာရွက်စာတမ်း) များကို ပေးခဲ့ခြင်းမရှိခဲ့ပါ …. ထိုနည်းတူတပြိုင်တည်းမှာထားသောကားများ သဘောင်္တင်ပီးသောကားများ အားလုံး၏ BL များကိုပါ မပေးတော့ပဲလိမ်လည်သွားသည် ။ စုစုပေါင်းကား(၇) စီးလိမ်ခံလိုက်ရပါတယ် ။ ၆လလောက်မှန်မှန်ကန်ကန်လုပ်လာတယ် အဆင်လဲပြေနေတယ်ဆိုတော့ငွေကြေးကြပ်တည်းနေတယ် ကားတန်ဖိုးတွေအရင်ပေးချေပေးဖို့ အကူအညီတောင်းလာတော့ ယုံကြည်ပီးပို့ပေးလိုက်မိသည် ။ ကျတော်တို့မှာ ပိုက်ဆံလဲဆုံးရှုံပြီး ကြိုပွိုင့်ရောင်းထားတဲ့လူတွေအပေါ်လဲမျက်နှာပျက်စရာမျိုးတွေကြုံခဲ့ရပါတယ် မြန်မာနိုင်ငံ၌ ကားကုမ္ပဏီလုပ်ငန်းတွေ Show Room တွေဟာ ပေါ်ပင်စီးပွားရေးလိုဖြစ်နေသောကြောင့် မိမိလိုမကြုံရစေရန်နှင့် ၄င်းတို့အားရှောင်ကြဉ်ရန် သတိထားစေရန် စေတနာဖြင့် အသိပေးခြင်းဖြစ်ပါသည် ။
" သတိ …. မြန်မာနိုင်ငံရှိကားကုမ္ပဏီများထ
ံမှလိမ်စားနေသူများ ….."

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်