မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 17 May 2013

- အာခါတိုင်းရင်းသားရေးရာဝန်ကြီး အာခါတိုင်းရင်း သားခေါင်းဆောင်များဖြင့်တွေ့ဆုံ

- အာခါတိုင်းရင်းသားရေးရာဝန်ကြီး  အာခါတိုင်းရင်း
          သားခေါင်းဆောင်များဖြင့်တွေ့ဆံ
 
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊အာခါတိုင်းရင်းသားရေးရာဝန်ကြီးဦးပီတာသောင်းစိန်
သည် (၁၅-၅-၂၀၁၃)ရက်နေ့   ၊နေ့လည်(၁၃း၀၀)အချိန်တွင်    တာချီလိတ်မြို့
ဇန်းမွန်းအာခါဟိုတယ်တွင် တာချီလိတ်မြို့နယ်ရှိ အာခါတိုင်းရင်းသား     ရပ်မိ-
ရပ်ဖ များနှင့်တွေ့ဆုံကာ ဆဌမအကြိမ်လွှတ်တော်အတွေ့အကြုံ ရှင်းလင်းပွဲနှင့်
အာခါစာပေ ကျောင်းဝင်းအတွင်း ကျောင်းချိန်ပြင်ပ   သင်ကြားနိုင်ရေး(ပထမ)
အကြိမ်ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ရှေးဦးစွာ ညှိနှိုင်းအစည်းအဝေးတက်ရောက်လာကြသူများက
တစ်ဦးခြင်းမိတ်ဆက်ခြင်း၊ အာခါတိုင်းရင်းသားရေးရာဝန်ကြီးမှ ညှိနှိုင်းအစည်း
အဝေးပြုလုပ်ရခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းကာအဖွင့်အမှာစကားကို ပြော
ကြားခဲ့ပါသည်။

  ဆက်လက်ပြီူး အစည်းအဝေးတက်ရောက်လာသူများက
မေးမြန်းလိုသည်
များကိုတစ်ဦးခြင်းမေးမြန်းခြင်း၊မေးမြန်းခြင်းများအပေါ် ၀ိုင်းဝန်းဆွေးနွေးခြင်း
အာခါတိုင်းရင်းသားရေးရာဝန်ကြီးမှ မေးမြန်းချက်များအပေါ် အသေးစိပ်ရှင်း
လင်းပြောကြားခြင်းများပြုလုပ်ခဲ့ပါသည်။

   အဆိုပါညှိနှိုင်းအစည်းအဝေးသို့ အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာ
သောင်းစိန် ၊တာချီလိတ်မြို့ လားဟူတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဥက္ကဌ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝီလ်ဆင်မိုး၊     ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့ အာခါစာပေနှင့်ယဉ်ကျေးမှု
ဥက္ကဌ ဦးလော်တာ၊အတွင်းရေးမှူး ဦးအားလယ်    နှင့်ကော်မတီအဖွဲ့ဝင်များ ရှမ်းတိုင်းရင်းသားရေးရာစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့မှ      ဦးစိုင်းဆွမ်းဝန်း(ခ)
ဦးစိုင်းမိုင်၊         လားဟူစာပေနှင့်ယဉ်ကျေးမှု  အတွင်းရေးမှူး ဦးရောဘတ်၊ တွဲဖက်အတွင်းရေးမှူး ဦးကျဒေါလော် ပြည်ခိုင်ဖြိုးပါတီမှ ခရိုင်ကော်မတီဝင် ဦးလွန်းသူ မှအခမ်းအနားမှူး၊လေ့လာသူအဖြစ်ခရိုင်ကော်မတီဝင်   ဦးဘိုစံ၊
အခါဈေးပိုင်ရှင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီ   နာယက ဦးအာဇေး နှင့် အင်အား    (၂၄)ဦးတက်ရောက်ခဲ့ပါသည်။

 
အစည်းအဝေးတွင် ဦးလော်တာ၊ ဦးအာမဲ၊ ဦးချစ်ဂျွေ့၊ ဦးချစ်ထူ၊ဦးအားလယ်
ဦးထွန်းအောင်၊ ဦးယာမဲ၊ ဦးအာဇေး၊ ဒေါ်ခင်ထွေး တို့က သိချင်သည်များအား
မေးမြန်းခြင်း၊ မေးမြန်းခြင်းအပေါ် အဖွဲ့များက ၀ိုင်းဝန်းဆွေးနွေးခြင်း၊    အာခါ
တိုင်းရင်းသားရေးရာဝန်ကြီးမှ မေးမြန်းချက်များအပေါ် အသေးစိပ်ရှင်းလင်း
ခြင်း နှင့် နိဂုံးချုပ်စကားပြောကြားကာ နေ့လည်(၁၅း၄၅)အချိန်တွင် အောင်
မြင်စွာ အစည်းအဝေးရုတ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်