မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 31 May 2013

ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်

mini Bus အမျိုးအစားယာဉ်များအား ကနဦးမှတ်ပုံတင်ရာတွင် အောက်ပါအတိုင်းဆောင်ရွက်မည်ဖြစ်ပါသည်-
(က)ယာဉ်အိုယာဉ်ဟောင်းအစီအစဉ်(၁၉
၉၇မှ၂၀၀၇ခုနှစ်အထိ)။
ယာဉ်အိုယာဉ်ဟောင်းစီမံချက်အရ တင်သွင်းလာသော(၁၉၉၇ ခုနှစ်မှ ၂၀၀၇ခုနှစ်အထိ) (၁၀)ယောက်စီးမှ (၁၅)ယောက်စီးအထိ Mini Bus ယာဉ်များအား ဘယ်မောင်း/
ညာမောင်းမခွဲခြားဘဲ ပြည်ပတင်သွင်းယာဉ် မှတ်ပုံတင်ခအား ဘတ်(စ်)ယာဉ်နှုန်းထားဖြင့် ကောက်ခံ၍ မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပြီး ပိုင်ရှင်ဆန္ဒအရ ကိုယ်ပိုင်ဖြစ်စေ၊ အငှားဖြစ်စေ ဆောင်ရွက်နိုင်ရန်ဖြစ်ပါသည်။
(ခ)လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ကုမ္ပဏီများမှ လျှောက်ထားမှု(၂၀၀၃ခုနှစ်မှ ၂၀၁၃ခုနှစ်အထိ)
(၁)လူပုဂ္ဂိုလ်တစ်ဦးချင်းနှင့် ကုမ္ပဏီများမှလျှောက်ထားလာမှုတွင်
ဘယ်စတီယာရင်ဖြစ်ပါက ပိုင်ရှင်ဆန္ဒအရ အငှားယာဉ်အဖြစ် မှတ်ပုံတင်လိုလျှင် မူသေအမှတ် “BB”၊ “CC” စသည်ဖြင့်သတ်မှတ်ပြီး ပြည်ပတင်သွင်း ယာဉ် မှတ်ပုံတင်ခအား ဘတ်(စ်)ယာဉ်နှုန်းထားဖြင့်လည်းကောင်း၊ ကိုယ်ပိုင်ယာဉ်အဖြစ်လျှောက်ထားပါက လူစီးယာဉ်များအတိုင်း အင်ဂျင်စွမ်းအား (Eniger Power CC) အလိုက်တွက်ချက်ပြီး ရောက်ရှိမူသေအအမှတ် သတ်မှတ်၍လည်းကောင်း မှတ်ပုံတင်ဆောင်ရွက်ပေးရန်ဖြစ်ပါသည်။
(၂) ညာစတီယာရင်ယာဉ်များဖြစ်လျှင် ကနဦးအငှားယာဉ်အဖြစ်မှတ်ပုံတင်ြ
ခင်းအား ခွင့်မပြုပါ။ လူစီးယာဉ် အဖြစ်သာ အင်ဂျင်စွမ်းအား (Eniger Power CC) အလိုက်တွက်ချက်ကောက်ခံပြီး ရောက်ရှိမူသေအမှတ် သတ်မှတ်၍ မှတ်ပုံတင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

From ကညန

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်