မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 19 May 2013

Oxford Advanced Learner's Dictionary for Android


ဒီဆော့ဝဲလ်လေးကတော့ ကျွန်တော့်သူငယ်ချင်းကို ကူညီရင်းနဲ့ တွေ့ခဲ့တာပါ။ နာမည်ကြီး Oxford Advanced Learner's Dictionary ကို Android ဖုန်းထဲမှာ အသုံးပြုလို့ရအောင် ဖန်တီးပေးထားတာပါ။ ဒီဆော့ဝဲလ်လေး 2Mb ကျော်ကျော်သာရှိပေမယ့် အသုံးပြုဖို့အတွက် အင်တာနက်ကနေ စာနဲ့ အသံဖိုင်တွေကို download ဆွဲပေးရပါတယ်။ တစ်ချို့တွေက မသုံးတတ်ဘူးဖြစ်နေကြလို့ အသုံးပြုနည်းကို ရေးပေးလိုက်ပါတယ်။

ဒီ apk ဖိုင်လေးကို download ချပြီး မိတ်ဆွေရဲ့ဖုန်းထဲကို installလုပ်လိုက်ပါ။ ပြီးရင် ဖွင့်ကြည့်လိုက်ပါက အသုံးပြုနိုင်ဖို့အတွက် ကျန်တဲ့စာသားတွေကို download ခိုင်းပါလိမ့်မယ်။ စာအတွက်ဖိုင်က
ဒေါင်းလုပ်ချဖို့ 420Mb လောက်ရှိပါတယ်။ လိုင်းကောင်းရင်တော့ တစ်ခါတည်းချလိုက်ပါ။ ကျွန်တော်ကတော့ ၄နာရီလောက်ကြာပါတယ်။ ပြီးဆုံးသွားရင်တော့ အသုံးပြုလို့ရပါပြီ။ ဒါပေမယ့် အသံထွက်တွေကတော့ မရသေးပါဘူး။ အသံထွက်တွေအတွက်လည်း သီးသန့် ဒေါင်းပေးရပါတယ်။ ဘယ်လို ဒေါင်းရမလဲဆိုတော့ Setting ကိုသွားလိုက်ပါ။ အဲဒီမှာ ကဏ္ဍ(၃)ခုရှိပါတယ်။ Sound ဆိုတဲ့ အောက်ဆုံးက ကဏ္ဍထဲကို ဝင်လိုက်ပါ။ အလယ်မှာ Download BrE spoken sentences နဲ့ Download NAmE spoken sentences ဆိုတာ နှစ်ခုတွေ့ပါတယ်။ အဲဒါတွေအားလုံး ဒေါင်းပြီးရင်တော့ ပြည့်စုံစွာအသုံးပြုနိုင်တဲ့ အဘိဓါန်တစ်ခုကို မိတ်ဆွေ ပိုင်ဆိုင်ရပါပြီ။
အဲဒီလို ဒေါင်းတဲ့အခါမှာ ကွန်ပျူတာနဲ့ ဒေါင်းရင် ပိုအဆင်ပြေပါတယ်။ ကွန်ပျူတာနဲ့ ဒေါင်းချင်သူများအတွက် လင့်ကိုအောက်မှာ ရေးပေးထားပါတယ်။ ကွန်ပျူတာနဲ့ ဒေါင်းတဲ့သူတွေကတော့ 524C.sdc,5FFF.sdc,5FFC.sdc ဆိုတဲ့ ဖိုင်၃ဖိုင်ရပါမယ်။ ထိုဖိုင်တွေကို မိတ်ဆွေတို့ ဖုန်းထဲက Oxford ဆိုတဲ့ folder လေးထဲမှာ ထည့်ပေးလိုက်ရင် အသုံးပြုလို့ ရပါပြီဗျာ....

Oxford Advanced Learner's Dictionary အတွက် ဒေါင်းရန်လင့်များ

Oxford Advanced Learner's Dictionary for Android apk

စာသားဖိုင်ဒေါင်းရန်
အသံဖိုင် (1) ဒေါင်းရန်
အသံဖိုင် (2) ဒေါင်းရန်

အားလုံးကို ခင်မင်လေးစားလျက်...
လင်းယံခ မြန်မာစာ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်