မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 6 June 2013

ယနေ့အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့

 မလေးရှားမှာ အဖမ်းအဆီး အရမ်းကြမ်းနေတယ်.... တရားဝင်ရော တရားမဝင်ရော.. တွေ့သမျှ မြန်မာ အကုန်ဖမ်းတာ....
>>>
ကေအယ်တွင် (အော်ပရာစီ) စတင်ပြုလုပ်နေပြီ
Wednesday, June 5, 2013

ယခုလက်ရှိ ကွာလာလမ်ပူ မြန်မာဆိုင်များတည်ရှိရာ လမ်းများအားလုံး
ပိတ်ဆို့စစ်ဆေးမှု့ (အော်ပရာစီ) စတင်ပြုလုပ်နေပြီ ယနေ့ 5.6.2013 နံနက် 11 နာရီမှ စတင်ပြီး ကွာလာလမ်ပူမြို့မြန်မာစားသောက်ဆိုင်များ
တည်ရှိရာ အနီးတစ်ဝိုက် ရှိ လမ်းများအားလုံး ၊ မြန်မာဆိုင်များ ၊ လမ်းထောင့်များတွင် အင်အားရာကျော်ရှိသော ရဲ ၊ လဝက ၊ ရေးလား
(ပြည်သူ့စစ်)များပါဝင်သည့် အထူးစီမံချက်တစ်ရပ်ပြုလုပ်ကာ မည်သူ့ကို
မဆို စစ်ဆေးဖမ်းစီးမှု့စတင်နေပြီဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ 4 ရက်ဆက်တိုင် မြန်မာနိုင်ငံသားများ ကြားတွင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု့များ ကြောင့် ယနေ့ကွာလာလမ်ပူတစ်ဝိုက်
Block Checking များ ၊ နေအိမ်များသို့ ရှောင်တခင် စစ်ဆေးမှု့များ နှင့်
ုမြန်မာနိုင်ငံသားများနေထိုင်မှုများသောနေရာဒေသများတွင် အထူးစီမံချက်
ဖြင့် ဖမ်းဆီးစစ်ဆေးမှု့များ ပြုလုပ်နေတာဖြစ်တယ်လို့ ဖမ်းဆီးသည့် အဖွဲ့တွင်ပါဝင်သော ရေးလားမှ ပြောပြခဲ့တာ သိရပါတယ် ။

သို့ပါသောကြောင့် ယနေ့ 5.6.2013 ညနေပိုင်း အဖမ်းဆီးများရှင်းလင်း
သည်အထိ အထောက်အထားမရှိသော မြန်မာနိုင်ငံသားများ ကွာလာလမ်ပူ
မြို့သို့ သွားလာမှုဆင်ခြင်ရန် သတိပေးရပါတယ် ။ ယခု ချိန်အထိ Mydin
ဒေါင့် ၊ ကိုတာယာရာ ထောင့် ၊ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး စသည့်
မြန်မာဆိုင်များတည်ရှိရာလမ်းများ နှင့် မြန်မာဆိုင်တိုင်းစီ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် စစ်ဆေးဖမ်းဆီးနေကြောင်း မလေးရှားရောက် မြန်မာ တို့အား အချိန်မှီ သတိပေးရပါသည် ။

မလေးရှားရောက် မြန်မာများ
ယနေ့အထူးဖမ်းဆီးမှု့တွင် မြန်မာ 300 ကျော်အား စစ်ဆေးဖမ်းဆီးခဲ့ကြောင်းတရားဝင်ကြော်ငြာ
ယနေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် အထူးစီမံချက်တစ်ရပ် အနေဖြင့် မြန်မာနိုင်ငံသား 300 ကျော်အား ရှာဖွေထိမ်းသိမ်းနိုင်ခဲ့ကြောင်
း မလေးရှားနိုင်ငံ နာမည်ကြီးသတင်းဌာနဖြစ်သော The Star သတင်းဌာနရဲ့အင်တာနက် စာမျက်နှာမှာ တရားဝင်ကြော်ငြာသွားခဲ့ပါတယ်။
ယနေ့ 5.6.2013 အတွက် အထူးအဖွဲ့ဝင် များဖြင့်ဖွဲ့စည်းထားသော အဖွဲ့ များစွာဖွဲ့ကာ စတင်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း။
ထိုသို့ဖမ်းဆီးရသည့်အကြောင်းရင်းမှာ မေလ 30 ရက်နေ့မှ ဇွန်လ 4 ရက်နေ့အတွင်း ဖြစ်ပွားနေသည့် ဘာသာရေး ပဋိပက္ခ များကြောင့် ထိရောက်စွာကိုင်တွယ်ရန် စတင်ခြင်းဖြစ်ကြောင်း ။
မြန်မာနိုင်ငံသား 2 ဦးသေဆုံးပြီး အချို့မှာ လက်ရှိဆေးရုံတွင်ပင် ဆက်လက်ကူသနေရဆဲဖြစ်ကြောင်း ၊ ပြဿနာ 7 ကြိမ်တိတိဖြစ်ပွားခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ။
မလေးရှားတွင် သွေးထွက်သံယို ပြဿနာများ မပေါ်ပေါက်ရန် နှင့် တရားမဝင်နေထိုင်သူများအား မြန်မာပြည်သို့ပြန်ပို့ပြီးကာကွ
ယ်ရာရောက်ကြောင်း ဖော်ပြသွားပါတယ်
နိုင်ငံပိုင်သတင်းစာကဲ့သို့ လက်ရှိ အစိုးရထုတ်သတင်းစာဖြစ်တာကြောင့်
သူတို့ ဘာလုပ်ခဲ့တယ်ဆိုတာကို ဖော်ပြတဲ့သတင်းလောက်ပဲ ရေးသားတင်ဆက်ထားတာကိုတွေ့ရပါတယ် ။ ထိုသတင်းတွင်ပဲအောက်ဆုံးတွင် မြန်မာနိုင်ငံရှိ ရိုဟင်ဂျာဆိုသော အသုံးနှုန်းအားသုံးစွဲထားပြီး ထိုသို့ ဖမ်းဆီးရန်အတွက် မြန်မာနိုင်ငံရှိ တာဝန်ရှိ အုပ်စုကြီး 2 စုနှင့် တွေ့ဆုံးထားပြီးဖြစ်ကြောင်းကိုပါ The Star သတင်းဌာနက ဖော်ပြသွားပါတယ် ။
မည်၍ မည်မျှ အထိ ဆက်လက်ဆောင်ရွက်သွားမည်ဟု မဖော်ပြထားပဲ Task Force ဟုသုံးစွဲထားပြီး ယနေ့အများဆုံးဖမ်းဆီးသည့်နေရာအြ
ဖစ် Brickfield (မြန်မာဆိုင်များနေရာအား မဖော်ပြ) နှင့် Sentul တို့တွင် အများဆုံးဖမ်းဆီးခဲ့ကြောင်းကို သာဖော်ပြသွားခဲ့ပါသည်ကို ..။
မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာက ဘာသာပြန်တင်ဆက်ပေးရပါသည် ။
ဆက်လက်ပြီး မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး မိမိတို့ပတ်ဝန်ကျင်တွင် ထူးခြားဖြစ်စဉ် ၊မှု့ခင်းဖြစ်စဉ်များရှိလာပါက
ဤစာမျက်နှာတွင် လာရောက် ရေးသားနိုင်ပါသည် ။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်