မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 14 June 2013

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာနန္ဒမာလာဘိဝံသ ၏အကြံပြုတင်ပြလွှာ


အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ
ရန်ကုန်တိုင်းဒေသကြီး
မှော်ဘီမြို့၊ ဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း
တိုက် ၌ ကျင်းပပြုလုပ်အပ်သော ဗုဒ္ဓသာသနာတော်ဆိုင်ရာ
သြဝါဒခံယူညှိနှိုင်းဆွေးနွေးပွဲသ
ို့ပေးပို့အပ်သောအကြံပြုတင်
ပြလွှာ
(၁) မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှသော ပဋိပက္ခအ
ခြေနေများနှင့် အထိကရုဏ်း(Rito)များကြောင့် တိုင်းပြည်
တည်ငြိမ်အေးချမ်းမှု ဆုံးရှုံး၍ နိုင်ငံတကာမျက်နှာစာ၌
မြန်မာနိုင်ငံ၏ ဘာသာ သာသနာအပေါ် အထင်အမြင်
လွဲမှားမှုများ ဖြစ်ပေါ်နေပါသည်။ ထိုသို့ အထင်အမြင် လွဲမှား
မှုများသည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှု ဖွံ့ဖြိုးတိုး
တက်မှုအတွက် ကြီးမားသော အနှောက်အယှက်များဖြစ်ပါ
သည်။
(၂) နိုင်ငံတကာ မျက်နှာစာ၌ မြန်မာနိုင်ငံ ဘာသာ သာသ
နာအပေါ် အထင်အမြင်လွဲမှားမှုများ မဖြစ်စေရန် ကာကွယ်
စောင့်ရှောက်မှု နည်းလမ်းကို အကြံပြုလိုပါသည်။
(က) အမျိုး ဘာသာ သာသနာ ကာကွယ်ရေးကွန်ယက်
(National Faith Protective Networkး NFPN)
တစ်ခု တည်ထောင်ရန်၊
(ခ) NFPN ၏အသံသည် ရဟန်းရှင်လူ ပြည်သူအား
လုံး၏ အသံဖြစ်စေရန်၊
(ဂ) NFPN မှ မှန်ကန် မြန်ဆန်ထိရောက်သော သ
တင်းများ ပေးပို့ရန်၊ စွပ်စွဲမှုများ မဟုတ်တရား
သတင်းမှားများကို တုန့်ပြန်ချေပရန်၊
(ဃ) မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြား စည်းရုံး
ရေးနှင့် သတင်းအမှန်ရရှိရေး ရှင်ငယ် လူငယ်များ (စေတနာ့ဝန်ထမ်း သို့မဟုတ် လိုအပ်ချက်များ ထောက်ပံ့
ပေးထားသူ)ဖြင့်ဆောင်ရွက်ရန်၊
(င) အမြော်အမြင် ရှိရှိဖြင့် အမျိုးဘာသာ သာသနာ
စောင့်ရှောက်လိုသူများဖြင့်
ပြည်တွင်းပြည်ပအင်အားများ ချိတ်ဆက်ရန်၊
(စ) ကမ္ဘာ့အသင်းစုကြီးများရှိ မြန်မာ့မျိုးချစ်များကို
စည်းရုံးထားရန်၊
(ဆ) ကမ္ဘာ့ကုလသမဂ္ဂထိ ပေါက်ပေါက်ရောက်
ရောက် ပြောနိုင်သူများနှင့် ချိတ်ဆက်ထားရန်၊
(ဇ) နိုင်ငံတကာ ဘာသာစကားမျိုးစုံဖြင့် သတင်းစာ
ရေဒီယို TV တို့မှ နိုင်ငံတကာက ကြားသိအောင် ရေးနိုင်
ပြောနိုင်သူတို့မှတဆင့် စဉ်ဆက်မပြတ် သတင်းဖြန့်ရန်၊
(ဈ) လက်ရှိသံဃနာယကအဖွဲ့များမှာ ရိုးရာကိစ္စ
ဆောင်ရွက်မြဲ ဆောင်ရွက်နေကြသည် ဖြစ်၍ သံဃာ့အဖွဲ့
အစည်း ထပ်မံဖွဲ့စည်းရန်၊
(ည) NFPN အဖွဲ့သည် ရဟန်းရှင်လူ ပြည်သူအား
လုံး ပါဝင်သော တစ်ခုတည်းသော အဖွဲ့မျိုးဖြစ်စေရန်၊
(ဋ) အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်
ရေးဟူသော တစ်ခုတည်းသောဦးတည်ချက်ကို ဦးထိပ်ထား
လျက် စုပေါင်းခေါင်းဆောင် စုပေါင်းဆွေးနွေး စုပေါင်းအဖြေ
ရှာ စုပေါင်းဆောင်ရွက်ရေး အလေးပေးကြရန်၊
(ဌ) ညီညွတ်ရေးသည် ပထမ
ညီညွတ်ရေးသည် ဒုတယ
ညီညွတ်ရေးသည် တတိယ
ညီညွတ်ရေးကိုသာ အသက်ထက်မြတ်နိုးကြပါရန်၊
(ဍ) တဖက်မှ အမျိုးဘာသာ သာသနာကာကွယ်ရေး
ကို ဆောင်ရွက်ရင်း တဖက်မှ အမျိုးဘာသာ သာသနာကြီး
ပွားရေးကို သမဂ္ဂသမ္မောဒမာန ဒီဃဒဿီ
ဂုဏ်ရည်ပြည့်စွာ ဆောင်ရွက်တော်မူကြပါ။

ရက်စွဲ ။ ။ နန္ဒမာလာဘိဝံသ
၂၀၁၃ ဇွန် ၁၃ ပါမောက္ခချုပ်
ITBMတက္ကသိုလ်
ရန်ကုန်
 

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်