မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 4 June 2013

တာချီလိတ် ချစ်ကြည်ရေး တံတား အမှတ် (၁) ပေါ်တွင် ဥပဒေမဲ့ငွေကြေးများကောက်ခံနေ

                                   တာချီလိတ် ဘက်ကမ်းရှိ တံတား အ၀င်/ အထွက်
မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ အမှတ် ၁ ချစ်ကြည်ရေး တံတားမှ ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးသော ကောင်တာတွင် ဥပဒေမဲ့ မတရား သဖြင့် ငွေကြေးများ ကောက်ခံခြင်း များကြောင့် ခရီးသွား ပြည်သူများ မကျေနပ် ဖြစ်နေ ကြသည်။ 
တာချီလိတ်မြို့ အမှတ် ၁ ချစ်ကြည်ရေး တံတားမှ တစ်ဖက် နိုင်ငံ မယ်ဆိုင်မြို့သို့ အကြောင်း အမျိုးမျိုးဖြင့် သွားရောက် ကြသော မြန်မာ တိုင်းရင်းသားများအား ယာယီ နယ်စပ် ဖြတ်သန်းခွင့်
လက်မှတ် ထုတ်ပေးသည့် ကောင်တာတွင် တာဝန်ကျနေ သော လူဝင်မှု ကြီးကြပ်ရေး ၀န်ထမ်း လက်ထောက် လ၀ကမှူး ဦးထွန်းထွန်းဝင်း နှင့် အဆင့်တူ ဇနီးဖြစ်သူ ဒေါ်ခိုင်သီသီကျော်တို့မှာ အကြောင်း အမျိုးမျိုးပြပြီး ငွေကြေး တောင်းခံ နေကြောင်း ကိုယ်တိုင် ကြုံခဲ့ရသည့် ဒေသခံ ၂ ဦး က ပြောသည်။
မြန်မာ နိုင်ငံမှ တရားဝင် ထုတ်ပေး ထားသော မှတ်ပုံတင်များ ဖြစ်သည့် မူဆယ် ၊ ကွတ်ခိုင် ၊ လားရှိုး ၊ သိန္ဒီ ၊ ကျောက်မဲ နှင့် သီပေါ မှတ်ပုံတင်များ၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ မည်သည့် မှတ်ပုံတင် မဆို ရှမ်းပြည်နယ် တောင်ပိုင်းမှ မှတ်ပုံတင်များ ဖြစ်သည့် တောင်ကြီး ၊ ကွန်ဟိန်း ၊ နမ့်စမ် ၊ လွိုင်လင် မှတ်ပုံ တင်များ ၊ သံလွင် အရှေ့ခြမ်းမှ မိုင်းလား ၊ မိုင်းယောင်း ၊ မိုင်းပေါက် ၊ မိုင်းယန်း ၊ မိုင်းတုံ ၊ မိုင်းဆက် မှတ်ပုံ တင်များကို သိမ်းဆည်း ထား၍ မှတ်ပုံတင်အား ယူဆောင် သွားမည် ဆိုပါက ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးရန် အဖိုးအခ အဖြစ် ကျပ်ငွေ ၅၀၀ အစိုးရ သတ်မှတ် ထားသည်။
ယနေ့ နံနက်က မယ်ဆိုင်မြို့ သို့ ဈေးဝယ်ရန် လာခဲ့သည့် ဒေသခံ အမျိုးသား တစ်ဦးက ဗမာစကား ပြောတတ်တဲ့ ဗမာ လူမျိုး ဆိုရင်တော့ သူတို့  ပုံမှန် အတိုင်း ကျပ်ငွေ ၅၀၀ ပဲ ယူပါတယ် ။ ဒီနယ်က တိုင်းရင်းသား တွေဆိုရင် ထိုင်း ဘတ်ငွေ ၂၀၀ ဘတ် မှ ၅၀၀ ဘတ် အထိ တောင်း ပါတယ်။ မပေးရင် ဖြတ်ကျော်ခွင့် လက်မှတ် လုပ်မပေးဘူး ။ လုပ်ပေးပြန် တော့လည်း ဒီလူတွေမှာ ပါလာတဲ့ မှတ်ပုံ တင်ကို ကိုင်ဆောင်ပြီး ယူသွားခွင့် မပြု ပြန်ဘူး။ မြန်မာပြည်မှာက သိတဲ့ အတိုင်း ပဲလေ၊ မှတ်ပုံတင် တစ်ခု ရဖို့က လွယ်တာမှ မဟုတ်တာ ၊ ကိုယ်နဲ့မကွာယူသွား ချင်တော့လည်း ပေးခဲ့ ရတာပဲဟု ပြောသည်။
မတရား သဖြင့် ကောက်ခံပြီး ငွေမပေးနိုင်ပါက မှတ်ပုံ တင်အား သိမ်းယူ ထားခြင်း နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်မပေး ခြင်း၊ ကြိမ်းမောင်း ပြောဆို၍ ၀န်ထမ်း တစ်ယောက်၏ လုပ်ပိုင်ခွင့် စည်းမျဉ်းအား ကျော်လွန်ပြီး မိမိ ကိုယ်ကျိုး စီးပွား အတွက် တိုင်းရင်းသား ပြည်သူ များအား ဥပဒေ မဲ့စွာဖြင့် ပြုမူ ဆောင်ရွက် ငွေကြေး တောင်းခံ နေခြင်း ဖြစ်ကြောင်း ကိုယ်တွေ့ ကြုံနေရသူများက ပြောဆို ကြသည်။
ကောင်တာ A,B,C,D ရှိသည့် အနက် ပြီးခဲ့သည့် ၁၇.၄.၂၀၁၀ မှ ၃၀.၄.၂၀၁၀ ထိ ယာယီ နယ်စပ် ဖြတ်သန်းခွင့် လက်မှတ် ထုတ်ပေးသော ကောင်တာ (A) တွင် တာဝန် ထမ်းဆောင် နေသော လက်ထောက် လ၀ကမှူး ဒေါ်ခိုင်သီသီကျော် ၏ ကောင်တာ တွင် လက်ထောက် လ၀ကမှုး ဦးထွန်းထွန်းဝင်း သည်လည်း အထက် ဖော်ပြပါ နည်း အတိုင်း တိုင်းရင်းသား များအား မတရားသဖြင့် ငွေကြေးများ ကောက်ခံ နေကြောင်း သိရှိ ရသည်။
ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ က ကိုယ်တိုင် ကြုံခဲ့ရသည့် ကျောက်မဲမြို့ က မနန်းအုန်းက သမီး အမတွေ ရှိတဲ့ မယ်ဆိုင် ဖက်ကို ကူးဖို့ အတွက် နယ်စပ် ဖြတ်ကျော်ခွင့် စာအုပ် လုပ်တော့ ဘတ် ၄၀၀ တောင်း ပါတယ်။ သမီးက မပေး နိုင်လို့ပါလို့ပြောတော့ မရပါဘူးရှင် အမျိုးမျိုးခြိမ်းခြောက်တော့ ကြောက်ကြောက်နဲ့ပဲ  ဘတ် ၂၀၀ ပေးခဲ့ ရပါတယ် ရှင် ၊ အမဆီကို တစ်နေ့ အလည် သွားချင် လို့ လာခဲ့ တာပါ မနက် သွားပြီး ည ပြန်လာ တာပါဟု ပြောသည်။
ကောင်တာ (A) တွင် တာဝန် ထမ်းဆောင် နေသော လက်ထောက် လ၀ကမှုး ခိုင်သီသီကျော် နှင့် လက်ထောက် လ၀ကမှုး ဦးထွန်းထွန်းဝင်း သည် အကြင် လင်မယား ဖြစ်ကြောင်း သိရှိ ရ၍ ထို လ၀ကမှုး ဦးထွန်းထွန်းဝင်း လက်ရှိ တာဝန် ကျနေသော နေရာသည် အမှတ် - ၁ ချစ်ကြည်ရေး တံတား အပေါ် ထိုင်းဘက်က  အ၀င် / ထွက် ဖြစ်ပြီး ၄င်း နှင့် မသက်ဆိုင်သော ယာယီ နယ်စပ် ဖြတ်သန်းခွင့် ကောင်တာ (A) တွင် ငွေကြေးရလိုမှုကို ဦးတည်ပြီး ဇနီး ဖြစ်သူ  
လက်ထောက် လ၀ကမှုး ခိုင်သီသီကျော် နှင့် ပူးပေါင်း၍ မိမိ ကိုယ်ကျိုး စီးပွား အတွက် ဥပဒေမဲ့ မတရား သဖြင့် ငွေကြေးများကို ကောက်ခံ နေကြောင်း တွေ့မြင် သိရှိရ ပါသည်။
လက်ထောက် လ၀ကမှုး ခိုင်သီသီကျော် နှင့် ၄င်း၏ ခင်ပွန်း ဦးထွန်းထွန်းဝင်း သည် ပိုမို ဆိုးဝါး စွာဖြင့်နောက်ထပ် ပြုလုပ်ပုံများကတော့  လက်မှတ် ထုတ်ပေးရာ ကောင်တာ (A) တွင်နယ် စပ်ဖြတ်သန်းခွင့် လက်မှတ် လာလုပ်သော တာချီလိတ် မှတ်ပုံတင် အပါ အ၀င်မည်သည့် နယ်မှ မှတ်ပုံတင် မဆို ကွန်ပြူတာ ထဲတွင် မှတ်တမ်း မရှိသော မှတ်ပုံ တင်များကို ထိုင်းငွေ ၅၀ ဘတ် မှ ၁၀၀ ဘတ် အထိ ထပ်မံ၍ ကောက်ခံ နေသည်။ 
၎င်းတို့၏ ဖြေရှင်း ချက်မှာ ကွန်ပြူတာထဲသို့ စာရင်းသွင်းခ ဟူ၍ လုပ်ပိုင်ခွင့်ကို အကြောင်းပြ ခုတုံး လုပ်၍ မသိ နားမလည်သော တိုင်းရင်းသား များအား မတရားသဖြင့် ငွေကောက်ခံခြင်းကို တွေ့ရှိ နေသည်။ ၄င်း ၀န်ထမ်း နှစ်ဦးသည် တာချီလိတ် ခရိုင် လူဝင်ကြီးကြပ်ရေး ဋ္ဌာနတွင် နှစ်ပေါင်း များစွာ တာဝန် ထမ်းဆောင်နေပြီး ဖြစ်သဖြင့် ဥပဒေကို အကြောင်းပြ ခုတုံးလုပ်ပြီး မည်သို့ ငွေရှာရမည်ကို သိရှိ၍ မသိ နားမလည်သော တိုင်းရင်းသား များအား လ၀က ယူနီဖောင်း ၀တ်၍ ဥပဒေမဲ့ ခြိမ်းခြောက် ငွေတောင်းခြင်း ဖြစ်ကြောင်း ဒေသခံ များက ပြောသည်။
တာချီလိတ်မြို့ မှ နေချင်းပြန် အလုပ် သမားများမှာ တံတားပေါ်မှာ ဖြတ်ကျော်ခ ဘတ် ၄၀ ပေးရသည်။ အဆိုပါ ချစ်ကြည်ရေး တံတားပေါ်မှ နေ့စဉ် လူပေါင်း၂၀၀၀ ကျော်ခန့် ဖြတ်ကျော် နေကြကြောင်း သိရှိ ရသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်