မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 2 June 2013

တစ်ခါတစ်လေ လေးလေးနက်နက်တွေးမိတဲ့ အတွေးတစ်ခု

ကမ္ဘာပေါ်မှာ နိုင်ငံတွေဟာ ကိုယ်နိုင်ငံကာကွယ်ရေးဆိုပီး လက်နက်စက်ရုံတွေတည်ဆောက်၊ စစ်ရေးလေ့ကျင့်မှု
တွေပြုလုပ်... အဲဒီကနေမှတဆင့် စစ်ပွဲးတွေဖြစ်တာတွေ
လည်း အများကြီး.။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ စစ်ရေးအသုံး
စရိတ်ဟာ အကြီးမားဆုံးဖြစ်သလို အဆိုးရွားဆုံး ဆုံးရှုံး
မှု့တွေပါ..။ အဆိုးရွားဆုံး ဆုံးရှုံးမှု့ဆိုတာ စစ်ပစ္စည်းတွေက တန်ဖိုးမြင့်မားတယ်..။ လက်နက်ခဲယမ်းတွေဆိုရင် စစ်တိုက်ရင်ပဲသုံးလို့ရတယ်...။ ခဲယမ်းက ၃ နှစ်အတွင်း 
သုံးဖို့ ထုတ်ထားတယ်ဆိုရင် ၃ နှစ်ပြည့်လို့ မသုံးဖြစ်၇င် အသစ်မွမ်းမံတာ စွန့်ပစ်ရတာတွေလုပ်ရ တယ်။ စစ်ရေးလေ့ကျင့်မှု့တွေလုပ်ရင် လက်နက်မျိုးစုံနဲ့ 
ပစ်ကြ ခတ်ကြ ဒုံးကျည်တွေ လွှတ်ကြ..။ အဲဒါလို ယမ်းတွေကို မြေကြ။ီးပေါ် ပစ်ချလိုက်တော့... အဲဒီလို
အပစ်ခံထားရ တဲ့ မြေကြီးပေါ်မှာ သစ်ပင်လည်းစိုက်ပျိုး
လို့မဖြစ်ဘူး။ အဲလိုဆိုရင် ငါတို့နိုင်ငံက အဲလိုမျိုး စစ်ရေးလေ့ကျင့်မှု့တွေ စစ်လက်နက်စက်ရုံတည်
ဆောက်မှု့တွေ မလုပ်နဲ့ပေါ့လို့ ပြောလို့ လည်း 
မဖြစ်ပြန်ဘူး...။ ကိုယ်အားနည်းရင် သူများက 
ဝင်တီးမှာပဲလေ.။

တဖြည်းဖြည်းနဲ့ အိုဇုန်းလွှာပေါက်ပီး တဲ့နောက်ပိုင်း ကမ္ဘာကြီးကပူနွေးလာ ရေခဲတောင်တွေ အရည်ပျော်ကျ ပင်လယ်ရေက မြင့် တက်.. တစ်ချို့နိုင်ငံတွေ
 မြို့တွေဆိုရင် ပင်လယ်အောက် ကို ရောက်မယ်
လို့တောင် ခန့်မှန်းခံထားရတယ်...။ (ဥပမာ- 
ဘင်္ဂလားဒေ့ရှ်၊ ထိုင်းနိုင်ငံ ဘန်ကောက်မြို့)

တဖြည်းဖြည်းနဲ့ စားဖို့သောက်ဖို့တောင် ကျွန်တော်တို့လူသားတွေအတွက် အဆင်ပြေပါတော့ မလားမသိဘူးးးးးးးးးးးးးး။ စိုက်ပျိုးမြေ 13% မှာ ပင်လယ်အောက်မြုပ်မှာနဲ့ စစ်ရေးလေ့ကျင့်တာ နဲ့... မိုးခေါင်လာလို့ မြေဆီလွှာခန်းခြောက်ပီး စိုက်ပျိုးမရတဲ့ မြေဖြစ်လာတာနဲ့... စဉ်းစားမိရင် 
ကိုယ်သေတွင်း ကိုယ်တူးနေသလားထင်ရတယ်...။ 
ကျွန်တော်တို့ ယနေ့ခတ်လူကြီးတွေ မိန့်ခွန်းပြောလိုက်ရင် နောင်လာနောက်သားတွေ
အတွက်... ကျွန်တော်တို့သားစဉ်မြေးဆက် ဆိုတာ
တွေချည်းပဲ... ပါစပ်ကပဲပြောနေတာ.. လက်တွေကျတော့ ကျွန်တော်တို့အတွက် တကယ်အရေးကြီးတဲ့ သဘာဝ
ပတ်ဝန်းကျင်ကို အခုခေတ်လူကြီးတွေနဲ့ စီးပွားရေး
သမားတွေ ဖျက်ဆီးနေတာ.........။ 

ကျွန်တော်တို့အတွက် ရုပ်ဝတ္တုပစ္စည်းတွေထက် သဘာဝ
တရားက ပိုအရေးကြီးမယ်ထင်တယ်။ နောက်ပီးတော့ စစ်လက်နက်ကိစ္စတွေ ချုပ်ငြိမ်းနိုင်ရင်ကောင်းမယ်....။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်