မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 2 June 2013

ပြည်သူတွေက ပေးတဲ့စာ ကဏ္ဍအတွက် ပေးစာများဖိတ်ခေါ်ခြင်း

Eleven Media Group ၏ The Daily Eleven သတင်းစာတွင် ကြာသပတေးနေ့တိုင်း ဖော်ပြပေးမည့် "ပြည်သူတွေက ပေးတဲ့စာ" ကဏ္ဍအတွက် Eleven Media Group သို့ ပေးစာများ ပေးပို့နိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။ ထိုကဏ္ဍတွင် The Daily Eleven သတင်းစာ၏ အာဘော်များမဟုတ်ဘဲ ပြည်သူများ၏ ရင်ဖွင့်သံများကို ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ သို့သော် ပြည်သူများက ပေးပို့လာသော စာများကို ဖော်ပြရာတွင် အတတ်နိုင်ဆုံး မူရင်းအတိုင်းဖော်ပြသွားမည်ဖြစ်ပြီး မလိုလားအပ်သော ပုဂ္ဂိုလ်ရေးပုတ်ခတ်မှုများ၊ လှုံ့ဆော်မှုများနှင့် ဖော်ပြရန်မသင့်သော ရေးသားမှုများ ပါဝင်ပါက အယ်ဒီတာအဖွဲ့မှ လိုအပ်သလိုတည်းဖြတ်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ The Daily Eleven သတင်းစာ၏ ပေးစာကဏ္ဍအတွက် စာများပေးပို့လိုပါက Email အနေဖြင့် waiphyofirst11@gmail.com နှင့် dr.trhw@gmail.com တို့သို့ ပေးပို့နိုင်ပြီး စာတိုက်မှတဆင့်ပေးပို့လိုပါက အမှတ် ၂၂၊ တောင်မြင်းပြိုင်ကွင်းလမ်း၊ တာမွေကြီး (ခ)ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့နိုင်ပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်