လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တာချီလိတ်မှ ဒုတိယတပ်ဖွဲ့မှူး ဒုတိယရဲမှူး
ရင်ရင်အေး
သည်(၂-၆-၂၀၁၃)ရက်နေ့၊နေ့လည်(၁)နာရီတွင်
မကာဟိုခမ်းရပ်ကွက်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီရုံးတွင်
ရပ်ရွာအခြေပြု လူကုန်ကူးမှုစောင့်ကြည့်ရေး အသိပညာပေးသင်တန်းကိုပြုလုပ်
ခဲ့ပါသည်။
အဆိုပါသင်တန်းတွင် တာချီလိတ်မြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲံ့မှူး
ဒုတိယရဲမှူးကြီး ရင်ရင်အေး
မှ လူကုန်ကူးမှုနှင့်ပတ်သက်သော ရည်ရွယ်ချက် နှင့်ဖြစ်စဉ်သာတကများ၊
နိုင်ငံအတွင်းတစ်နေရာမှ
တ စ်နေရာသို့
ရွှေ့ပြောင်းသွားလာခြင်း၊ နိုင်ငံအသီးသီး တစ်နိုင်ငံမှတစ်နိုင်ငံ သို့
(တရားဝင်/တရားမ၀င်) ရွှေ့ပြောင်းသွားလာခြင်း၊ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာပုံစံများ ၊
လူကုန်ကူးမှုဆိုင်ရာဥပဒေပုဒ်မများနှင့်ပတ်သက်ပြီး
အသေးစိတ်ရှင်းလင်းမှုများပြုလုပ်ခဲ့ရာ သင်တန်း
တက်ရောက်လာသူများက သိလိုသည့်အချက်များနှင့်
မသိနားမလည်သည့် ကိစ္စများကို ပြန်လည်မေး
မြန်းခြင်းများပြုလုပ်ရာ
ဒုတိယရဲမှူးကြီး ရင်ရင်အေး ကပြန်လည်ရှင်းလင်းခြင်းများပြုလုပ်ခဲ့ပြီးသင်တန်း
ကို နေ့လည် ( ၃ )အချိန်တွင်
ရုတ်သိမ်းခဲ့ပါသည်။
အဆိုပါသင်တန်းသို့ လူမှုကူညီရေးအသင်း၊တာချီလိတ်
ရွှေတာချီခရီးသွားလုပ်ငန်းမှ ဒု-တိယဥက္ကဌ
ဦးဘိုစံ၊ ကော်မတီဝင် ဦးကျော်မြင့်၊ ဦးကျော်သန်း၊ ဦးသောင်းထိန်စိုး၊
ရုံးစာရေး ဦးမျိုးမြင့် နှင့်အတူ
ရွှေတာချီခရီးသွားလုပ်ငန်းမှ
ဂိတ်မှူးများ၊ ဒုတိယဂိတ်မှူးများ၊စည်းကမ်းထိန်းခေါင်းဆောင်များအင်အား
(၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။
(သာစည်) မျိုးသန့်
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်