မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 25 June 2013

သူရ ဦးရွှေမန်း၏ ပြည်သူလူထုနှင့် တစ်သားတည်းဖြစ်စေတဲ့  အဖြေ - ဒါ အမှန်ပဲလား ? ? ?


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဌာနချုပ် ၊ နေပြည်တော်တွင် ပြုလုပ်လျှက်ရှိသော ပါတီ ဗဟို ညီလာခံတွင် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံြ့ဖိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းကို ပြည်ထောင်စု နေ့ စဉ် သတင်းစာမှ သတင်းထောက်တစ်ဦး၏ လျှပ်တစ်ပြက် မေးခွန်းကို ပါတီဥက္ကဋ္ဌမှ ဖြေဆိုခဲ့သော အဖြေများ ကို ပြည်ထောင်စုနေ့ စဉ် သတင်းစာမှ ဖေါ်ပြခဲ့ရာ မြန်မာ့နိုင်ငံရေးမှာ နောက်ကြောင်းပြန် မလှည့်ဖို့ ဘယ်သူတွေမှာ တာဝန်အရှိဆုံးလဲဆိုသည့် မေးခွန်း နှင့် ပတ်သက်၍ ပါတီဥက္ကဋ္ဌကြီး မှ နောက်ကြောင်းပြန်အောင် ပြောတဲ့လူ လုပ်တဲ့လူ သူတို့ မှာ တာဝန်ရှိတယ်၊၊ အဲဒီလူကို ချေမှုန်းရမယ်  ဟုဖြေဆိုပြောကြားခဲ့သည်။
ယင်းအဖြေမှာ ပြည်သူအားလုံးလိုလားသည့်အဖြေဖြစ်သောကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုး ရေး ပါတီ အနေဖြင့် ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ပါတီမူဝါဒများ ချမှတ်ဆောင်ရွက်နေပြီလား ဆိုသည့်မေးခွန်းမှာ  မြန်မာပြည်သူများအတွက်  အရေးပါလာသည့် တွေးဆစရာ မေးခွန်းနှင့် ထင်မြင် ချက်အဖြစ် ပေါ်ထွက်လာခဲ့သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီတွင် အမာဂိုဏ်းနှင့်အပျော့ဂိုဏ်းဟူ၍ နှစ်ပိုင်းကွဲနေရာ ပါတီဥက္ကဋ္ဌ မှ ယခုကဲ့သို့  ချေမှုန်းရမယ် ဟု သုံးနှုန်းဖြေဆိုခဲ့သည့်အတွက် No Discuss , No Dialogue , No Negotiate  ဖြစ်သောကြောင့် ပါတီအတွင်းရှိ နိုင်ငံရေးနောက်ကြောင်းပြန်လိုသူများ ကို ပါတီတွင်းသန့် စင်မှု တွေ လုပ်တော့မည်လား ဟူ၍ မေးခွန်းများထွက်ပေါ်လာခဲ့သည်။ ကျွန်းပြန်နိုင်ငံရေးသမားကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီအတွင်း သောင်း နှစ် သောင်း မှာ နောက်ကြောင်း ပြန်လှည့်လိုသည့် စစ်ဗိုလ်ဟောင်းများဖြစ်သည် ဟု သုံးသပ်ပြောဆိုလျှက်ရှိသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်