မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 21 June 2013

မြန်မာဗုဒ္ဓဘာသာထုတစ်ရပ်လုံးကိုယ်စားTimeမဂ္ဂဇင်းသို့ပေးပို့ကန့်ကွက်


မြန်မာဗုဒ္ဓဘာသာထုတစ်ရပ်လုံးကိုယ်

်စားTimeမဂ္ဂဇင်းသို့ပေးပို့ကန့်ကွက်လိုက်သောမိမိရဲ့ကန့်ကွက်လွှာပါ။မိတ်ဆွေတို့နားလည်အောင်(မြန်မာဘာသာပြန်)ထည့်ပေးလိုက်ပါတယ်။
မိတ်ဆွေတို့လည်းကူးပြီးEmailနဲ့ဝိုင်းပို့ကြပါ။ဝိုင်းရှယ်ပေးကြပါ။
http://www.timeincnewsgroupcustompub.com/contact.html

June 21st, 2013, Friday 10:00 pm
The world famous the Time Magazine (Vol 182. no 1. July 1st) is released with cover photo of Venerable Ashin Wirathu (Myanmar) who is one of our Buddhists' three precious jewels: Buddha, Dhama (Buddha's Teachings), Sanga (Monks) by accusing him as a Buddhist terrorist. It described him with the comparison of world destroyer Osama Bin Laden. We strongly objected that magazine and rejected without any exception unanimously.
We admitted that Ashin Wirathu adores his race and religion so much. However, he is not the Buddhist terrorist leader

who jeopardizes the peace in the region. He is not the extremist who destroys the lives, housing, and properties of the people.
We all believe that he is neither the one who instructed to massacre the people of other religions, nor the one who destroyed buildings as radical movements. There is no connection of any co-operation with any drastic actions.
In Buddhist history, our Buddha himself is triumphant against any hostile attacks by showing loving kindness. Similarly, true Sangas (monks) always saved and rescued our race, religion, and country throughout Myanmar history in accordance with loving kindness.
We assumed that the article in the Time Magazine is making people misjudge one religion to another, and is making Buddhism diminished.
Therefore, we Myanmar strongly rejected the Time magazine with the cover photo of Venerable Ashin Wirathu that is released in Asia, Europe, Middle East and Africa.
We strongly request for clarification by the responsible persons of the magazine in accordance with the rules of media conduct.
---On behalf of all Myanmar Buddhists
---ASHIN SANDAZAWTEET(Tharthanarnwe)
---Officer incharge for literature
---HEETTADARA FOUNDATION
---Mon State,MYANMAR.

(မြန်မာဘာသာပြန်)
21, June 2013 သောကြာနေ့
ည ၁၀ နာရီ

Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏
ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များ
အား ကျွန်ုပ်တို့ အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်ပါသည်။

ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ်းခြောက်သော အစွန်းရောက် အကြမ်းဖက်သမား ဗုဒ္ဓဘာသာခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ လူ့အသက် အိုးအိမ်စည်းစိမ်တို့အား ဖျက်ဆီးချေမွသည့် အစွန်းရောက်အကြမ်းဖက် ခေါင်းဆောင်တစ်ဦးမဟုတ်ပါ။ ယနေ့အထိ ဆရာတော်ဦးဝီရသူမှ အခြားအခြားသော ဘာသာဝင်များအား သတ်ဖြတ် စေခိုင်းခြင်း၊ အဆောက်အအုံဖျက်ဆီးခြင်း စသည့်အစွန်းရောက် လုပ်ရပ်များအား စေခိုင်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း
ရှိသူမဟုတ်ဟု ကျွန်ုပ်တို့ဗုဒ္ဓဘာသာဝင်အများစုမှ ယုံကြည်ပါသည်။

မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။

ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များ
ဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။

ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်း
ဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာ
ရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။
---မြန်မာဗုဒ္ဓဘာသာတစ်ရပ်လုံး၏ကိုယ်စား
---အရှင်စန္ဒဇောတိ(သာသနာနွယ်)
---စာပေရေးရာတာဝန်ခံ
---ဟိတဓရဖောင်ဒေးရှင်း
---မွန်ပြည်နယ်၊မြန်မာနိုင်ငံတော်

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်