မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 2 June 2013

တာချီလိတ်မြို့၌ စီမံကိန်းတာဝန်များပေးအပ်

တာချီလိတ်မြို့၌ စီမံကိန်းတာဝန်များပေးအပ်

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို မေလ ၃၁ ရက်နံနက် ၁၀နာရီ က တာချီလိတ်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ပြုလုပ်သည်။



 ရှေးဦးစွာ ခရိုင် အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက စီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရသည့် ရည်ရွယ်ချက်နှင့်စပ်လျဉ်း ပြီး အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိမ်းက ကဏ္ဍအလိုက်ရေးဆွဲထားသော စီမံကိန်းရည်မှန်းချက်များကို ရှင်းလင်းတင်ပြပြီး လိုအပ်ချက်များ အကြံပြုတင်ပြရန် ပြောကြားသည်။



{ခရိုင်စီမံကိန်းဦးစီးမှူး ဦးမင်းသိမ်း}

ဆက်လက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးက မြို့နယ်စီမံကိန်းရည်မှန်းချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးထံ ပေးအပ်သည်။ ထို့နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးက ကဏ္ဍအလိုက်စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင် ရာဌာနများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံ ပေးအပ်ကြောင်းသိရှိရသည်။
သတင်းပေးပို့သူ။      ။ မောင်ဆွေငြိမ်း

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်