မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 22 June 2013

မလေးရှားရောက်မြန်မာတွေထဲမှငွေလိမ်ထားသော



သက်ဆိုင်ရာ လူကြီးများမှ ကျွန်တော် ကျွန်မ တို့ ရဲ့ အခက်အခဲကိုယ် ကူညီ ဖြေရှင်းပေးကြပါလို့ အသနားခံတင်ပြ အပ်ပါတယ်။ ကျွန် တော်တို့ မလေးရှားနိုင်ငံ မှာ သွားရောက် အလုပ်လုပ်ကိုင်ခဲ့သည်မှာ (၆) နှစ် ကျော် ခဲ့ ပါပြီ၊ မြန်မာနိုင်ငံမှ တရား ၀င် သွားရောက်အလုပ်လုပ်ကိုင် ခဲ့ ပြီး အလုပ်လုပ်နေသည့် စက်ရုံမှာ ကျွန်တော်တို့ ရောက်ရှိပြီး (၂)နှစ်ခန့်တွင် စီပွားရေး ကျသဖြင့် စက်ရုံကိုယ် ပိတ်လိုက် ရာ ကျွန် တော်တို့ မြန်မာ အလုပ်သမာ (၄၀) ကျော်ခန့် အလုပ်လက်မဲ့ ဖြစ်ခဲ့ ပါတယ်
ကျွန် တော် တို့ ကတော့ မပြန်ပဲ ပတ်စ်ပိုစ်အရှုံးခံကာ အိုဗာ စတေးဖြင့် အခြား တွင် အလုပ်ရှာ လုပ်ခဲ့ ပါတယ်။ အဲ့ ဒီလို အလုပ်လုပ်နေရင်မှ

လွန် ခဲ့ သည့် ၂ နှစ် ၀န်းကျင်ခန့်က မလေးရှား နိုင်ငံ တွင်၊ တရား မ၀င်နေထိုင် သူများ ကိုယ် (6) P ပြုလုပ်ပြီး သံရုံး မှ စာအုပ်ထုပ်ယူကာ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်များပေးမည်း အစီစဉ်စတင်ခဲ့ သောကြောင့် ကျွန် တော် တို့ တွေ အားလုံးက၊ မလေးရှားနိုင်ငံ၊ကွာလမ်ပူမှာ ရှိသည့် မဟာနန်း လုပ်ငန်းစု သို့ (6)P နှိပ်ပြီး ပတ်စ်ပိုစ် စာအုပ်နှင့် ပါမစ် အပြီး လုပ်ပေးရန် အလုပ်အပ်ခဲ့ ပါသည်။
မြန်မာ နိုင်ငံ ကူးလက်မှတ်အတွက်၊ သံရုံး သွားစရာ မလို ဟုဆိုကာ ရင်းဂစ်မလေးရှား (၈၅၀) ပေးရပါသည်၊ နောက်ဆုံး တော့ (၈၅၀) ပေး ထားပြီး ကျွန် တော် တို့ ကိုယ် တိုင် မြန်မာ သံရုံး တွင် နိုင်ငံကူးလက်မှတ်သွားလျှောက်ရပါသည်။ ထိုသို့ မြန်မာ နိုင်ငံ ကူးလက်မှတ်များ ထုပ်ယူ ပြီး မဟာနန်းမှ အလုပ်လုပ်ခွင့် ပါမစ်ကိုယ် လုပ်ပေးမည် ဟု ဆိုကာ ကျွန် တော်တို့ ထံ မှ ကျသင့်ငွေ ရင်း ဂစ် ( ၄၆၀၀) အား သုံးကြိမ် တိတိ ခွဲသွင်းပေးခဲ့ ပါသည်၊
ထို သို့ ကျသင့်ငွေပေးသွင်း ပြီး ကျွန် တော် ကျွန်မ တို့ စောင် ဆိုင်းခဲ့ သည်မှာ တစ်နှစ်ကျော်ခဲ့ ပါပြီး၊ သူတို့ ထံမှ ဘာ မှ တုန့် ပြန်မှု မရခဲ့ ပါ။ ထို့ ကြောင့် ကျွန် တော် တို့ ငွေနှင့် နိုင်ငံ ကူးလက်မှတ်များကိုယ် ပြန်လည် တောင်းဆိုရာ၊ အကြိမ်ကြိမ် ချိန်ပြီး ပြန်မပေးခဲ့ပါ၊ ကျွန် တော်တို့ ကဲ့ သို့ မြန်မာ နိုင်ငံသား မြောက်မြားစွားသော သူများထဲမှာ လည်း ထို သို့ ငွေများ နိုင်ငံ ကူးလက်မှတ်များ ကိုယ် လိမ်ထားသူ များစွာ ရှိပါသည်၊ ကျွန် တော် တို့ မဟာနန်းကိုယ် ငွေနှင့် နိုင်ငံ ကူး လက်မှတ် သွားတောင်းသော အချိန်တွင် ကျွန် တော် တို့ ကဲ့ သို့ သူများစွာ စောင့် နေတာ ကိုယ် တွေ့ရှိရပါသည်။ ထို့ ကြောင့် ကျွန် တော် တို့ လည်း မြန်မာ သံရုံး သို့ အကြိမ်ကြိမ် တိုင် တန်းခဲ့ ပါသည်၊ထိုသို့ တိုင် တန်း ခဲ့ သော်လည် မြန်မာ သံ ရုံး မှ အရေး.မှု တစုံ တရာမရှိခဲ့ပါ။
အွန် လိုင်ပေါ်မှာ ရှိသေားမီဒီယာ အားလုံးမှ ဒီသတင်းကိုယ်၊ အများ သူငှါ သိအောင် ကူညီ ဖြန့်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ကျွန် တော် တို့ သည် မည်သူ တဦးတယောက်ကိုယ်မှ သိက္ခာချ စော်ကာခြင်း မဟုတ်ပါ။ ကျွန်တော်တို့ ခုလိုဒုက္ခရောက်နေသည့် အချိန်တွင် ကိုယ်လူမျိုး အခြင်းခြင်း ကူညီ ရမည်း အစား ခုလို ဒုက္ခပေး တာကိုယ် ရင်နာမဆုံးလို့ အများပြည်သူ သိအောင်တင်ပြခြင်းသာဖြစ်ပါသည်။
ျREF...သတင်းပေါင်းစုံ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်