မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 29 June 2013

ထိုင်းနိုင်ငံရှိ သတင်းဌာနများနှင့် သတင်းမီဒီယာများမှ ဦးယီဆေးအားဆုတော်ငွေထုတ်ပြန်သည့်ကိစ္စ

 
မပြောမဖြစ်သည့်အခြေအနေရောက်လာပြီဖြစ်၍ ပြောလိုက်ပါတယ် ကျွန်တော်တို့နဲ့နယ်မြေထိစပ်နေ
သော ထိုင်းနိုင်ငံရှိ သတင်းဌာနများနှင့် သတင်းမီဒီယာသမားများမှာ မိမိတို့မြန်မာနိုင်ငံရှိပြည်တွင်းရေး
နှင့် လူတစ်ဦးအရေးအား မဟုတ်မမှန် စွပ်စွဲပြောဆိုနေမှုများသည်အင်မတန်မှအကျည်းတန်ရုပ်ဆိုးကာ
တစ်ဖက်စောင်းနင်းလွန်လွန်းရာကိုရောက်နေပါတယ်၊   ဦးယီဆေး သည်သူ့ကျေးရွာတွင်   အေးအေး
ဆေးဆေး နေထိုင်လျှက်ရှိပြီး ကျေးရွာဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးအပြင်လူမှုရေးကူညီမှုလုပ်ငန်း
များကို တစ်စိုက်မတ်မတ် လုပ်ကိုင်နေသည်ကို မနာလို မနှစ်မျို့သောသူများမှမူးယစ်ဆေးဝါးထုတ်လုပ်
သယ်ဆောင်နေသည့် ခေါင်းဆောင်ဟုသုံးနှုံးပြောဆိုပြီး ဆုငွေအဖြစ်ယခင်ဘတ်()သန်းမှ ယခုဘတ်
()သန်းအထိ တိုးမြှင့်ကာ ဆုငွေအဖြစ်ထုတ်လွှင့်နေခြင်းများသည် သတင်းအခြေအမြစ်မရှိပါ၊ အဲ့ဒီလို
သတင်းထုတ်သည့် သတင်းဌာနများနှင့် သတင်းပေးပို့သူတွေကိုလည်း မိမိတို့အနေဖြင့်ပြန်လည်ကာ
ဆုငွေ ဘတ်(၁၀)သန်းပြန်လည်ထုတ်မယ် ပြန်ချေပမယ်ဆိုရင်ကော အဲ့ဒီလိုပြောတဲ့ ဆိုတဲ့သူတွေခံနိုင်
ရေရှိနိုင်ပါ့မလား သူများကို   မဟုတ်တရုတ်ပြောခဲ့တုံးကလို   ပြုံးပြုံးလေးနေနိုင်ပါမလားလို့   မေးချင်
ပါသေးတယ်ဗျာ။
     ထိုင်းနိုင်ငံ၏ မည်သည့်နေရာမဆို မူးယစ်ဆေးဝါးများဖမ်းဆီးမိတိုင်း မြန်မာနိုင်ငံဖက်ကလာတယ်
ဦးယီဆေး ၏အဆက်အသွယ်များဟုသာ     တသွင်သွင်ပြောဆို နေသည်များဟာလွန်လွန်းပါတယ်၊
လက်လွတ်စပါယ်နိုင်လွန်းပါတယ် ဦးယီဆေး ဟာထိုင်းနိုင်ငံမပြောနှင့် ထိုင်းနှင့်မြန်မာနယ်စပ်သို့ပင်
သွားလာမှုမရှိသည်မှာ နှစ်(၂၀)ခန့်ပင်ရှိလောက်ပါပြီ ဖမ်းဆီးမိသော    မူးယစ်တရားခံများဖြစ်သည့်
အာခါ၊လားဟူ အစရှိသော လူမျိုးတိုင်းသည် အဘယီဆေး ၏တပည့်များမဟုတ်ကြပါ၊     သူ့နေရာ
သူ့ဒေသနှင့် ဦးဆောင်နေသော ခေါင်းဆောင်များရှိတယ် ဆိုတာကော သိကြပါရဲ့လား။
    
    အဘယီဆေး နေထိုင်သည့် နမ့်ပူကျေးရွာသည် နယ်စပ်ဒေသနှင့်ကီလိုမီတာ(၇၀)လောက်ကွာဝေး
လှပါသည်၊ ကျေးရွာအုပ်စုတွင် ပြည်သူဦးရေ (၂၀၀၀)ကျော်နှင့် ပြည်သူ့စစ်(၁၀၀)ကျော်သာရှိပါသည်၊
နယ်စပ်တစ်လျှောက်နှင့်လည်းဝေးကွာလှပါသည် တစ်ဖက်ထိုင်းနိုင်ငံတွင်  ဖမ်းမိလိုက်တိုင်း   အဘ
ယီဆေး ၏တပည့်များဟုသာ သုံးနှုန်းနေသော်လည်း     အထောက်အထား ခိုင်လုံစွာပြသနိုင်ခြင်း ကို
တစ်ကြိမ်တစ်ခါမှ မကြားရပါ၊ မဟုတ်မဟတ်လုပ်ကြံစွပ်စွဲ ပြောဆိုနေသည်ကိုသာ အမြဲကြားသိနေရပါ
တယ်၊ မူးယစ်ဆေးဝါးလုပ်စားသည်မှာ မြန်မာနိုင်ငံဟု ပြောနေပြီးထိုင်းနိုင်ငံတွင်လည်းလုပ်စားနေသည့်
သူများ မပါတော့ဘူးလား၊ မြန်မာနိုင်ငံကိုသာ စွပ်စွဲနေမည့်အစား ထိုင်းနိုင်ငံအတွင်းရှိ မူးယစ်ဆေးဝါး
လုပ်စားနေသူများကို ဖမ်းဆီးခြင်း၊ ဆုငွေထုတ်ခြင်းများ လုပ်နိုင်လျှင် ပိုလို့ကောင်းနိုင်ပါသည်။
               မိမိတို့မြန်မာနိုင်ငံအား နည်းမျိုးစုံဖိအားပေးပြီး မဟုတ်သည့်သတင်းများများထုတ်ပြန်ကာ
အဘယီဆေး အားဖမ်းဆီးနိုင်အောင် ပြောဆိုလွှင့်ထုတ်နေမှုများမှ နိုင်ငံအချင်းချင်း စောင့်ထိန်းရမည့်
စည်းမျဉ်း စည်းကမ်းဘောင် ကျော်လွန်ရာရောက်ပါသည်။
     မိမိတို့နိုင်ငံသည် ကိုယ့်ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် စည်းမျဉ်း စည်းကမ်းနှင့်အညီ အုပ်ချုပ်သည့်နိုင်ငံ
ဖြစ်ပါသည်၊ တစ်ဖက်နိုင်ငံ၏ ပြည်တွင်းရေးနှင့် မည်သည့်တစ်ဦးတစ်ယောက်ကိုမျှ ပုတ်ခတ်စွပ်စွဲမှု
များမပြုလုပ်ကြပါ။
     သတင်းဌာနနှင့် သတင်းမီဒီယာသမားများအနေဖြင့် ရရှိသတင်းအားသေချာစွာစီစစ်ပြီး မှန်ကန်မှု
ရှိမရှိ တိကျခိုင်မာမှုရှိမရှိ စီစစ်ပြီးမှသာ ထုတ်လွှင့်နိုင်ရင် ပို၍ကောင်းပါသည်၊ မိမိတို့သတင်းအမှားများ
ကြောင့် လူတစ်ဦး တစ်ယောက်ထိခိုက် နစ်နာမှုများဖြစ်သွားပါက မကောင်းပါ၊ သတင်းကောင်းသမား
တစ်ယောက်ဖြစ်ပါစေ အတင်းသမားမဖြစ်ပါစေနဲ့လို့ ပြောလိုက်ပါတယ်ဗျာ။

                                                     အဘ ယီဆေး အားလေးစားသော ဒေသခံပြည်သူများ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်