မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 13 June 2013

အမှန်တရားလိုလားသည့် ပြည်သူများ

 
RFA. ၊ သစ်ထူးလွင် ၊ ဦးသိန်းညွှန့် (သင်္ဃန်းကျွန်းမြို့နယ် NDF လွတ်တော်ကိုယ်စားလှယ်အမတ်)နှင့် မြန်မာတစ်နိုင်ငံလုံးမှ သတင်းမီဒီယာများ၊ အမှန်တရားလိုလားသည့် ပြည်သူများသို့ ......
ရန်ကင်းနေအိမ် ( ၁၀၀ ) ကျော်ကို စစ်တပ်ကအတင်းအကြပ်ဝင်သိမ်းသည့်ေ
နရာနှင့်နဲ့ပတ်သက်၍..... မူလအကြောင်းရင်း အမှန်ကိုဖြန့်ဝေခြင်း..... RFA နဲ့ Thithtoolwin ကဖော်ပြထားတဲံဒီသတင်းနဲ့ပတ်သက်ပီး အမှန်တကယ် အဖြစ်ပျက်ကို အခြေခြေမြစ်မြစ်သိလိုသူများနှင့် တစ်နိုင်ငံလုံးမှ ပြည်သူများသို့....... ဒီသတင်းနဲ့ပတ်သက်ပီး အခိုင်အမာ မသိသူတွေကတော့ စစ်တပ်နဲ့ အစိုးရကိုပဲ အပြစ်ပြောကြမှာပါ...ဦးသိန်းညွန့်ကလည်း လူသိများတဲ့ လွတ်တော်အမတ်တစ်ဦးဖြစ်နေတော့ သူဟာအနစ်နာခံ ပြည်သူတွေဘက်ကလိုက်တာပဲလို့ ထင်ကြမှာပါ....အမှန်တကယ်က ဒီနေရာတွေဟာ စစ်အစိုးရလက်ထက်က မတရား သိမ်းဆည်းပီး အငှားချထားတဲ့ နေရာတွေပါ. ဆိုင်ရာပိုင်ရာတွေကို အငှားချပီး လုပ်စားလာတာ နှစ် ၂၀ ကြာပါပီ...အခုအတင်းအကြပ်ဝင်သိမ်းခံရတဲ့သူတွေဟာ မူလပိုင်ရှင်တွေမဟုတ်ပါဘူး...မူလကမတရားသိမ်းဆည်းခံထားရတဲ့ မိကျောင်းကန် အပိုင်း ၁. ၂. ၃ ပြည်သူ ( ၁၀၀၀ ) ကျော် ဆန္ဒပြတောင်းဆိုခဲ့တာ ၃ ကြိမ်ရှိပါပီ..ဦးဆောင်ခဲ့တဲ့..ကုန်ဈေးနှုန်းကျဆင်းရေးအဖွဲ့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုထင်ကျော်နဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်လို့ လတ်တလော ထောင်ဒဏ်ကျခံနေရတဲ့ ဦးစိန်သန်းနဲ့ (အခြား အမည်မသိ) တစ်ဦး အမှတ် (၅၆ ) ရပ်ကွက်၊ ဒဂုံတောင်ပိုင်းသားများအကြောင်းကို စုံစမ်းပီး သတင်းထုတ်လွှင့်ရင် ပိုတိကျပါလိမ့်မယ်.. ဒီအခြေနေတွေကို သတင်းပြည့်စုံအောင် စုံစမ်းပီး မထုတ်လွှင့်တဲ့ အာရက်ဖ်အေ နဲ့ ...တကယ့်မူလပိုင်ရှင်တွေဖြစ်တဲ့ ဆန္ဒပြတောင်းဆိုခဲ့တဲ့ မိကျောင်းကန် ပြည်သူတွေအကျိုးတော့ကို လျစ်လျူရှုပီး ငါ့ကို မဲပေးခဲ့သူ..မဲပေးမဲ့သူတွေဆိုပီး ဘက်လိုက်တဲ့ လွှတ်တော်ကိုယ်စာလှယ်ကြီးကို မေးခွန်းမေးချင်ပါတယ်..အမှန်တကယ် နစ်နာခဲ့တာ အခု ဖယ်ရှာခံရတဲ့ လူ (၁၀၀ ) ကျော်ပဲလား...မူလ ဘိုးဘွားပိုင် မိကျောင်းကန် အပိုင်း ၁.၂.၃. မိသားစုတစ်ထောင်ကျော်..ခန့်မှန်းလူဦးရေ...( ၅၀၀၀ ) ကျော်မပါဘူးလား..အဖြေပေးပါခင်များ.၊ ယခုထောင်ကျခံ ဦးစိန်သန်းရဲ့ ပြောစကားအရ ဒီကိစ္စကို ဆန္ဒပြတောင်ဆိုဖို့ တင်ပြစဉ်က ကိုယ်စားလှယ်တော်ကြီး ဦးသိန်းညွန့်ကိုယ်တိုင် သဘောမတူယုံတင်မက ဆက်လုပ်ရင် အရေးယူခံရမယ်လို့ ပြောခဲ့တာ မှတ်မိပါသေးလား...မူလပိုင်ရှင်တွေအရေးကို လွတ်တော်မရောက်အောင် နှုတ်ပိတ်နေခဲ့တာ သတိရပါသေးလားခင်များ....ဘုန်းကြီးတို့ အဲဒီသိမ်းဆည်းခံနေရာကို လာရောက်စဉ်က ဦးစိန်သန်းကို ဖုန်းဆက်ပီး ခေါ်တာ မှတ်မိပါသေးလား၊ သတင်းမသိဘဲ ရမ်းပီး ဝေဘန်နေတာဟုတ်မဟုတ်...သိလိုရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်..ဒီလို နစ်နာခံခဲ့ရတဲ့ အသိမ်းခံ မူလပိုင်ရှင်တွေထဲမှာ ဘုန်းကြီးကျောင်း ( ၉ )ကျောင်း ပါပါတယ်..အဲဒီအထဲမှာ အခုဒီသတင်းထပ်ဆင့်ရေးသားတဲ့....မိကျောင်းကန်အပိုင်း ၁ က..ရတနာဃရစိန်ပန်းကျောင်းအ၀င်ဖြစ်ပါတယ်ခင်များ....သိမ်းဆည်းခံရစဉ်က တရားဝင်သိမ်တော်ပါ အတင်းအဓမ္မအဖျက်ဆီးခံထားရပါတယ်.( ယခုထိသိမ်မနှုတ်သေး) ..ကျောင်းအဖျက်ဆီးခံထားရပါတယ်...ဘုရားနဲ့ဗောဓိပင် ယခုလက်ရှိကျန်နေပါသေးတယ်...အဲဒီနေရာက စိန်ပန်းကျောင်းဟာ ယခု အမှတ် ( ၅၆ ) ရပ်ကွက်..ဒဂုံမြို့သစ်တောင်ပိုင်းက စိန်ပန်းကျောင်းပါ....ဦးဇင်းက အခုစိန်ပန်းကျောင်းက လက်ရှိ ကျောင်းထိုင်ဘုန်းကြီးပါ.. အသေးစိပ်သိလိုသူများ ၊ သတင်းမီဒီယာများ..ဆက်သွယ်မေးမြန်းနိုင်ပါတယ်..

ဦးကုမုဒ ၊
ပဓာနနာယကဆရာတော်
စိန်ပန်းကျောင်းတိုက်
ပုဂံလမ်း၊ အမှတ် ( ၅၆ ) ရပ်ကွက်..
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ
ဖုန်း ၀၉ ၅၀၂၈၉၂၀၊
Email....lotusflower969@gmail.com
facebook.........Ashin Kumuda Bawdhitahtaung

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်