မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 27 June 2013

မြန်မာ့ဆက်သွယ်ရေးမှာ လုပ်ကိုင်ဆောင်ရွက်ဖို့

 
မြန်မာ့ဆက်သွယ်ရေးမှာ အော်ပရေတာ လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ဖို့
လျောက်ထားတဲ့ ပြည်တွင်း ပြည်ပ ကုမ္ပဏီတွေအနက် တင်ဒါအောင်တဲ့ ကုမ္ပဏီ ၂ခုကြေငြာတာကို ဆက်သွယ်ရေးဥပဒေ ပြဌာန်းပြီးမှ ဆက်ပြီးဆောင်ရွက်ဖို့ ပြည်သူ့လွှတ်တော်ကနေ အစိုးရကို တိုက်တွန်းတာ ရှိပေမယ့် ဇွန်လ ၂၇ ရက် (((ဒီကနေ့ မနက် ၉း၃၀ နာရီအထိ))) သမ္မတ ရုံးက ဘယ်လို အကြောင်းကြားမှုမှ ရှိမလာသေးတာကြောင့် နဂို အစီအစဉ်အတိုင်း တင်ဒါအောင်သူ ကြေငြာသွားဖို့ ရှိတယ်လို့ တင်ဒါခေါ်ယူရေး ကော်မတီ ဥက္ကဌ စီမံ-စီးပွား ဒုဝန်ကြီး ဦးဆက်အောင်က ဒီဗွီဘီကို ပြောပါတယ်။

တင်ဒါတင်ထားတဲ့ ကုမ္ပဏီတွေဟာ အရှေ့တိုင်း ကုမ္ပဏီတွေရော၊ အနောက်တိုင်း ကုမ္ပဏီတွေပါ ပါဝင်နေတဲ့အတွက် အားလုံး အဆင်ပြေနိုင်တဲ့ အချိန်ကို ကြေငြာသွားဖို့ ပြင်ဆင်ထားတယ်လို့ သူက ပြောပါတယ်။ တင်ဒါအောင်သူကို ရွေးချယ်ထားပြီး ဖြစ်သလို ကုမ္ပဏီတွေကို
အရင်အကြောင်းကြားမယ်၊ ပြီးမှ သတင်းထုတ်ပြန်တာ လုပ်မယ်လို့ ဦးဆက်အောင်က ပြောပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်