မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Wednesday 19 June 2013

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင် ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ ပြန်လည်စဉ်းစားရန်၊ ဖြည့်စွက်ရန် ဥပဒေပုဒ်မများ နှင့်…..

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်

ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ ပြန်လည်စဉ်းစားရန်၊ ဖြည့်စွက်ရန် ဥပဒေပုဒ်မများ

နှင့်

လက်တွေ့မဆောင်ရွက်သေးသည့် ဥပဒေပြဌာန်းချက်များ

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)
နိဒါန်း
ယနေ့ကာလဆောင်ရွက်ရန် လုပ်ငန်းများအနက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ပြင်ဆင်သည့်လုပ်ငန်းသည်  အရေးတကြီး ဦးစားပေးဆောင်ရွက်ရမည့်လုပ်ငန်းရပ် ဖြစ်ပါသည်။
သို့အတွက် မြန်မာပြည်အရေးကို စိတ်ဝင်စားသူ၊ မြန်မာပြည်၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင်ကိုယ်တိုင်ကိုယ်ကျပါဝင်နေသူမည်သူမဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို စနစ်တကျ ပြန်လည် သုံးသပ်ရပါလိမ့်မည်။ ပြီးလျှင် ထိုဖွဲ့စည်းပုံအခြေခံဥပဒေကိုဒီမိုကရေစီအနှစ်သာရများသာမက
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်တို့ကိုအပြည့်အဝအာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအဖြစ် ပြင်ဆင်ပြောင်းလဲပစ်ကြရမည်ဖြစ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) ပြန်လည်သုံးသပ်ပြင်ဆင်ရေးဖြစ်စဉ်တွင် တစုံတရာ အခြေပြု ဆွေးနွေးနိုင်ရေးအတွက် မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနှင့် သုံးသပ်ချက်တစ်ရပ်ကို ပြုစုတင်ပြပါသည်။ ထိုသုံးသပ်ချက်တွင် ပယ်ဖျက်ရန်၊ ပြင်ဆင်ရန်၊ ပြန်လည်စဉ်းစားရန်၊ ဖြည့်စွက်ရန်ဥပဒေပုဒ်မများနှင့် လက်တွေ့ မဆောင်ရွက်သေးသည့် ဥပဒေပြဋ္ဌာန်းချက်များဟူ၍ အခန်း(၅)ခန်းခွဲပြီး တင်ပြထားပါသည်။ ပယ်ဖျက်ရန်အခန်းတွင် ဥပဒေပုဒ်မ(၂၃) ခု၊ ပြင်ဆင်ရန်အခန်းတွင် ဥပဒေပုဒ်မ (၁၉)ခု၊ ပြန်လည်စဉ်းစားရန် အခန်းတွင် ဥပဒေပုဒ်မ(၇)ခု၊ ဖြည့်စွက်ရန်အခန်းတွင် ဥပဒေပုဒ်(၅)ခု နှင့် လက်တွေ့ မဆောင်ရွက်သေးသည့် ဥပဒေပြဋ္ဌာန်းချက်များအခန်းတွင် ဥပဒေပုဒ်မ(၅)ခု၊ စုစုပေါင်း ဥပဒေပုဒ်မပေါင်း(၅၉)ခုကို စုစည်းတင်ပြထားပါသည်။
မိမိတို့ပါတီ၏သုံးသပ်တင်ပြချက်သည် ပြည့်စုံနိုင်ဦးမည် မဟုတ်ပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)ကို ပြန်လည်သုံးသပ်ပြင်ဆင်ရေးလုပ်ငန်းစဉ်ကြီးတွင် တစုံတရာအကျိုးပြုနိုင်ရန်သာ ရည်ရွယ်ပါသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပြင်ဆင်ခြင်းလုပ်ငန်းဆိုသည်မှာ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အရပ်ဖက် အဖွဲ့အစည်းများ၊ ဥပဒေပညာရှင်များ၊ တပ်မတော်သားများအပါအဝင် လူမျိုးပေါင်းစုံမြန်မာပြည်သူများက ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည့်လုပ်ငန်းစဉ်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်