မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....
Saturday 1 June 2013
တာချီလိတ်မြို့သို့ ၀မ်တုံကျေးရွာမှ အဘိုးအဘွားများ ဘုရားဖူးအလည်လာရောက်
             ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ကျိုင်းလပ်မြို့နယ်ခွဲ၊ နမ့်ခင်းအုပ်စု၊ ၀မ်တုံကျေးရွာမှ အဘိုး(၂)ဦး နှင့်အဘွား(၁၂)ဦး၊
ပေါင်း(၁၄)ဦးတို့သည် တာချီလိတ်မြို့သို့(၁-၆-၂၀၁၃)ရက်နေ့တွင် ဘုရားဖူးအလည်အဖြစ် လာရောက်ရန်ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း နှင့် ပြည်ခိုင်ဖြိုးပါတီ၏ဖိတ်ကြားချက်အရ
လာရောက်ခဲ့ကြပါသည်။
      အဆိုပါအဘိုး၊အဘွားများကို တာလေမြို့နယ်ခွဲပြည်ခိုင်ဖြိုးပါတီမှကား(၂)စီးဖြင့်တာဝန်ယူခေါ်ဆောင်လာခဲ့ရာပြည်နယ်
လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်မေထွန်း ဦးဆောင်ပြီး ခရိုင်ပါတီကော်မတီဝင်များဖြစ်သည့်ဦးစိုင်းဆွမ်ဝန်း(ခ)ဦးစိုင်းမိုင်၊
ဦးဘိုစံ၊ ဦးလွန်းသူ နှင့်အတူမြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုင်းရွှေထွန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်အခြေခံ
အဖွဲ့များမှ မယ်ယန်းတိုးဂိတ်တွင် သွားရောက်ကြိုဆိုခဲ့ပါသည်။
      ထို့နောက် အဘိုး-အဘွားများအား တာချီလိတ်မြို့၏ အထင်ကရနေရာများဖြစ်သောရွှေတိရုံစေတီ၊ဘိုးဘွားရိပ်သာ၊
နဂါးနှစ်ကောင် ဆရာတော်ကျောင်း၊ ပုံလို့ ဆရာတော်ကျောင်း၊ မဟာမြတ်မုနိ ဆရာတော်ကျောင်းများသ
ို့  ဘုရားဖူး
အလှူအတန်းများပြုလုပ်ခဲ
့ပါသည်။
နေရာများသို့ မရောက်ဖူးသေးသဖြင့် အရမ်းဝမ်းသာရကြောင်း၊ဒီနေ့မှာနတ်ဘုံနတ်နန်းကဲ့သို့ဘုရားစေတီနှင့်ကျောင်းများကို
ဖူ
းတွေ့ရပြီးလှူဒါန်းမှုများပြုလုပ်ရသည့်အတွက် ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း တာဝန်ယူပို့ဆောင်ပေးပါသောလွှတ်တော်ကိုယ်စားလှယ်နှင့် ပြည်ခိုင်ဖြိုးပါတီအဖွဲ့များ အဖွားကဲ့သို့ သက်ရှည်ကျန်းမာပါစေ၊
အများအကျိုး၊ဘာသာ သာသနာအကျိုးများကို စွမ်းဆောင်နိုင်ကြပါစေလို့ အသက်(၉၀)အရွယ်ရှိ အဖွားမက်ထောက်ပင်း၊ မက်ထောက်အွမ် တို့မှ ဆုများအသီးသီးပေးသွားခဲ့ပါသည်။
   အဘိုး၊အဘွားများအားနံနက်စာ၊နေ့လည်စာအပါအ၀င်ခရီးစရိတ်များအားလုံး၏ကုန်ကျမှုများအား ပြည်နယ်လွှတ်တော်
ကိုယ်စားလှယ်ဒေါ်တင်မေထွန်း နှင့်မိသားစုများက အလှူဒါနပြုလုပ်သွားကြောင်းနှင့်အဘိုးအဘွားများသည်နံက်(၈)နာရီတွင်
တာချီလိတ်သို့ရောက်ရှိပြီးနေ့လည
် (၃)နာရီတွင် ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသတင်းရရှိပါသည်။
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်