မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 22 June 2013

ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဖြေဆိုခဲ့သော မိခင် ဖမ်းဆီးခံရ

ပြင်သစ်နိုင်ငံတွင် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဖြေဆိုခဲ့သော မိခင် ဖမ်းဆီးခံရ
Sunday, 23 June 2013

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆယ်ကျော်သက် အရွယ် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဝင်ရောက် ဖြေ ဆိုခဲ့သော အသက် ၅၂ နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် ဂျင်းဘောင်း ဘီတိုနှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်၍ အသက် ၁၉ နှစ်အရွယ်ရှိ သမီးဖြစ်သူ လီတီတီဘာအဖြစ် ဟန်ဆောင်ကာ အင်္ဂလိပ် စာမေးပွဲ ဖြေဆိုရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

အင်္ဂလိပ် စာမေးပွဲ မဖြေခင် နှစ်ရက်က ဒဿနိကဗေဒ စာမေးပွဲ ဖြေစဉ် အချိန်တွင် သမီးဖြစ်သူကို မြင်တွေ့ ဖူးသော စာမေးပွဲ စောင့်သူက ၄င်းအား သတိပြုမိသွားခဲ့သော်လည်း အခြား ကျောင်းသားများကို စိတ်အနှောင့်
အယှက် မဖြစ်လိုသည့်အတွက် စာမေးပွဲခန်းအတွင်းမှ မောင်းထုတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။ 

သို့ရာတွင် သူမ စာမေးပွဲ ဖြေပြီးမှသာ အရပ်ဝတ်ရဲများ စာမေးပွဲ အခန်းပြင်ပ
သို့ ရောက်ရှိလာပြီး စောင့်ဆိုင်းလျက် သူမအား ဖမ်းဆီးခဲ့သည်။ 

အဆိုပါ အမျိုးသမီး၏ အမည်မှာ ကာရိုလိုင်းဒီ ဖြစ်ကြောင်းနှင့် သူမအနေဖြင့် သမီးဖြစ်သူကို ရလဒ်ကောင်းများ ရလိုသည့် ဆန္ဒရှိသည့်အတွက် ယခုကဲ့သို့
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံခဲ့ ကြောင်း ပြင်သစ်မီဒီယာတစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။

သမီးဖြစ်သူသည် တက္ကသိုလ်တက် ရောက်ရန်အတွက် အင်္ဂလိပ် စာမေးပွဲ
အောင်မြင်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

မြ၀တီ ဆီမှကူးယူဖော်ပြပါသည်
---------------------------------------------------------------------------
Posted By မြန်မာ့သတင်းများစုစည်းရာ (MNC)a twat
ပြင်သစ်နိုင်ငံတွင် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဖြေဆိုခဲ့သော မိခင် ဖမ်းဆီးခံရ
Sunday, 23 June 2013

ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဆယ်ကျော်သက် အရွယ် သမီးဖြစ်သူ ကိုယ်စား အင်္ဂလိပ် စာမေးပွဲ ဝင်ရောက် ဖြေ ဆိုခဲ့သော အသက် ၅၂ နှစ်အရွယ်ရှိ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီးသည် ဂျင်းဘောင်း ဘီတိုနှင့် ဘွတ်ဖိနပ်များ ဝတ်ဆင်၍ အသက် ၁၉ နှစ်အရွယ်ရှိ သမီးဖြစ်သူ လီတီတီဘာအဖြစ် ဟန်ဆောင်ကာ အင်္ဂလိပ် စာမေးပွဲ ဖြေဆိုရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
အင်္ဂလိပ် စာမေးပွဲ မဖြေခင် နှစ်ရက်က ဒဿနိကဗေဒ စာမေးပွဲ ဖြေစဉ် အချိန်တွင် သမီးဖြစ်သူကို မြင်တွေ့ ဖူးသော စာမေးပွဲ စောင့်သူက ၄င်းအား သတိပြုမိသွားခဲ့သော်လည်း အခြား ကျောင်းသားများကို စိတ်အနှောင့်
အယှက် မဖြစ်လိုသည့်အတွက် စာမေးပွဲခန်းအတွင်းမှ မောင်းထုတ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
သို့ရာတွင် သူမ စာမေးပွဲ ဖြေပြီးမှသာ အရပ်ဝတ်ရဲများ စာမေးပွဲ အခန်းပြင်ပ
သို့ ရောက်ရှိလာပြီး စောင့်ဆိုင်းလျက် သူမအား ဖမ်းဆီးခဲ့သည်။
အဆိုပါ အမျိုးသမီး၏ အမည်မှာ ကာရိုလိုင်းဒီ ဖြစ်ကြောင်းနှင့် သူမအနေဖြင့် သမီးဖြစ်သူကို ရလဒ်ကောင်းများ ရလိုသည့် ဆန္ဒရှိသည့်အတွက် ယခုကဲ့သို့
ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု ဝန်ခံခဲ့ ကြောင်း ပြင်သစ်မီဒီယာတစ်ခုက သတင်း ထုတ်ပြန်ခဲ့သည်။
သမီးဖြစ်သူသည် တက္ကသိုလ်တက် ရောက်ရန်အတွက် အင်္ဂလိပ် စာမေးပွဲ
အောင်မြင်ရန်လိုအပ်လျက်ရှိကြောင်း သိရသည်။

မြ၀တီ ဆီမှကူးယူဖော်ပြပါသည်

1 မှတ်ချက်ပြုသည်။:

  1. စိတ်ဝင်စားလို့ဖတ်ရှုသွားပါတယ်ဗျာ။
    မလုပ်သင့်တာတွေ လုပ်တယ်နော်...
    ဟိဟိ Bye

    ReplyDelete

အောင်ရဲရင့်