မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 14 June 2013

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင် ဖြည့်စွက်မည်


Friday, June 14 , 2013

မြန်မာနိုင်ငံက လွှတ်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးကို ကန့်သတ်ထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပါအ၀င်
မြန်မာပြည်သူတွေ အတွက် အကျိုးမရှိတဲ့ တည်ဆဲဥပဒေ မှန်သမျှကို လိုအပ်သလို ပြင်ဆင်၊ ပယ်ဖျက်၊ အစားထိုးသွားမှာဖြစ်တယ်လို့ ပြည်သူ
့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောကြားလိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စု ၀ါရှင်တန်ဒီစီမြို့တော် ၀ုဒရိုး ၀ီလဆင် စင်တာ(Woodrow Wilson Center) မှာ မနေ့ညနေက ကျင်းပတဲ့
မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေအပေါ် ပြည်ထောင်စုလွှတ်တော်ရဲ့
အမြင် ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာ

ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကိစ္စမှာ ဖွဲ့စည်းပုံအခြေခံအရ ကန့်သတ်ချက်တွေက စိုးရိမ်စိတ်တွေရှိတယ်ဆိုတာ သိပါတယ်။
ကျွန်တော်တို့ လွှတ်တော်မှာဖွဲ့စည်းပုံအခြေခံဥပဒေကို လေ့လာသုံး
သပ်ပြီး ပြင်ဆင်သင့်တာတွေ ပြင်ဆင်ဖို့အတွက် ကော်မတီ၊ကော်မရှင်
တစ်ရပ်ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံ
ဥပဒေမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချင်တယ်ဆိုရင် ပြင်ဆင်နိုင်ဖို့ ဥပဒေအရပြဌာန်းထားတဲ့ အခွင့်အရေးရှိပါတယ်။ဒါကြောင့် ဖွဲ့စည်းပုံ
အခြေခံဥပဒေသည် ကျွန်တော်တို့နိုင်ငံမှာရှိတဲ့ တစ်ခြားဥပဒေနည်းတူ တည်ဆဲဥပဒေတစ်ရပ်သာ ဖြစ်ပါတယ်။ကျွန်တော်တို့ လွှတ်တော်သည် ဥပဒေတွေကို ပြဌာန်းပေးဖို့ တာဝန်ရှိပါတယ်။'
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြထားတဲ့ သမ္မတရဲ့ အရည်အချင်း၊ အမျိုးသမီးအခွင့်အရေး၊ ရိုဟင်ဂျာအရေး၊ နိုင်ငံသားအခွင့်အရေး၊ လယ်ယာမြေသိမ်းဆည်းခံရမှု၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ စတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ ပရိသတ်တွေရဲ့ မေးမြန်းချက်တွေကိုလည်း သူရဦးရွှေမန်းက ဖြေကြားခဲ့ပါတယ်။
ဒီဆွေးနွေးပွဲကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ NDI အမျိုးသား
ဒီမိုကရက်တစ် အင်စတီကျုနဲ့ ၀ုဒရိုး ၀ီလဆင် စင်တာ- မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနတို့ ပူးတွဲကျင်းပခဲ့တာ ဖြစ်ပြီး၊ အမေရိကန်အစိုးရဌာနဆိုင်ရာအရာရှိတွေ၊ ပုဂ္ဂလိက အန်ဂျီအိုအဖွဲ့
အစည်းတွေက ကိုယ်စားလှယ်တွေအပါအ၀င် မြန်မာ့အရေးစိတ်ဝင်
စားသူတွေ (၁၀၀) ကျော်လောက်တက်ရောက်ခဲ့ပါတယ်။

RFA Burmese

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်